#World_Health
Published 16 October 2024


▪️ တိကျတဲ့ သွေးပေါင်ချိန်တိုင်းတာမှု ရရှိဖို့ဆိုတာ တိုင်းတာတဲ့ ပုံစံအနေအထားပေါ် မူတည်ပြီး အများစုက လွဲမှားနေကြတယ်လို့ ဂျွန်ဟော့ပ်ကင်းစ်ဆေးဘက်ဆိုင်ရာမှ သုတေသီများ ဆိုပါတယ်။

 

▪️ သုတေသီများက လူ ၁၃၃ ယောက်ရဲ့ လက်တွေကို ပေါင်ပေါ်ထားခြင်း၊ စားပွဲပေါ်တင်ခြင်း၊ ဘေးမှာလက်ချထားခြင်း ပုံစံ ၃ မျိုးဖြင့် သွေးပေါင်ချိန်များ တိုင်းတာပြီး နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

▪️ အချို့သော ပုံစံဖြင့်တိုင်းတာခြင်းက အပေါ်သွေး ပိုများစေတယ်လို့ တွေ့ရှိထားကြပါတယ်။

 

▪️ လက်ကိုဘေးမှာချပြီး တိုင်းတာတဲ့အခါ အပေါ်သွေး ၆.၅ မှတ်၊ အောက်သွေး ၄.၄ မှတ် ပိုများစေတယ်လို့ တွေ့ခဲ့ကြပါတယ်။

 

▪️ လက်ကို မ'ထားပေးတဲ့ ပုံစံမှာတော့ အပေါ်သွေး ၃.၉ မှတ်၊ အောက်သွေး ၄ မှတ် ပိုများခဲ့ပါတယ်။

 

▪️ သွေးပေါင်ချိန်ရလဒ် မှားယွင်းတာတွေကြောင့် သွေးတိုးရောဂါအထင်နဲ့ မလိုလားအပ်တဲ့ ဆေးဝါးတွေ သောက်မိပြီး ဘေးထွက်ဆိုးကျိုး ဖြစ်မှာကို ဒေါက်တာ တမ်မီဘရက်ဒီက စိုးရိမ်နေပါတယ်။

 

▪️ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနရဲ့ ခန့်မှန်းချက်အရ အမေရိကန်မှာ သွေးပေါင်ချိန်ထိန်းဆေး အသုံးပြုနေရသူ ၆၁.၉ သန်းခန့် ရှိနေပါတယ်။

 

▪️ အမေရိကန် နှလုံးအဖွဲ့အစည်းမှ အကြံပြုချက်ကတော့ ကြမ်းပြင်မှာ ခြေဖျားချ၊ ကျောမှာအမှီထား၊ လက်တွေကို တစ်ခုခုပေါ်တင်ထားကာ နှလုံးအလယ်နဲ့ တတန်းတည်း အနေအထားမှာ သွေးပေါင်ချိန်တိုင်း လက်ပတ်ကို ပတ်ရမှာ ဖြစ်ပါတယ်။

 

▪️ မတိုင်းတာခင် မိနစ် ၃၀ ခန့်အလိုမှာ ဆေးလိပ်၊ ကော်ဖီ၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ ရှောင်ရှားဖို့လည်း တိုက်တွန်းပါတယ်။

 

▪️ အပေါ်သွေး ၁၂၀ အောက်၊ အောက်သွေး ၈၀ အောက်ဆိုရင် သွေးပေါင်ချိန်ပုံမှန်လို့ သတ်မှတ်ပါတယ်။

 

▪️ တိုင်းတာတဲ့ ပုံစံအပြင် လက်ပတ်အရွယ်အစားကလည်း တိကျမှုကို သက်ရောက်နေပါတယ်။

 

▪️ သွေးပေါင်ချိန်များတဲ့ သူတွေအနေနဲ့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊ အာဟာရမျှတစွာ စားသောက်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ ပြုလုပ်ဖို့ အကြံပေးထားပါတယ်။

 

#Source: New York Post