#Local_News
Published_ 21 January 2024
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အကြို လေ့ကျင့်ပြင်ဆင်မှုများကို ဇန်နဝါရီ ၂၀ ရက်နေ့မှ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် လက်ရှိအချိန်တွင် အုပ်ချုပ်နည်းပြ ၉ဦး ပဏာမ ကစားသမား ၂၄ ဦးတို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သုဝဏ္ဏ ကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။
ထို့နောက် ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ Surabaya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team နှင့် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။




#Local_News #မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း #AFC_Futsal_Asian_Cup_2024 #Ymg_mnn #Yangon_Media_Group
၂၁ ဇန်နဝါရီ ၂၀၂၄
အမေရိကန်လုပ် ကိုဗက် စစ်သင်္ဘော HTMS Sukhothai ပြန်လည်ဆယ်ယူရာတွင် တရုတ်ကုမ္ပဏီတစ်ခုပါဝင် ပတ်သက်နေသည်ဟူသည့် သတင်းများနှင့်ပတ်သက်၍ ထိုင်းတော်ဝင်ရေတပ်ကို အမေရိကန်ပြည်ထောင်စုက သတိပေးစာ ပေးပို့ထားသည်။
အဆိုပါသတိပေးစာကို ၂၀၂၄ဘတ်ဂျက်သုံးသပ်ရေး အောက်လွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှေ့သို့ချီပါတီ၏ ဘန်ကောက်လွှတ်တော်အမတ် ချာရာဖွန်ဆာတွန်ဒီက ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
မစ္စတာ ချာရာဖွန်၏ အဆိုအရ အဆိုပါစာကို ထိုင်းနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုစစ်ရေးအကြံပေးပူးတွဲအုပ်စုက ရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၈ရက်က ထိုင်းပင်လယ်ကွေ့တွင် အဆိုပါ ထိုင်းရေတပ်ပိုင်သင်္ဘော နစ်မြုပ်ပြီးကတည်းက အမေရိကန်၏ စိုးရိမ်ပူပန်မှုအပေါ် ထိုင်းရေတပ်က တုန့်ပြန်မှုမပြုခဲ့သေးဟု ရေးသားဖော်ပြထားသည်။ သင်္ဘောနစ်မြုပ်မှုကြောင့် သင်္ဘောသား ၁၀၆ဦးအနက် (၂၄)ဦး သေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေပြီး ထိုပျောက်ဆုံးသူများ သေဆုံးသွားပြီဟု ယူဆရသည်။
ထိူင်းနိုင်ငံရှိ အမေရိကန်၏ စစ်ရေးကိစ္စများကို ကြီးကြပ်ရသည့်အဖွဲ့သည် သင်္ဘောနစ်မြုပ်ပြီး တစ်လအကြာတွင် ထိုင်းရေတပ်ကို ဆက်သွယ်ခဲ့ပြီး ၁၉၈၇ခုနှစ်ကတည်းက အမှုထမ်းခဲ့သည့် အဆိုပါသင်္ဘောပျက်ကို မည်ကဲ့သိုဆယ်ယူမည် ဆိုသည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ပြန်စာမရရှိသေးသည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ (၁)ရက်က နောက်ထပ် စာတစ်စောင်ထပ်ပို့ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။
တရုတ်မိတ်ဖက်ကုမ္ပဏီနှင့်အတူတွဲလုပ်မည့် ထိုင်းကန်ထရိုက်တာကုမ္ပဏီတစ်ခုကို သင်္ဘောဆယ်ယူရန် ရွေးချယ်ထားသည် ဟူသောသတင်းများထွက်ပေါ်ပြီးနောက် ထိုင်းရေတပ်ကို အမေရိကန်နှင့်သဘောတူညီချက်လိုက်နာရန် ထိုဒုတိယစာတွင် တိုက်တွန်းထားသည်။
