#Local_News
Published 5 September 2024
▪️ နှစ်နှစ်ခွဲကျော်ကာလကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) တွင် မှတ်ပုံတင်လျှောက်ထားပြီးသည့် ကုမ္ပဏီ ၁၆၀၀ ကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့အထိ နှစ်နှစ်ခွဲကျော် ကာလအတွင်း တရုတ်နိုင်ငံ GACC ၌ မှတ်ပုံတင်သည့် မြန်မာကုမ္ပဏီ ၁၆၀၈ ခုအထိ ရှိ ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရခြင်းဖြစ်သည်။
▪️ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ မြန်မာကုမ္ပဏီများ GACC တွင် မှတ်ပုံတင်နေခြင်းဖြစ်ကာ လက်ရှိအချိန်ထိ စိုက်ပျိုးရေးဦးစီးဌာန မှ ကုမ္ပဏီ ၁၄၄၇ ခု၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီနှင့် စက်ရုံ ၁၃၈ ခု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခုနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခုတို့ မှတ်ပုံတင်ထားခြင်းဖြစ် ကြောင်းသိရသည်။
▪️ အဆိုပါ ကုမ္ပဏီများမှ လျှောက်ထားသည့် မှတ်ပုံတင်လျှောက်လွှာစုစုပေါင်း ၃၂၅၃ ခုအထိ ရှိခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ကုန်များ တင်ပို့ရာတွင် မှတ်ပုံတင်ရမည့် ကုန်စည်အမျိုးအစား၁၈ ခုထဲတွင် အသား၊ ရေထွက်ကုန်၊ နို့ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် သစ်သီးခြောက်များပါဝင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 05 September 2024
▪️ အသံစနစ်စက်တွေ အသုံးပြုပြီး ခွေးတွေစကားပြောနိုင်အောင် လေ့ကျင့်ပေးနေတဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။
▪️ လူအများက ဒီဗီဒီယိုတွေကို ကြည့်ပြီး အံ့ဩကုန်ကြသလို ခွေးတွေနဲ့ တကယ်ပဲ ပြောဆိုနိုင်လားဆိုတာ သိချင်နေကြပါတယ်။
▪️ ကယ်လီဖိုးနီးယား ဆန်ဒီယေဂိုမှ သုတေသီများ ဖော်ပြရာမှာ လူတွေဟာ အသံစက်ခလုတ်တွေ အသုံးပြုပြီး ခွေးတွေကို လေ့ကျင့်တဲ့အခါ အချို့စကားလုံးတွေကို နားလည်နိုင်ပြီး ကိုက်ညီတဲ့ တုန့်ပြန်မှုတွေ ပြုလုပ်တတ်ကြပါတယ်။
▪️ ဒီသုတေသနဟာ မတူညီတဲ့ သတ္တဝါတွေကြား ဆက်သွယ်ပြောဆိုမှုကို လေ့လာတဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ တွဲဖက်ပရော်ဖက်ဆာ ဖက်ဒရစ်ကိုရိုဆာနိုက ပြောပါတယ်။
▪️ လေ့လာချက်အရ ခွေးတွေဟာ သူတို့ပိုင်ရှင်တွေရဲ့ ကိုယ်ဟန်လှုပ်ရှားပုံကို အကဲခတ်ရုံသာမက ပြောလိုက်တဲ့ စကားတွေကိုလည်း နားလည်ဖို့ ကြိုးစားနေပါတယ်။
▪️ ဒါဟာ အရေးကြီးပြီး စကားလုံးတွေက ခွေးတွေအတွက် အရေးပါတဲ့အပြင် တုန့်ပြန်တဲ့သဘောလည်း ပတ်သက်နေပါတယ်လို့ ဆိုပါတယ်။
▪️ ပထမဆုံး စမ်းသပ်မှုမှာ အိမ်မွေးခွေး ၃၀ ကို နိုင်ငံအနှံ့ လည်ပတ်စေပြီး အသံစက်ခလုတ်တွေကို တုန့်ပြန်ပုံတွေကို စမ်းသပ်ခဲ့ပါတယ်။
