#World_Health
Published 13 October 2024


▪️ အမေရိကန် FDA မှ မကြာသေးမီက အသိအမှတ်ပြုလိုက်တဲ့ ဆေးပေါင်းစပ်မှုအသစ်ဟာ ယခင်ဆေးတွေထက် အဆုတ်ကင်ဆာအတွက် ၄၀ ရာခိုင်နှုန်းကျော် ပိုမိုထိရောက်မှုရှိကြောင်း ယန်ဆန်ဆေးကုမ္ပဏီကြီးမှ ထောက်ပံ့တဲ့ စမ်းသပ်မှုကြီးမှာ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ အဆုတ်ကင်ဆာကြောင့် တစ်နှစ်ကို လူပေါင်း ၁.၈ သန်းခန့် သေဆုံးနေရပါတယ်။

 

▪️ အသက်ရှင်နှုန်း အလွန်နည်းပါးပြီး အထူးသဖြင့် ရောဂါနောက်ပိုင်းအဆင့်ရောက်တဲ့ လူနာတွေမှာ ပိုဆိုးပါတယ်။

 

▪️ ထိုအခြေအနေရောက်နေတဲ့ လူနာတွေကို အေမီဗန်တာမက်နဲ့ လေဇာတီနစ်တို့ကို ပေါင်းစပ်ပေးခဲ့ရာ ၂၃.၇ လကြာတဲ့တိုင်အောင် အသက်ဆက်ရှင်ခဲ့ပြီး ရောဂါဆက်လက် မဆိုးရွားလာခဲ့ပါဘူး။

 

▪️ သာမန်ကုသမှုဖြစ်တဲ့ အိုဆီမာတီနစ်နဲ့ ကုသတဲ့လူနာတွေကတော့ ပျမ်းမျှ ၁၆.၆ လသာ အသက်ရှင်ခဲ့ပါတယ်။

 

▪️ ယနေ့လို ကင်ဆာသုတေသန အလွန်ထွန်းကားတဲ့ခေတ်မှာ ပိုမိုကောင်းမွန်တဲ့ ကုသနည်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

 

▪️ ယခု ဆေးပေါင်းစပ်နည်းအသစ်က အိုဆီမာတီနစ်ထက် ကင်ဆာကို ပိုမိုကြာရှည်စွာ ထိန်းသိမ်းနိုင်တာ တွေ့ရတာ သိပ်ကောင်းပါတယ်လို့ ယူကေကောလိပ်ဆေးရုံတက္ကသိုလ်မှ စမ်းသပ်ရေးအကြီးအကဲ မာတင်ဖော်စတာက ပြောသွားပါတယ်။

 

▪️ အဆုတ်ကင်ဆာဖြစ်စေတဲ့ ဇီဝဖြစ်စဉ်အကြောင်း နားလည်လာခြင်းက ကုသနည်းတွေ ပေါ်ထွက်လာစေတယ်လို့ ရှင်းပြပါတယ်။

 

▪️ အဆုတ်ကင်ဆာလူနာတွေမှာ အခြားကင်ဆာတွေထက် အသက်ရှင်မှုနှုန်း အလွန်နည်းနေပြီး ဒီလိုစမ်းသပ်မှုရလဒ်မျိုး တွေ့ရတာဟာ တိုးတက်မှုတစ်ခုဖြစ်တယ်လို့ ကင်ဆာအတိုင်ပင်ခံ ရာဖေးလ်ကာလီဖာနိုက ပြောပါတယ်။

 

▪️ ကင်ဆာသုတေသန ထွန်းကားတဲ့ခေတ်မှာ ကင်ဆာအကြောင်း ပိုမိုသိရှိလာခြင်းဖြင့် လူနာတွေ အသက်ရှည်ရှည်ဖြင့် ကင်ဆာကင်းဝေးစွာ နေထိုင်ရမှာဖြစ်တယ်လို့ ယူကေကင်ဆာသုတေသနမှ အန်နာကင်ဆယ်လာက ပြောသွားပါတယ်။



#Source: New York Post