သဘောတူညီချက်မှာ အမေရိကန်ထုတ်သင်္ဘောများကို ဆယ်ယူဖို့ရှိလာပါက ထိုင်းရေတပ်သည် အမေရိကန်အစိုးရထံ ဆယ်ယူမည့်ကန်ထရိုက်တာကို အတည်ပြုချက်ရယူရမည်ဟုဖော်ပြပါရှိသည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။
အကယ်၍ ထိုင်းရေတပ်သည် အဆိုပါပဋိညာဉ်ကို ချိုးဖောက်ပါက ထိုင်းနိုင်ငံနှင့်အမေရိကန်အကြား နိုင်ငံခြား စစ်ပစ္စည်း ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှာဖြစ်ကြောင်း သူကဆက်ပြောပြသည်။
မည်သို့ဆက်လုပ်ရမည်ကို စဉ်းစာနေသည်ဟု ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒမ်ဖန်အမ်ကပြောသည်။
တကယ်လို့ အမေရိကန်က ဆယ်ယူရေးမှာပါဝင်မယ်ဆိုရင် ဆယ်ယူဖို့မူလသတ်မှတ်ထားတဲ့ ဧပြီလထက် နောက်ကျသွားနိုင် တယ်ဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ကပြောသည်။
ထိုင်းရေတပ်သည် စစ်သင်္ဘော ဆယ်ယူရေးတွင် ဘတ်ငွေ ၁၉၉သန်းဖြင့် ဆောင်ရွက်ပေးမည့် ကန်ထရိုက်တာကိုတွေ့ရှိပြီး ဖြစ်သော်လည်း အတည်ပြရန် ဆိုင်းငံ့ထားဆဲဖြစ်သည်။
-ymg/knl
#Thailand_navy
#HTMS_Sukhothai
#yangonmediagroup
'ကရင်ဒုံးအက(ဒုံးယိမ်းအက)ကလည်း ကရင်ယဉ်ကျေးမှုအမွေအနှစ်ပေါ့နော်၊ သူ့ရဲ့သီချင်းတွေကအစ၊ ကကြိုးကကွက်တွေကအစသူ့အဓိပ္ပါယ်နဲ့သူ၊ ကရင်ပြည်နယ်ကနေပဲ ဦးဆောင်ပြီးတော့မှ အသေးစိတ်ပြုစုပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်အောင်တင်တာပေါ့နော်၊ အခုထိတော့တုံ့ပြန်မှုမရှိသေးပါဘူး။ ကရင်တွေအတွက် ဒုံးအက,က မွေးရာပါအကလိုလည်း ဖြစ်နေတာပေါ့လေ။ ဒုံးမှာ ကျား ၁၆ ယောက်၊ မ ၁၆ ယောက်ပါတဲ့ ၃၂ ယောက် ဒုံးနဲ့ ကျား ၁၂ ယောက်၊ မ ၁၂ ယောက်ပါတဲ့ ၂၄ ယောက်ဒုံးတွေက လနဲ့ချီပြီး လေ့ကျင့်ရပါတယ်'
#Local_News
Published_ 20 January 2024
#ကရင်ရိုးရာဒုံးယိမ်းအက #ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
#YMG/NN #Yangon_Times

၂၁ ဇန်နဝါရီ ၂၀၂၄
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် သမ္မတရဟတ်ယာဉ်ကို အသုံးပြုကာ မနီလာမြို့တော်မြောက်ဘက်ရှိ ဗြိတိန် ရော့ခ်တီးဝိုင်း Coldplay ကို သောကြာနေ့ညက သွားရောက်ကြည့်ရှုခဲ့လို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဝေဖန်မှုတွေ ခံနေရပါတယ်။
ဖိလစ်ပိုင် အရီနာ လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံပွဲခင်းကြီးမှာ လာရောက်ကြည့်ရှုသူတွေဟာ လေးသောင်းခန့်ရှိတဲ့ အတွက် အကျိုးဆက်အးဖြင့် “ အဲဒီမိုးလုံလေလုံကွင်းကြီးထဲသွားတဲ့ လမ်းတစ်လျောက် မလွှဲမရှောင်သာတဲ့ ယာဉ်ကြောပိတ် ဆို့မှုတွေရှိခဲ့ပါတယ်” လို့ သမ္မတလုံခြုံရေးအဖွဲ့က အဆိုပါကိစ္စကို သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုဟာ သောကြာနေ့ညက အဲဒီပွဲကို ဇနီးဖြစ်သူနှင့်အတူ သွားကြည့်တဲ့ မားကို့စ်အတွက် လုံခြုံရေး အရ အန္တရာယ်ရှိနေတဲ့အတွက် သမ္မတရဲ့ အလုပ်သုံး ရဟတ်ယာဉ်ကို မသုံးမဖြစ်သုံးလိုက်ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖြေရှင်းထားပါတယ်။