▪️ ဒုတိယစမ်းသပ်ချက်မှာတော့ ခွေးပိုင်ရှင် ၂၉ ဦးက အိမ်မှာပဲ လမ်းညွှန်ချက်များအတိုင်း စမ်းသပ်ခဲ့ကြပါတယ်။
▪️ ဒီလေ့လာချက်ဟာ အပေါ်ယံသာ ရှိသေးကြောင်း၊ ခွေးတွေက ခလုတ်တွေကို ဘယ်လိုအသုံးပြုကြလဲ၊ ခလုတ်နှိပ်တာတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကိုလည်း နောင်အခါ လေ့လာသွားမှာ ဖြစ်ကြောင်း၊ သူတို့ရဲ့အိမ်မှာပဲ စမ်းသပ်စေတာက ဂေဟစနစ်အရ ပိုမိုနားလည်နိုင်စွမ်းရှိစေရန် ဖြစ်ကြောင်း ပြောသွားပါတယ်။
#Source: WION
#World_Health
Published 05 September 2024
▪️ အိန္ဒိယ ဘာရက်ဘိုင်အိုတက်ခ် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကာလဝမ်းရောဂါ ကာကွယ်ဆေးသောက်ဆေးဟာ နောက်ဆုံးအဆင့် စမ်းသပ်မှု ပြီးမြောက်ခဲ့ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဖြန့်ချိရန် စီစဉ်ထားကြောင်း၊ ရောဂါပျံ့ပွားနေချိန် ကုသမှုနည်းပါးနေချိန်မှာ တစ်နှစ်ကို ဆေးပေါင်းသန်း ၂၀၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း အင်္ဂါနေ့က ပြောပါတယ်။
▪️ ဟေးလ်ချောလ်လို့ အမည်ထားတဲ့ ကာကွယ်ဆေးကို အိန္ဒိယဆေးဝါးကွပ်ကဲရေးက အသိအမှတ်ပြုလိုက်ကာ ယူနီဆက်ဖ်လို အဖွဲ့အစည်းတွေကို ရောင်းချရန်အတွက် WHO အသိအမှတ်ပြုရရှိရန် လျှောက်ထားသွားမယ်လို့ ဘာရက်ဘိုင်အိုတက်ခ်က ပြောပါတယ်။
▪️ ယင်းတို့အနေနဲ့ WHO အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော ကာလဝမ်းကာကွယ်ဆေး ထုတ်လုပ်သူ တောင်ကိုရီးယားမှ ယူဘိုင်အိုလော့ဂျစ်ကုမ္ပဏီနဲ့ ယှဉ်ပြိုင်သွားရဖွယ် ရှိပါတယ်။
▪️ "အရင်ဆုံး အခြေအနေ ဆိုးရွားနေတဲ့ အာဖရိကတိုက်ကို ကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ အာဖရိကနိုင်ငံ တစ်ခုခုက ဒီကကုန်ကြမ်းယူပြီး အဲဒီမှာ နောက်ဆုံးပိတ် ထုတ်လုပ်ချင်တယ်ဆိုရင် ခွင့်ပြုသွားမှာပါ" လို့ ပြောပါတယ်။
▪️ ဘာရက်ဘိုင်အိုတက်ခ်က ဟိုက်ဒရာဘက်ဒ်စက်ရုံကနေ နှစ်စဉ် ကာကွယ်ဆေး ၄၅ သန်းကို စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်စက်ရုံတစ်ခုကနေ သန်း ၂၀၀ အထိ ထုတ်လုပ်သွားဖို့ကို ခွင့်ပြုချက် စောင့်ဆိုင်းနေပါတယ်။
▪️ ဟေးလ်ချောလ်ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် စက်ရုံတွေမှာ ဒေါ်လာသန်း ၁၀၀ အကုန်အကျခံခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
▪️ နောက်ဆုံးစမ်းသပ်အဆင့်မှာ အိန္ဒိယမှ စမ်းသပ်ပါဝင်သူ ၃၆၀၀ ခန့်ရှိခဲ့ပြီး ကာကွယ်ဆေးက ဘေးကင်းစိတ်ချရကာ လက်ရှိ ပါးစပ်မှပေးရတဲ့ ကာကွယ်ဆေးတွေထက် မနိမ့်ကျကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ WHO ရဲ့ အရည်အသွေးမီဖို့ဆိုရင် ထိရောက်မှု၊ စိတ်ချရမှု၊ ထုတ်လုပ်မှုပုံစံများ အထောက်အထားတွေအပေါ် မူတည်ပါတယ်။
