#Daily_News
Published_ 12 April 2024
၁။ ရှမ်းရှေ့လမ်းကြောင်းမှ မြန်မာ့သရက်တရုတ်သို့ တင်ပို့ရာတွင် ကုန်သွယ်မှုအတားအဆီးများအား နှစ်ဖက်ညှိုနှိုင်းပေါင်းစပ်အဖြေရှာနေ
၂။ သင်္ကြန်တွင်း YBSယာဉ်စီးခပိုတောင်းသူ၊ မူးပြီးမောင်းသူများအားယာဉ်မောင်းခွင့်ပိတ်သည်အထိ အရေးယူမည်
၃။ ရှမ်းပြည်ထွက်ကုန်စိမ်းများ ရန်ကုန်ဈေးကွက်တွင် အရောင်းအေးသော်လည်း ယခင်ထက် ၃၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်
၄။ ဂျပန်နှင့်အမေရိကန်စစ်ရေးပူးပေါင်းဆောင်ရွက်ဦးမည့်အစီအစဉ်အား ဂျပန်ပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန််မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးမှာ အသစ်ဖွင့်လှစ်တော့မယ့် ဈေးရုံ အမှတ် ၅ ကို လာမယ့် မေလ ၁ရက်မှာ ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ တညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
#Local_News
Published_ 12 April 2024
#တညင်းကုန်းလက်ကားဈေးကြီး #ကံစမ်းမဲအစီစဉ်များလဲပါရှိ
#YMG/LW #Yangon_Times
ပြီးခဲ့တဲ့လဆန်းပိုင်းကအနည်းငယ်ကျဆင်းသွားတဲ့ မတ်ပဲဈေးနှုန်းတွေ အခုရက်ပိုင်းအတွင်း ပြန်တက်နေပြီး အိန္ဒိယဝယ်လို
အားရှိနေတာကြောင့် ဈေးဆက်ကောင်းနိုင်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published_ 12 April 2024
#မတ်ပဲဈေးပြန်တက်လာ #အိန္ဒိယဝယ်လိုအားရှိ
#YMG/NN #Yangon_Times
#Local_News
Published 12 April 2024
ဗဟိုဘဏ်၏ညွှန်ကြားချက်များကို မလိုက်နာ၍နိုင်ငံခြားငွေလဲကုမ္ပဏီ (၁)ခုကိုလိုင်စင်ရုပ်သိမ်းပြီး နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ (၁၈)ခု၏လုပ်ငန်းလိုင်စင်များကို (၆)လ ဆိုင်းငံ့လိုက်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည်။
အဆိုပါ နိုင်ငံခြားငွေလဲကုမ္ပဏီ (၁၈)အား နိုင်ငံခြား ငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ကို ဧပြီ ၁၁ ရက်ကစပြီး ၆ လဆိုင်းငံ့လိုက်သည်ဟုဆိုသည်။
လိုင်စင် (၆) လဆိုင်းငံ့လိုက်သည့် ကုမ္ပဏီများထဲတွင် လေယာဉ်လိုင်း၊ဟိုတယ်၊ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများ၊money Changerကုမ္ပဏီများအပါအဝင်ကုမ္ပဏီ(၁၈)ခုပါဝင်သည်။
ယင်းအပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့်စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့်Shwe Khaing Toe ကုမ္ပဏီလီမိတက်၏လုပ်ငန်းလိုင်စင်ကိုလည်း ဧပြီ ၁၁ ရက်မှစပြီး ရုပ်သိမ်းလိုက်သည်ဟုဆိုသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စည်းကမ်းမလိုက်နာသည့် နိုင်ငံခြားငွေလဲကုမ္ပဏီများ၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ပြီး အရေးယူခြင်းများပြုလုပ်နေသလို နိုင်ငံခြားငွေကြေးဈေးကွက်မှာလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို နိုင်ငံခြားငွေများထုတ်ရောင်းပေးနေကြောင်း သိရသည်။