ဒါပေမယ့် ဆိုရှယ်မီဒီယာသုံးသူတွေကတော့ ဖိလစ်ပိုင်ကို ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ပြီးနောက် သမိုင်းဝင်တဲ့ ပြည်သူ့အာဏာတော်လှန်ရေးကြောင့် ပြုတ်ကျခဲ့တဲ့ အာဏာရှင်မားကို့စ်ရဲ့ သားဖြစ်သူ လက်ရှိသမ္မတ မားကို့စ်ဂျူနီယာအနေ နှင့် ပြည်သူ့အခွန်ဘဏ္ဍာကို အသုံးပြုတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
“ တရားဝင်အရင်းအမြစ်တွေဖြစ်တဲ့ သမ္မတရဟတ်ယာဉ်လိုမျိုးတွေကို ကိုဘ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စမဟုတ်ဘဲ အသုံးပြု ခြင်းဟာ အာဏာအလွဲသုံးစားလုပ်တာ ဒါမှမဟုတ် အစိုးရရဲ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာပဲဖြစ်တယ်”လို့ ဖေ့စ်ဘုတ်ခ် အသုံးပြုသူ ဂျိမ်းစ်ပက်ထရစ် အရစ်စတိုရင်က ပို့စ်ရေးတင်ပါတယ်။
“ ရဟတ်ယာဉ်သုံးတာ၊ပြီးတော့လောင်စာဆီနှင့်လုံခြုံရေး အဲဒါတွေအတွက် ကျွန်တော်တို့ပိုက်ဆံပေးထားရတာ။လူတိုင်းရဲ့ ပွဲလက်မှတ်တွေအတွက်တောင်သုံးတယ်ဆိုတာ ဘယ်သူတွေကသိကြမှာလဲ” လို့ နောက်ထပ်ဖေ့စ်ဘုတ်ခ်သုံးသူ အာဗိုင် ကွန်ဆက်ဆီယွန်ကပြောပါတယ်။
Source Reuters
#yangontimes
#Marcosjunior
#Philippines_Politics
#Local_News
Published 21 January 2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံက နှစ်စဉ် ရော်ဘာ တန်ချိန် လေးသိန်း ခန့် ထွက်ရှိသော်လည်း ငွေကြေးမူဝါဒများကြောင့် ယခင် နှစ်များ က ပြည်ပ သို့ ရော်လာ တစ်ချိန် တစ်သိန်းကျော်သာ တင်ပို့ နိုင်ခဲ့ ကြောင်း သိရသည်။
"' ပြီးခဲ့တဲ့နှစ်က မပို့နိုင်တာက ငွေကြေးမူဝါဒကြောင့် ရော်ဘာ Exporter တွေက အရှုံးမှာကျနေတယ်။ တစ်တန်ကို ရှစ်သိန်းလောက်ကနေ ၁၀ သိန်း လောက်ရှုံးနေတဲ့အတွက် မတင်ပို့နိုင်တာ။ အခုတော့အစိုးရကနေ ဖြေလျှော့ပေးပြီးတော့ ဓာတ်မြေသြဇာတင်သွင်းခွင့် ပေးတဲ့အတွက်ကြောင့် Exporter တွေက လုပ်သာကိုင်သာရှိတဲ့ ဈေးနှုန်းလေးရောက်လာလို့ ပို့နိုင်တာပေါ့”ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း မှ တာဝန်ရှိသူက ပြောသည်။
ရော်ဘာတင်ပို့မှုအနေဖြင့် ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ဂျပန် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။
ရော်ဘာကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုး ဧက ၁ သန်း ၆ သိန်း ၄ သောင်း၊ ထုတ်လုပ်မှုဧဏ ကိုးသိန်းခွဲခန့်ရှိကြောင်းသိရသည်။
ရော်ဘာ ကို မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိကာ တနင်္သာရီတိုင်းဒေသကြီးမှ ဒုတိယအများဆုံးနှင့် ကရင်ပြည်နယ်မှ တတိယအများဆုံးထွက်ရှိကြောင်း သိရသည်။
#YMG/LWb #Yangon_Times
#Local_News
Published 21 January 2024