▪️ ယခုနှစ် ပထမဆုံး ၆ လအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၂၄၉၇၉၃ ရှိခဲ့ပြီး ၂၁၃၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
▪️ ဒီအတွက် WHO က သောက်ဆေးကာကွယ်ဆေးပေါင်း ၁၀၂ သန်းထုတ်လုပ်ဖို့ကို တောင်းဆိုလာပါတယ်။
▪️ တစ်နှစ်ကို ကာကွယ်ဆေး သန်း ၄၀ ခန့် ပြတ်လပ်နေကာ ဒီအတွက် ဟေးလ်ချောလ်ကို ထုတ်လုပ်တာဖြစ်တယ်လို့ ဘာရက်ဘိုင်အိုတက်ခ်က ပြောပါတယ်။
▪️ စင်္ကာပူ ဟေးလ်မန်ဓာတ်ခွဲခန်းကုမ္ပဏီ လိုင်စင်ခွင့်ပြုချက်ဖြင့် ဒီကာကွယ်ဆေးကို ထုတ်လုပ်တာဖြစ်ပြီး ၁၄ ရက်ခြားဖြင့် နှစ်ကြိမ်သောက်ရမှာဖြစ်ပါတယ်။
#Source: Reuters
ဓားစာခံလွတ်မြောက်ရေးကိစ္စ မလုပ်ဆောင်နိုင်ခဲ့သည့် အစ္စရေးလ်အစိုးရအား ပြည်သူအမြောက်အများဆန္ဒပြ
ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံများ ဘေးကင်းစွာ လွတ်မြောက်ရေးကို မလုပ်ဆောင်နိုင်ခဲ့တဲ့ အစ္စရေးလ်အစိုးရကို ဝေဖန်ဖို့အတွက် တနင်္ဂနွေနေ့က ပြည်သူအများ စုဝေးခဲ့ကြပါတယ်။
#World_News
Published 04 September 2024
#ဓားစာခံလွတ်မြောက်ရေးကိစ္စ #ပြည်သူများဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 04 September 2024
၁။ 'အာရှယူ-၂၀ ခြေစစ်ပွဲ'ကန်ရန် မြန်မာ့လက်ရွေးစင်ယူ-၂၀အသင်းထိုင်း၌ခြေစမ်းပွဲ(၃)ပွဲကန်မည်
၂။ စက်သုံးဆီ မှောင်ခိုဈေးကွက်မဖြစ်ရန် စမတ်ကတ်ဖြင့်ရောင်းချပေးရန်စီစဉ်နေ
၃။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံမည်
၄။ ဓားစာခံလွတ်မြောက်ရေးကိစ္စ မလုပ်ဆောင်နိုင်ခဲ့သည့် အစ္စရေးလ်အစိုးရအား ပြည်သူအမြောက်အများဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပူတာအိုသို့လမ်းတွေပြန်ပွင့်လာသော်လည်း ခရီးသွားတွေမလာနိုင်သေးသလို ကုန်ဈေးနှုန်းတွေလည်းပြန်မကျသေးဘူးလို့ သိရပါတယ်။
#Local_News
Published 04 September 2024
#ပူတာအို #ခရီးသွားများမလာ
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် သာလေးကျေးရွာအုပ်စု နမ့်ဟူးရွာရှိ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးဒေသ ၂၁ ဌာနသို့လာမယ့်အောက်တိုဘာလအတွင်းမှာ ဒေသစာရီကြွချီအပူဇော်ခံသွားမယ်လို့ သိရပါတယ်။
#Local_News
Published 04 September 2024
#အင်းလေးဖောင်တော်ဦး #ဒေသစာရီကြွချီအပူဇော်ခံ
#YMG/NN #Yangon_Times
စက်သုံးဆီ လိုအပ်တာထက်အကြိမ်ကြိမ်ဝယ်ယူပြီး မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေဖို့ စက်သုံးဆီအရောင်းဆိုင်တွေကနေ ဝယ်ယူသူတွေစမတ်ကတ်နဲ့ ဆီရောင်းချပေးဖို့ စီစဉ်နေတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
