#World_Health
Published 19 October 2024


▪️ အမေရိကန် မင်နီဆိုတာမှ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သွေးစုပ်ဖုတ်ကောင်(ဗမ်ပိုင်းယား) ရောဂါ ခံစားနေရတာကြောင့် ဆာလ်ဖာပါဝင်တဲ့ ကြက်သွန်ဖြူ စားတဲ့အခါ အသက်အန္တရာယ် ဖြစ်စေသည်အထိ ခံစားရကြောင်း ထုတ်ဖော်လာပါတယ်။

 

▪️ ဗမ်ပိုင်းယားရောဂါလို့ခေါ်တဲ့ AIP ဟာ ရှားပါးမျိုးဗီဇချို့ယွင်းခြင်း ရောဂါမျိုးဖြစ်ပြီး ရောဂါဖောက်တဲ့အခါမှာ အလွန်အမင်းနာကျင်ခံစားရကာ အခြားလက္ခဏာများလည်း ဖြစ်ပေါ်ရပါတယ်။

 

▪️ ဖီးနစ်နိုက်တင်ဂေးလ်ဆိုတဲ့ အမျိုးသမီးဟာ ဒီရောဂါကို ခံစားနေရသူဖြစ်ပါတယ်။

 

▪️ AIP ဆိုတာက ပေါ်ဖိုင်ရင်ဆိုတဲ့ ဓာတုပစ္စည်းများ စုပြုံလာခြင်းကြောင့် ဖြစ်ရပြီး သွေးနီဥဆဲလ်များထဲက ဟေမိုဂလိုဘင်ကို ထုတ်လုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။

 

▪️ ဒီရောဂါက အာရုံကြောစနစ်ကို ထိခိုက်ကာ ဝမ်းဗိုက်အလွန်အမင်း နာကျင်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်စေပါတယ်။

 

▪️ နိုက်တင်ဂေးလ်က ဒီလက္ခဏာတွေကို ၂ ရက်လောက်အထိ ခံစားရကာ သတိလစ်ခြင်း၊ မခံမရပ်နိုင်အောင် နာကျင်ခြင်းအထိ ဖြစ်စေပါတယ်။


▪️ AIP ရောဂါသည်တွေရဲ့ ဖြစ်စဉ်က ဒဏ္ဍာရီထဲက သွေးစုပ်ဖုတ်ကောင်တွေရဲ့ အဖြစ်နဲ့ ဆင်တူနေပါတယ်။

 

▪️ သွေးစုပ်ဖုတ်ကောင်တွေလိုမျိုး အသားဖြူဖွေးပျော့ဖတ်နေခြင်း၊ နေရောင်အထိမခံနိုင်ခြင်း၊ ဆာလ်ဖာဓာတ်မတည့်ခြင်းကြောင့် ကြက်သွန်ဖြူမတည့်ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ နိုက်တင်ဂေးလ်ဟာ စားသောက်တဲ့အခါမှာ ကြက်သွန်ဖြူ၊ စပျစ်နီ၊ ပဲပိစပ်၊ အယ်လ်ကိုဟော၊ ကော်ဖီတို့ အပါအဝင် အစားအစာအချို့ ရှောင်ရှားရပါတယ်။

 

▪️ AIP အတွက် ကုသနည်းမရှိပေမယ့် လက္ခဏာများ ထိန်းချုပ်ပေးခြင်းနဲ့ ရောဂါထစေတဲ့ အရာများ ရှောင်ရှားခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

 

▪️ ထိုအမျိုးသမီးဟာ ဘဝတလျှောက်လုံးမှာ အကြိမ် ၄၈၀ ကျော် ရောဂါထခဲ့ပြီး ဆယ်စုနှစ်တွေကြာတော့မှ ၂၀၂၃ မှာ ရောဂါရှိကြောင်း သိရှိခဲ့ပါတယ်။

 

#Source: India Today