#Local_News
Published 11 October 2024


▪️ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ သန္တာကျွန်းဝိုင်းကြီးရေပြင်တွင် ဆီတင်လှေ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ ၁၁ ရက်နေ့၊ နေ့လယ် ၂နာရီ၅၀မိနစ် အချိန်ခန့်က  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကန်းကြီးကျေးရွာအုပ်စု၊ သန္တာကျွန်းဝိုင်းကြီးရေပြင်တွင် ဆီတင်လှေ မီးလောင်ခဲ့ကြောင်း သိရသည် အဆိုပါ သတင်းရရှိသဖြင့် မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီခွဲ အချိန်တွင်  မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုး များအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times