#World_Health
Published 16 October 2024


▪️ ၂၀၂၃ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး ဖော်ပြချက်အရ လူတွေဟာ အိပ်ဆေးနဲ့ စိတ်ကျရောဂါထိန်း ဆေးဝါးများ အသုံးများလာခြင်း၊ အဝလွန်ခြင်း ဆေးလိပ်သောက်ခြင်း အဖြစ်များလာခြင်း၊ ရင်သားကင်ဆာ စစ်ဆေးမှု လျော့နည်းလာခြင်းတို့ တွေ့ရှိလာရပါတယ်။



▪️ အစ္စရေးလ်မှာဆိုရင် ဖြစ်ပွားနေတဲ့ စစ်ကြောင့် စိတ်ကျန်းမာရေး အခြေအနေကိုလည်း သက်ရောက်နေပါတယ်။

 

▪️ အထူးသဖြင့် တဲလ်အေဗစ်နဲ့ ရာမတ်ဂန်တို့လို့ မြို့ကြီးတွေမှာ အဖြစ်များလာကြပြီး အထက်တန်းစား လူတန်းစားများမှာ အိပ်ဆေး၊ စိတ်ကျသက်သာဆေးများ ပိုမိုအသုံးပြုလာရပါတယ်။

 

▪️ ၂၀၂၃ အတွင်း အသက် ၁၄ နှစ်မှ ၁၅ နှစ်ကြား လူငယ်တွေမှာ အဝလွန်မှုနှုန်းက ၁၂.၈ ကနေ ၁၃.၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

 

▪️ အစ္စရေးလ်လူကြီးတွေမှာလည်း လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က အဝလွန်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

 

▪️ ဒါ့အပြင် ဆီးချိုဖြစ်ပွားနှုန်းလည်း မြင့်တက်လာကာ အသက်အန္တရာယ်ပါ ပိုများလာပါတယ်။

 

▪️ ဆေးလိပ်သောက်နှုန်းကလည်း ၂၀၂၁ ကထက်စာရင် ၀.၁ ရာခိုင်နှုန်း ပိုများလာကာ အခြေအနေမြင့် အမျိုးသားများထက် အခြေခံလူတန်းစား အမျိုးသားများက ဆေးလိပ်သောက်နှုန်း နှစ်ဆလောက် ပိုများပါတယ်။

 

▪️ အမျိုးသမီးတွေမှာတော့ ပြောင်းပြန်ဖြစ်နေပြီး လူမှုအဆင့်အတန်း မြင့်မားသူတွေက ဆေးလိပ်သောက်နှုန်း ပိုများနေပါတယ်။

 

▪️ ရင်သားကင်ဆာ စစ်ဆေးမှုကလည်း ၂၀၂၃ မှာ ၇၀.၅ ရာခိုင်နှုန်းသာ ရှိခဲ့ကာ ၂၀၂၂ တုန်းက ၇၁.၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

 

▪️ အထူးသဖြင့် လူမှုအဆင့်အတန်းနိမ့်ပါးတဲ့ အမျိုးသမီးတွေမှာ ၆၃.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

 

▪️ ပဋိဇီဝပိုးသတ်ဆေး အသုံးပြုမှုက လူ ၁၀၀၀ မှာ ၇၅၄ ကြိမ် ဆေးညွှန်းခဲ့ရကာ ၂၀၂၁ ခုနှစ်က ၆၇၄ သာ ရှိခဲ့ပါတယ်။

 

▪️ သက်ကြီးရွယ်အိုတွေကြား တုပ်ကွေးကာကွယ်ဆေး ထိုးနှုန်းကတော့ သိသိသာသာ ကျဆင်းလာကာ ၂၀၂၃ မှာ အသက် ၆၅ နှစ်အထက် ကာကွယ်ဆေးထိုးနှုန်းက ၅၄.၁ ရာခိုင်နှုန်းသာ ရှိပါတယ်။

 

▪️ ဒီလိုတွေ့ရှိချက်တွေဟာ စစ်ပွဲဖြစ်ပွားခြင်းရဲ့ သက်ရောက်မှုတွေဖြစ်ကြောင်း၊ ၂၀၂၄ မှာ ပြည်သူ့ကျန်းမာရေးစနစ် ပိုမိုထိခိုက်နိုင်ဖွယ်ရှိကြောင်း အမျိုးသားကျန်းမာရေး မူဝါဒဆိုင်ရာ အဖွဲ့အစည်းဥက္ကဌ ပရော်ဖက်ဆာ နက်ခ်မန်းအက်ရှ်က ပြောသွားပါတယ်။

 

#Source: The Jerusalem Post