#Local_News
Published 04 September 2024
#မှောင်ခိုဈေးကွက်မဖြစ်ရန် #စမတ်ကတ်ဖြင့်ရောင်းချ
#YMG/NN #Yangon_Times
မြန်မာ့လက်ရွေးစင်ယူ-၂၀အသင်း ဟာ 'အာရှယူ-၂၀ ခြေစစ်ပွဲ'ကန်ဖို့ ထိုင်းမှာခြေစမ်းပွဲ (၃)ပွဲ ကန်ဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 04 September 2024
#မြန်မာ့လက်ရွေးစင်ယူ-၂၀ #ထိုင်း၌ခြေစမ်းပွဲ(၃)ပွဲကန်
#YMG/tthl #Yangon_Times
#Local_News
Published 4 September 2024
မြန်မာနိုင်ငံမှလိုအပ်သည့် ဆေးဝါးပစ္စည်းများကိုပြည်ပနိုင်ငံများမှ တင်သွင်းလျှက်ရှိရာ ပင်လယ်ရေကြောင်းမှ အဓိကတင်သွင်းလျှက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်သွင်းရာတွင် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဘရာဇီး၊ ဩစတြေးလျ၊ အာဂျင်တီးနား၊ ဆိုက်ပရက်စ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ကာ ဩဂုတ်လ ၁ ရက်မှ ၂၃ ရက်အထိ သုံးပတ်ကျော်အတွင်းပင်လယ်ရေကြောင်းမှ ဒေါ်လာ ၄၆ ဒသမ ၈၈၀ သန်းရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၇၀၀ ကိုတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နယ်စပ်မှတင်သွင်းမှုတွင် ထိုင်းနိုင်ငံမှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ဒေါ်လာ ၀ ဒသမ ၂၈၆ သန်းရှိ ဆေးဝါးပစ္စည်းများတန်ချိန် ၂၀ ကိုတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 September 2024
▪️ ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာများအတွက်အမြတ်ဝေစုများအား ယခုရက်ပိုင်းအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဩဂုတ် ၂၃ရက်နေ့တွင် ကျင်းပ သည့် (၅/၂၀၂၃-၂၀၂၄) ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု (Dividend) ၂၀၀ ကျပ်နှုန်း ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့မှ စတင်၍ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ရာ ဩဂုတ် (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှလည်း အစုရှယ်ယာရှင်များထံ အသိပေးကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅)ရက် (YSX Record Date) ရှိ အစုရှယ်ယာရှင်စာရင်းအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစု (Dividend) ခံစားခွင့်ရှိသော အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုများကို ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားသော အစုရှယ်ယာရှင်များ ၊ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားသော အစုရှယ်ယာရှင်များအတွက် အစုရှယ်ယာရှင်များ စာရင်းဖွင့်လှစ်ထားသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ဘဏ်အကောင့်များသို့ တိုက်ရိုက်လွှဲပြောင်းပေးမည် ဖြစ်သည်။