YBS (42) နှင့် YBS (65) ယာဉ်လိုင်းများအပါအဝင်ယာဉ်လိုင်းငါးလိုင်း၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်းYangon Payment Service- YPS မှ သိရသည်။
အဆိုပါ YPS QR Code စနစ်ကို ဇန်နဝါရီလ (၁၁) ရက်တွင် YBS ယာဉ်လိုင်းYBS 131 ၊ YBS 55 နှင့် YBS 57 ယာဉ်လိုင်းများနှင့် YBS (42) နှင့် YBS (65)ယာဉ်လိုင်းများတွင် YPS QR Code ကို ဇန်နဝါရီလ (၁၉) ရက်မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
YPS QR Code ကို အသုံးပြုရန်အတွက် MPyps + Application (Android Version) ကို Download ပြုလုပ်ထားရန် လိုအပ်ပြီး Google Playstore မှတဆင့် Download နိုင်ကြောင်း သိရသည်။
အဆိုပါ YPS QR Code စနစ်သည် အသုံးပြုရာတွင် မော်ဒယ်လ်အမြင့်ဖုန်းဗားရှင်းဖြင့်သာအသုံးပြုနိုင်သည့်အတွက် အခက်အခဲများရှိနေကြောင်း ခရီးသည်များကဆိုသည်။
YPS QR Code Top Up Service အတွက် ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များ နှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်း သိရသည်။
#Local_News #YPS_QR_Code အသုံးပြုနိုင် #YMG/ LW #Yangon-Times
#Local_News
Published 21 January2024
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ထိုင်း၏ ဆန်ပို့ကုန်အသင်း (TREA) တို့ နိုင်ငံတကာဆန် ဈေးကွက် အခြေအနေနှင့်ဆန်စပါးကဏ္ဍအတွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ဝင် (၈၅) ဦးပါဝင်သော အဖွဲ့သည် ထိုင်းနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး Thai Rice Exporter Association (TREA) နှင့်တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း Olam (Thailand) ၏ တစ်နှစ်တန် (၃) သိန်း ပြည်ပတင်ပို့နေသည့် ဆန်ဖြူသန့်စင်ရောနှောစက်ရုံ၊ Siam Crystal ၏ တစ်နေ့တန် (၅၀၀) ဖွဲနုဆီကြမ်းနှင့် တန်(၁၅၀) ဖွဲနုဆီသန့်စင်စက်ရုံ၊ 4.5 MGW စပါးခွံမှ လျှပ်စစ်ထုတ်စက်ရုံ၊ တန် (၁၀၀၀) ပေါင်းဆန်စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထို့အပြင် CP Group နှင့် Rice land Group တို့၏ ခေတ်မီ ဆန်စက်များ၊ အခြောက်ခံစက်များနှင့် သိုလှောင်ရုံများ၊ Anysort (Color Sorter) ပြခန်း နှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆန်စပါးစိုက်ပျိုးရေး၊ ကြိတ်ခွဲရေး နှင့် ကုန်သွယ် ရောင်းဝယ်ရေး၊ ဆန်စပါးဆိုင်ရာ နည်းပညာရပ်များ၊ အရည်အသွေး တန်ဖိုးမြှင့်တင်မှုများဆိုင်ရာများကိုလည်း ဆွေးနွေးညှိနှိုင်းခြင်းနှင့် လေ့လာခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
၄င်းအပြင် Thai Feed Mills Association (TFMA) နှင့်လည်း တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်း၍ ဆန်ကွဲ၊ ပြောင်း စသော Animal Feed ကုန်သွယ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် ရခိုင်ပြည်နယ်တို့ရှိ ဆန်စပါးလုပ်ငန်းအသီးသီး၏ ကိုယ်စားလှယ်များ၊ မြန်မာကုန် ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တို့မှ ကိုယ်စားလှယ်များ ပါဝင်လိုက်ပါခဲ့ကြကြောင်း သိရသည်။
