#World_News
Published 12 October 2024


▪️ ဖလော်ရီဒါမှာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဟာရီကိန်းမုန်တိုင်းကြီး ဝင်ရောက်ပြီးနောက်မှာတော့ ဒေသခံသန်းပေါင်းများစွာ သောကြာနေ့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ခက်ခက်ခဲခဲ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 

▪️ မီလ်တန်နဲ့ ဟယ်လင်းမုန်တိုင်းတို့ကြောင့် ပျက်စီးကျန်ခဲ့တဲ့ အစအနတွေရှင်းလင်းကြပြီး ဓာတ်အားပြန်လည်ရရှိအောင် လုပ်ဆောင်နေကြသလို ရေဝင်ခဲ့တဲ့ အိမ်တွေမှ ရွှံ့များဖယ်ထုတ်နေကြပါတယ်။

 

▪️ မီလ်တန်မုန်တိုင်းကြောင့် ဖလော်ရီဒါ အရှေ့ဘက် ကမ်းခြေမှာ လေဆင်နှာမောင်းများ ဖြစ်ပေါ်ပြီး နေရာအနှံ့ ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၆ ဦးသေဆုံးကာ သန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေရပါတယ်။

 

▪️ ဟယ်လင်းဟာရီကိန်းက ပင်လယ်ကွေ့ကမ်းခြေသို့ ပြီးခဲ့တဲ့လကုန်က ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန် အရှေ့တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ထိုနေရာအများအပြားမှာ အပျက်အစီးများ ရှင်းလင်းနေဆဲဖြစ်ပြီး ပြုပြင်နေကြပါတယ်။

 

▪️ ယခုသီတင်းပတ် ၇၂ နာရီအတွင်းမှာပဲ ဖလော်ရီဒါ ပို့ဆောင်ရေးဌာနက တမ်ပါပင်လယ်အော်အဝနား ပီနယ်လက်စ်ကောင်တီ ကျွန်းများရှိ ၄ သောင်းကုဗကိုက်ကျော် နေရာအကျယ်အဝန်းကနေ အပျက်အစီးတွေကို ဖယ်ရှားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြောသွားပါတယ်။

 

▪️ အလုပ်သမားများက ပျက်ကျနေတဲ့ ဓာတ်ကြိုးတွေနဲ့ ဖုန်းတာဝါတိုင်တွေကို ပြုပြင်နေကြပြီး အစိုးရဌာန အဖွဲ့ဝင်များနဲ့ ဒေသခံများက လွှစက်များဖြင့် လဲကျနေတဲ့ သစ်ပင်များကို ဖြတ်တောက်နေကာ မြို့တလျှောက် လျှံဝင်နေတဲ့ ရေတွေကို သုတ်သင်နေကြပါတယ်။

 

▪️ ဖလော်ရီဒါမှာ ဓာတ်အားပြတ်တောက်တဲ့ အိမ်နဲ့ လုပ်ငန်းအရေအတွက် လျော့ကျလာပြီး အချို့ကတော့ ဓာတ်အားပြန်ရရန် စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

 

▪️ ဖလော်ရီဒါကောင်တီ ၂၃ ခုမှာ နိုင်ငံတော် ကာကွယ်ရေးအဖွဲ့ဝင်ပေါင်း ၆၅၀၀ ကျော် လှုပ်ရှားနေပါတယ်။

 

▪️ သမ္မတဂျိုးဘိုင်ဒင်က အပျက်အစီးလေ့လာဖို့အတွက် တနင်္ဂနွေနေ့မှာ ဖလော်ရီဒါသို့ လာရောက်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

 

▪️ ထိခိုက်တဲ့ နေရာတွေမှာ ထူထောင်ရေးလုပ်ငန်းများ ကြာရှည်စွာ ပြုလုပ်ရဦးမှာဖြစ်ပြီး အိမ်အတော်များများမှာ ရေဆိုးစနစ်တွေ ရေသန့်စနစ်တွေ ပျက်စီးထားတာကြောင့် လူနေလို့ရမှာ မဟုတ်ဘူးလို့ မြို့တော်ဝန် အက်ဒရီယန်ပက်ထရီလာက ABC News ကို ပြောကြားသွားပါတယ်။

 

▪️ ဗုဒ္ဓဟူးနေ့ညနေပိုင်း မီလ်တန်စဝင်လာပြီးနောက် လူပေါင်း ၁၂၀၀ နီးပါးကို ကယ်ဆယ်ထားနိုင်တယ်လို့ ဒီဆန်းတစ်ရုံးမှ ပြောပါတယ်။

 

#Source: Reuters