▪️ အဆိုပါအစုရှယ်ယာရှင်များ ၀ယ်ယူထားသော 3rd Right Issue ရှယ်ယာများ DEMAT မလုပ်ရသေးပါကလည်း အဆိုပါ ရှယ်ယာများအတွက် ရရှိမည့် အမြတ်ဝေစုများကိုပါ တပေါင်းတည်း လွှဲပြောင်းပေးသွားမည် ဖြစ်သည်။
▪️ ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားခြင်းမရှိသော အစုရှယ်ယာရှင်များ ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားခြင်းမရှိသေးသော အစုရှယ်ယာရှင်များအနေဖြင့် အမြတ်ဝေစုထုတ်ပေးရန် အောက်ပါအချက်အလက်များ အပြည်အစုံကို ထင်ရှားစွာ ဓါတ်ပုံရိုက်၍ အစုရှယ်ယာရှင်၏ အီးမေး(သို့မဟုတ်)ဖုန်း Viber ဖြင့် MAEX ရှယ်ယာဌာနEmail
▪️ ယင်းအပြင် အစုရှယ်ယာရှင်ပိုင်ဆိုင်မှတ်တမ်း Share Certificate (ရှေ့/နောက်) ၊ အစုရှယ်ယာရှင်၏ မှတ်ပုံတင် (ရှေ့/နောက်)၊ အမြတ်ဝေစုလွှဲပေးမည့် ဘဏ်စာရင်း(သို့) Pay နံပါတ်/အမည် အစုရှယ်ယာရှင်များ ပေးပို့သော ဘဏ်စာရင်းအမှတ် (သို့) Pay နံပါတ်သို့သာ အမြတ်ဝေစုများ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း၊ အစုရှယ်ယာအနည်းစုပိုင်ဆိုင်သည့် အစုရှင်များအဆင်ပြေစေရန်အတွက် အစုရှယ်ယာ ၁ စု မှ ၁ဝဝဝဝ စုထိ ပိုင်ဆိုင်သော အစုရှယ်ယာရှင်များအနေဖြင့် ငွေသားထုတ်ယူလိုပါက MAEX ရုံးချုပ်တွင်လည်း ရှယ်ယာရှင်ပိုင်ဆိုင်မှု မှတ်တမ်း Share Certificate (မူရင်းနှင့် မိတ္တူ)၊ အစုရှယ်ယာရှင်၏ မှတ်ပုံတင် (မူရင်းနှင့် မိတ္တူ) တို့နှင့်အတူ ရုံးချိန်အတွင်း အစုရှယ်ယာရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 04 September 2024
▪️ လက်နက်ထုတ်လုပ်ရေး တာဝန်ရှိသူ ယူကရိန်းဝန်ကြီးဟာ အခြားကာကွယ်ရေး ကဏ္ဍမှာ ပါဝင်ဖို့အတွက် အင်္ဂါနေ့က ရာထူးမှ နုတ်ထွက်ခဲ့သလို ရုရှားနဲ့စစ်ပွဲ အရေးကြီးတဲ့အချိန်မှာ အစိုးရနေရာ ပြန်လည်ဖွဲ့စည်းမှုအတွင်း အခြားဝန်ကြီး ၄ ဦးဟာလည်း အနားယူခဲ့ပါတယ်။
▪️ ယခုနှစ် အစောပိုင်းက ရာထူးမှထုတ်ပယ်ခဲ့ကြပြီးနောက် ဗျူဟာမြောက် စက်မှုဝန်ကြီး အိုလက်ဆန်ဒါကာမီရှင်၊ လက်ထောက်ဝန်ကြီးချုပ် အိုလာစတီဖာနီရှီနာ၊ တရားရေးဝန်ကြီး၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ ပြန်လည်နေရာချထားရေးဝန်ကြီးတို့ နုတ်ထွက်ကုန်ကြကာ ဝန်ကြီးအဖွဲ့ရဲ့ ၃ ပုံ ၁ ပုံကျော် လစ်လပ်သွားပါတယ်။
▪️ ယခုလအတွင်း သမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီ အမေရိကန်သို့ မသွားရောက်ခင်မှာ ဒီနေရာတွေကို ဖြည့်ဆည်းသွားမှာဖြစ်ပါတယ်။