#Local_News #နိုင်ငံခြားငွေလဲကုမ္ပဏီ(၁)ခု # ကုမ္ပဏီ(၁၈)ခုကို လိုင်စင်(၆)လဆိုင်းငံ့ #tthl #Yangon_Times
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ကုန်စိမ်းတွေဟာ သင်္ကြန်ကာလနီးပေမယ့် ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ်အေးနေတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။ ဈေးနှုန်းတွေကတော့ ယခင်ရက်တွေထက်ပစ္စည်းတစ်ခုလျှင် ၃၀ ရာခိုင်နှုန်း ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 12 April 2024
#ရှမ်းပြည်ထွက်ကုန်စိမ်း #၃၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်
#YMG/LW #Yangon_Times
သင်္ကြန်တွင်းYBS ယာဉ်စီးခပိုတောင်းသူတွေကို YRTC သို့တိုင်ကြားနိုင်ပြီး YBS ယာဉ်မောင်းခွင့်ယာယီပိတ်တဲ့အထိ အရေးယူမှာဖြစ်တယ်။ မူးပြီးမောင်းသူတွေကိုလည်း ယာဉ်ထိန်းရဲတွေမှ Alcohol Tester အရက်သောက်ထားခြင်း ရှိမရှိစစ်ဆေးပြီး ယာဉ်ထိန်းရဲတွေက ထိရောက်စွာအရေးယူတော့မှာဖြစ်တယ်။
(YRTCမှ တွဲဖက်အတွင်း ရေးမှူးဦးလျန်ကျင့်မန်)
#Local_News
Published_ 12 April 2024
#YBS ယာဉ်စီးခပိုတောင်းသူ #မူးပြီးမောင်းသူများ
#tthl #Yangon_Times
မြန်မာ့သရက်သီးများ တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းဖြစ်တဲ့ကျိုင်းတုံ-မိုင်းလား-တာလော့လမ်းကြောင်းမှ တင်ပို့ရာတွင် ကုန်သွယ်မှုအတားအဆီးများအတွက် အဆင်ပြေစေရန်နှစ်ဖက် ညှိနှိုင်းပေါင်းစပ်အဖြေရှာနေတယ်လို့ သရက်စိုက်ပျိုးသူများနှင့်ကုန်သည်တွေဆီက သိရပါတယ်။
#Local_News
Published_ 12 April 2024
#ကျိုင်းတုံ-မိုင်းလား-တာလော့ #အဆင်ပြေစေရန်နှစ်ဖက်အဖြေရှာနေ
#YMG/NN #Yangon_Times
#Local_News
Published 12 April 2024
အဆိုတော်အောင်လနှင့် အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ ပြောထားသည့် အသံဖိုင်လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့၍ အသံဖိုင်ပါ အောင်လပြောထားသည့်စကားများအရနစ်နာခဲ့ရသည့် အေးသောင်း(ခေါ်)အေးဝတ်ရည်သောင်းအပါအဝင် ထိခိုက်နစ်နာခဲ့သူများကို အဆိုတော်အောင်လမှ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရသည်။
အသံဖိုင်ကြောင့် မရည်ရွယ်ဘဲ အေးသောင်းအပါ အဝင် ထိခိုက်နစ်နာစေခဲ့သူများကို လေးစားစွာ အနူးအညွတ်တောင်းပန်ကြောင်း၊
အဆိုပါ ကာယကံရှင်နှင့် ပတ်သက်၍ ပြန့်နှံ့နေသော အသံဖိုင်အတွင်း၌ဖော်ပြထားသကဲ့သို့ အဆက်အသွယ်မရှိခဲ့သည့်အပြင် လူမှုရေး၊ စီးပွားရေးအဆက်အသွယ်မရှိသည်မှာလည်း ယနေ့တိုင်ဖြစ်ကြောင်း၊
သို့ဖြစ်ပါ၍ကာယကံရှင် မိတ်ဆွေတို့အား ထိခိုက်နစ်နာစေခဲ့သည့်အတွက် ကျွန်တော့်အား ခွင့်လွှတ် ပေးပါရန် အနူးအညွတ်တောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။
လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့သည် အောင်လပြောထားသည့်အသံဖိုင်တွင် သရုပ်ဆောင်အေးသောင်း(ခေါ်) အေးဝတ်ရည်သောင်း၊နန်းဆုဦး၊နန်းမွေ့စံ၊သင်ဇာဝင့်ကျော်စသည့်နာမည်များပါပါဝင်နေပြီး သရုပ်ဆောင်အေးသောင်း(ခေါ်) အေးဝတ်ရည်သောင်း၊နန်းဆုဦးကတော့ အောင်လပြောသော အကြောင်းအရာများမမှန်ကန်ကြောင်းနှင့်တရားဝင်မတောင်းပန်ပါက တရားဥပဒေအရ ဆောင်ရွက်ရန်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် ရေးထားဖော်ပြခဲ့ရာ ယခုလို အောင်လမှ သတင်းစာမှတစ်ဆင့်ပြန်တောင်းပန်ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #အေးသောင်းအပါအဝင်အသံဖိုင် #အဆိုတော်အောင်လ #နိုင်ငံပိုင်သတင်းစာမှပြန်တောင်းပန် #tthl #Yangon_Times
#World_Health
Published 12 April 2024
ငယ်ရွယ်စဉ် အလုပ်ချိန်ပုံမှန်မဟုတ်ဘဲ လုပ်ရသူတွေဟာ အသက်အရွယ် နောက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဒီသုတေသနမှာ အစောပိုင်းအသက်တွေမှာ အလုပ်လုပ်ချိန်တွေက အနာဂတ်မှာ ဘဝအပေါ် သက်ရောက်ပုံတွေကို တွေ့ရှိခဲ့ပါတယ်။
သုတေသနထဲမှာ အလုပ်လုပ်ချိန်တွေကို အပိုင်း ၄ ပိုင်းခွဲခြားထားပါတယ်။
ပုံမှန်အချိန်က နံနက် ၆ နာရီနဲ့ နောက်ပိုင်းမှစကာ ညနေ ၆ နာရီပြီးခြင်း။
ညနေပိုင်း နေ့လယ် ၂ နာရီနောက်ပိုင်းမှစကာ ည ၁၂ နာရီပြီးခြင်း။
ညပိုင်းအချိန် ၉ နာရီနောက်ပိုင်းမှစကာ နံနက် ၈ နာရီပြီးခြင်း။
အမျိုးမျိုးသောအချိန်တွေကတော့ ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်တွေ ဖြစ်ပါတယ်။
အမျိုးမျိုးေသာ အလုပ်လုပ်ချိန် လုပ်သူတွေက အိပ်ရေးမဝခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ကျဆင်းခြင်း၊ အသက် ၅၀ လောက် ရောက်တဲ့အခါ ပုံမှန်အလုပ်ချိန် လုပ်ခဲ့သူတွေထက် ကျန်းမာရေးပြဿနာ ပိုမိုဆိုးရွားခြင်းတို့ ဖြစ်စေနိုင်ကြောင်း နယူးယော့ခ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာဟန်က ပြောပြခဲ့ပါတယ်။
အလုပ်ချိန်ကို ပြောင်းလဲဖို့က ခက်ခဲပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ပြေလျော့ခြင်းတို့ဖြင့် ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
လူမည်းလူမျိုးတွေက ကျန်းမာရေးပြဿနာ ပိုမိုဆိုးရွားနိုင်ကာ အမျိုးသမီးတွေက အိပ်စက်မှုပြဿနာ ပိုမိုဆိုးရွားနိုင်ပါတယ်။
ဒီအချက်အလက်တွေဟာ အသက် ၁၄ မှ ၂၂ နှစ်အတွင်း လူပေါင်း ၇၃၀၀ ကျော်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
အလုပ်မရှိတာထက် ပုံမှန်မဟုတ်တဲ့ အလုပ်ချိန် လုပ်ကြသူတွေဟာ ရေရှည်ကျန်းမာရေးအပေါ် ပိုမိုဆိုးရွားစွာ ထိခိုက်စေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
#World_Health #ပုံမှန်မဟုတ်သောအလုပ်ချိန် #ကျန်းမာရေးထိခိုက်နိုင် #Source: WION
