#World_News
Published 12 October 2024


▪️ မြေအောက်ပေ ၅၀ နီးပါးမှာ နှစ်ပေါင်း ၂ ဘီလီယံ သက်တမ်းကြာအောင် မြှုပ်နှံထားတဲ့ ကျောက်တုံးတစ်ခုကနေ သက်တမ်းအရင့်ဆုံး သက်ရှိအဏုဇီဝပိုးမွှားများကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ တွေ့ရှိချက်များအရ အဆိုပါကျောက်တုံးကွဲကြောင်းထဲမှာ သက်တမ်းအရင့်ဆုံး သက်ရှိတွေ နေထိုင်ခဲ့ကြပါတယ်။

 

▪️ တောင်အာဖရိက ဘုရှ်ဗဲလ်အစ်ဂ်နီယပ်စ် ခြံဝင်းမြေအောက်ထဲက တူးဖော်ရရှိခဲ့တာဖြစ်ပြီး ယခင်စံချိန်တင် အဏုဇီဝပိုးမွှားထက် နှစ်ပေါင်း ၁.၉ ဘီလီယံ သက်တမ်းပိုရင့်ပါတယ်။



▪️ ကျွမ်းကျင်သူများက ထိုကနေ ကမ္ဘာမြေကြီးနဲ့ မားစ်ဂြိုဟ်မှာပါ သက်ရှိများ ဆင့်ကဲပြောင်းလဲခြင်း အစောပိုင်းအဆင့်တွေကို နားလည်နိုင်ရန် မျှော်လင့်နေကြပါတယ်။

 

▪️ နှစ်ပေါင်း ၂ ဘီလီယံသက်တမ်းရှိ ကျောက်တုံးတွေမှာ နေထိုင်ခဲ့ကြတယ်ဆိုတာကို မသိခဲ့ကြောင်း၊ အလွန်စိတ်လှုပ်ရှားစရာ တွေ့ရှိမှုဖြစ်ကြောင်း တိုကျိုသိပ္ပံတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ ယိုဟေးဆူဇူကီက ပြောပါတယ်။

 

▪️ အဏုဇီဝပိုးမွှားတွေက သူ့အရှိအတိုင်း အမှန်တကယ် သက်တမ်းရှည်နေတာလား၊ တူးဖော်ဆန်းစစ်ချိန်မှ တွေ့ရတာလားဆိုတာကိုတော့ အကဲဖြတ်ရဦးမှာပါ။
ရှာဖွေရေးနည်းလမ်း ၃ မျိုးကို ပေါင်းစပ်ပြီး လေ့လာခဲ့ကြပါတယ်။

 

▪️ ယင်းတို့နေထိုင်တဲ့ နေရာကြောင့် ကမ္ဘာပေါ်ရှိ အခြားသက်ရှိပုံစံတွေထက် အသက်ပိုရှည်ခဲ့တာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။

 

▪️ ဘုရှ်ဗဲလ်အစ်နီယပ်စ်ခြံဝင်းကြီးဟာ ၄၁၀၀၀ စတုရန်းမိုင်ရှိပြီး သတ္တုရိုင်းများ ကြွယ်ဝရာနေရာ ဖြစ်ကာ ပလတ်တီနမ် တူးဖော်ရရှိသမျှအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းခန့် ထွက်ရှိထားပါတယ်။

 

▪️ မီးတောင်ချော်ရည်များက ကမ္ဘာ့မျက်နှာပြင်အောက် နှစ်ဘီလီယံချီ ကြာလာတဲ့အခါ အေးခဲလာပြီး ၅.၆ မိုင်အထိ ထူထဲပါတယ်။

 

▪️ ထိုထဲက ကွဲကြောင်းတွေထဲမှာ အဏုဇီဝသက်ရှိများ ပေါက်ဖွားလာပြီး ရွှံ့စေးတွေက အပေါက်ဝတွေကို ပိတ်သွားကာ အထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။

 

▪️ ဒါကြောင့် ထိုအဏုဇီဝပိုးမွှားတွေဟာ ပြောင်းလဲမှုမရှိဘဲနဲ့ ဆက်လက်ရှင်သန်ခဲ့ကြမယ်လို့ ယူဆထားပါတယ်။

 

#Source: WION