▪️ "ဆောင်းဦးအချိန်က ယူကရိန်းအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်ုပ်တို့အားလုံး အလိုရှိတဲ့အရာတွေ ရယူနိုင်ဖို့ တိုင်းပြည်ရေးရာ အဖွဲ့အစည်းတွေ ဖွဲ့စည်းသင့်ပါတယ်" လို့ ဇယ်လန်စကီက မိန့်ခွန်းပြောသွားပါတယ်။
▪️ ဒီအတွက် အစိုးရအဖွဲ့ အချို့နေရာတွေကို အားဖြည့်တင်းပြီး ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ သမ္မတရုံးအတွင်းမှာလည်း ပြောင်းလဲမှုတွေ ရှိမှာဖြစ်ကြောင်း ပြောပါတယ်။
▪️ ဒါ့အပြင် စီးပွားရေးအပိုင်းမှာ ထမ်းဆောင်နေတဲ့ လက်ထောက် ကာကွယ်ရေးဦးစီးချုပ်တွေထဲက ရိုစတီစလက်ဗ်ရှာမာကိုလည်း ထုတ်ပယ်လိုက်ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်မှာ ထုတ်ပြန်တဲ့ အမိန့်တစ်ရပ်အရ သိရပါတယ်။
▪️ ဇယ်လန်စကီပါတီအဖွဲ့မှ အကြီးတန်းလွှတ်တော်အမတ် ဒေးဗစ်အာရက်ခါမီယာက ဝန်ကြီးတဝက်ကျော်လောက် ပြောင်းလဲနိုင်ကာ အစိုးရပြန်လည်ဖွဲ့စည်းမှုကြီး ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။
▪️ မနက်ဖြန်ဟာ ရာထူးတွေကနေ ထုတ်ပယ်မယ့်နေ့ဖြစ်ပြီး နောက်တစ်နေ့ကတော့ ရာထူးခန့်အပ်မယ့်နေ့ ဖြစ်လာမှာပါ။
▪️ ဥရောပသမဂ္ဂနဲ့ နေတိုးမဟာမိတ်အဖွဲ့တို့မှာ ယူကရိန်းပူးပေါင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ စတီဖာနီရှီနာကို တာဝန်ပိုကြီးတဲ့ ဝန်ကြီးဌာနအကြီးအကဲအဖြစ် တွေ့ရနိုင်ပြီး သူမရဲ့ တာဝန်ဟောင်းနဲ့ တရားရေးဝန်ကြီးဌာနတို့ရဲ့ကဏ္ဍတို့ကို ပူးတွဲလုပ်ကိုင်ရဖွယ်ရှိပါတယ်။
▪️ ကာမီရှင်ကတော့ ယူကရိန်းထက် အင်အားများစွာသာလွန်တဲ့ ရုရှားနဲ့ တိုက်ခိုက်ဖို့ ဒရုန်းတွေ၊ တာဝေးပစ်ဒုံးကျည်တွေ အပါအဝင် ကာကွယ်ရေးလက်နက် ထုတ်လုပ်မှုမှန်သမျှ တိုးမြှင့်ရာမှာ ဦးဆောင်လုပ်ကိုင်နေပါတယ်။
▪️ အစိုးရအဖွဲ့မှာ တက်သစ်စအဖြစ် သတ်မှတ်ခံထားရတဲ့ အသက် ၄၀ အရွယ် ကာမီရှင်က ကာကွယ်ရေးကဏ္ဍမှာ ဆက်လက်လုပ်ကိုင်မှာ ဖြစ်ပေမယ့် ကဏ္ဍကွဲပြားသွားတယ်လို့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
▪️ ကာကွယ်ရေးလက်နက် ထုတ်လုပ်မှုပိုင်းမှာ ကာမီရှင် ဦးဆောင်လာပြီးနောက် ယူကရိန်းဟာ တာဝေးပစ်ဒရုန်းတွေ ထောင်နဲ့ချီ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
▪️ ဥပဒေပြုအမတ်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေဟာ အစိုးရအဖွဲ့အတွင်း အဓိကပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
▪️ ယခုနှစ်အစောပိုင်းက ဝန်ကြီးတွေ ရာထူးမှ နုတ်ထွက် ထုတ်ပယ်သူတွေ ရှိခဲ့ပြီး အနည်းဆုံးကဏ္ဍ ၅ ခုလောက် လစ်လပ်နေခဲ့ပါတယ်။
#Source: Reuters
Page 698 of 2085