#World_Health
Published 12 April 2024
ဗြိတိန်ဆရာဝန်တစ်ဦးက ကျားအင်္ဂါအလွှာပါးလေးကို အဏုကြည့်မှန်ဖြင့် ကြည့်ရှုပုံကို တစ်တော့ပေါ်မှာ တင်ခဲ့ပါတယ်။
အကျယ်ချဲ့ကြည့်ရာမှာ ပန်းရောင်သမ်းနေတဲ့ပုံကို ဒေါက်တာ ကာရန်ရာဂျ်က ဗီဒီယိုတင်ခဲ့ပါတယ်။
ထိုပစ္စည်းဟာ ဆလင်ဒါ ၃ ခုဖြင့်ဖွဲ့စည်းထားပြီး ပထမ ၁ ခုနဲ့ ၂ ခုက ကော်ပိုရာကာဗာနိုဆာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကော်ပိုရာကာဗာနိုဆာက အကြီးဆုံးဆလင်ဒါ ၂ ခုဖြစ်ပြီး အင်္ဂါအလျားလိုက်အတိုင်း ရှိနေကာ ထောင်မတ်စဥ်မှာ သွေးတွေပြည့်လာတဲ့ နေရာဖြစ်ပါတယ်။
ပုံကိုထပ်မံအကျယ်ချဲ့ရာမှာ ကော်ပိုရာကာဗာနိုဆာထဲမှာ အကိုင်းခက်များကဲ့သို့ သွေးကြောမျှင်လေးများက သွေးတွေကို သယ်ပို့ပေးပါတယ်။
သွေးကြောများနဲ့ အင်္ဂါအဖောင်းအပွများကြား နေရာလွတ် သေးသေးလေးတွေက ကျယ်လာတဲ့နေရာ ဖြစ်ပါတယ်။
တတိယမြောက် ဆလင်ဒါကတော့ ဆီးလမ်းကြောင်းရှိနေတဲ့ ကော်ပတ်စ်စပွန်ဂျီယိုစမ် ဖြစ်ပါတယ်။
ထိုဆလင်ဒါက ထောင်မတ်စဥ် သွေးများပြည့်လာပြီး ဆီးလမ်းကြောင်းကို ဖိလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် လိင်အင်္ဂါထောင်မတ်စဥ် ဆီးသွားဖို့ ခက်ခဲတာဖြစ်ပါတယ်။
တစ်တော့ကြည့်သူတွေကတော့ ကျားအင်္ဂါအသားလွှာကို ဘယ်ကရလဲလို့ မေးနေကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနည်းနဲ့ လူအများစိတ်ဝင်စားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
#World_Health #ကျားအင်္ဂါအလွှာပါးလေး #Source: New York Post #အဏုကြည့်မှန်ဖြင့်မြင်ရပုံ
အက်ရှင်သရုပ်ဆောင်ပညာရပ်အတွက် ရည်ရွယ်သည့် ကိုယ်ခံပညာစခန်းသွင်းသင်တန်းအား ဂျက်ကီချန်းစတန့်အဖွဲ့မှ စီစဥ်ဖွင့်လှစ်သွားမည်
ဂျက်ကီချန်းစတန့်အဖွဲ့ဟာ ပေကျင်းမှာ ဧပြီ ၁၉ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ကိုယ်ခံပညာလေ့ကျင့်ရေးစခန်း ဖွင့်လှစ်ရန် စီစဥ်နေပြီး အခုလက်ရှိမှာ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။
#Asia_Entertainment
Published 11 April 2024
#ကိုယ်ခံပညာစခန်းသွင်းသင်တန်း #ဂျက်ကီချန်းစတန့်အဖွဲ့
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 11 April 2024
၁။ နေတအားပြင်းပါက ခန္ဓာကိုယ်တွင်းသွေးကြောများပြတ်ပြီး အသက်ဆုံးရှုံးနိုင်ဟုဆို
၂။ ငွေတောင်ကမ်းခြေသို့ ခရီးသွားလေးသောင်းခန့်လာရောက်အပန်းဖြေပြီး ရန်ကုန်တိုင်းမှအများဆုံးလာရောက်
၃။ တရုတ်သို့ တရားဝင်လုပ်သားစေလွတ်ရန် သဘောတူညီမှုရရှိပြီး လွှတ်မည့်အခြေနေ အသေးစိတ်ကိုသာဆက်လက်ဆွေးနွေးရမည်ဟုဆို
၄။ အက်ရှင်သရုပ်ဆောင်ပညာရပ်အတွက် ရည်ရွယ်သည့် ကိုယ်ခံပညာစခန်းသွင်းသင်တန်းအားအား ဂျက်ကီချန်းစတန့်အဖွဲ့မှစီစဥ်ဖွင့်လှစ်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 696 of 1924