#Local_News #ထိုင်း၏ဆန်ပို့ကုန်အသင်း(TREA) #ဆန်စပါးကဏ္ဍ #YMG/ LW #Yangon-Times
#Local_News
Published 21January 2024
လာမည့် ဘောလုံးရာသီ၌ ရှမ်းယူနိုက်တက်အသင်းနှင့် တိုက်စစ်မှူး 'စအောင်ပြည့်ကို'တစ်ကျော့ပြန်ပြန်လည်လက်တွဲမည်ဖြစ်ကြောင်းရှမ်းယူနိုက်တက်အသင်းမှသိရသည်။
ယခု၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ကစားသမားအချို့ အသင်းပြောင်းလဲ ကစားမှုများလည်းရှိနေရာရှမ်းယူနိုက်တက်အသင်းသည် တိုက်စစ်မှူး 'စအောင်ပြည့်ကို' အားလာမည့် ဘောလုံးရာသီအတွက်အား နှစ်နှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
'စအောင်ပြည့်ကို'သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တစ်နှစ်ခွဲကြာ ကစားခဲ့ပြီးနောက် မိခင်အသင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၄သည် ရှမ်းယူနိုက်တက်အသင်း၌ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ် ရာသီဝက်အထိ ကစားခဲ့ဖူးသူတစ်ဦးလည်းဖြစ်ကာ ၊ ယခု လာမည့်ဘောလုံးရာသီအတွက်အသင်းနှင့် တစ်ကျော့ပြန် လက်တွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စအောင်ပြည့်ကို အနေဖြင့် အသင်းနှင့် လေ့ကျင့်ကစားမှုများ ပြုလုပ်လျက်ရှိပြီး ၄သည် အသက် (၂၆) နှစ်အရွှယ် တိုက်စစ်မှုးတစ်ဦးဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းအနေဖြင့် လာမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် စအောင်ပြည့်ကို အပါအဝင် လူငယ်ခြေတက်အချို့ကို ခေါ်ယူအားဖြည့်လျက်ရှိကြောင်းသိရသည်။
#Local_News #ရှမ်းယူနိုက်တက်အသင်း # 'စအောင်ပြည့်ကို'တစ်ကျော့ပြန်လည်လက်တွဲ
#YMG/LW #Yangon-Times
#World_Research
Published 21 January 2024
ခွေးတွေ အမြီးလှုပ်ပြတာဟာ ပျော်ရွှင်မှုကို ဖော်ပြချင်ရုံသာမက အခြားသော ရှုပ်ထွေးတဲ့ ခံစားချက်များကိုလည်း ပြောပြချင်တဲ့ သဘောဖြစ်နေနိုင်ကြောင်း မကြာသေးမီက လေ့လာမှုမှာ တွေ့ရပါတယ်။
ခွေးတွေမှာ အမြီးလှုပ်တာနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာပုံ အဓိကသီအိုရီကြီး ၂ မျိုးကို ဥရောပသုတေသနအဖွဲ့က လေ့လာဖော်ပြခဲ့ပါတယ်။
လေ့လာချက်အရ ခွေးတွေဟာ ကောင်းမွန်တဲ့ ခံစားချက်ရတဲ့အခါ အမြီးကို လက်ယာဘက်သို့ ပိုစောင်းကာလှုပ်လေ့ရှိပြီး မကောင်းတဲ့ ခံစားချက်မျိုးဆိုရင်တော့ လက်ဝဲဘက်သို့ ပိုစောင်းကာ အမြီးလှုပ်ကြပါတယ်။
အမြီးလှုပ်ခြင်းနဲ့ ဟော်မုန်းထွက်ရှိမှုတွေက ဆက်စပ်နေနိုင်ပြီး အထူးသဖြင့် ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီဆောလ်နဲ့ ဆက်စပ်နေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တိရိစ္ဆာန်အများစုက သူတို့ရဲ့အမြီးတွေကို လှုပ်ရှားခြင်း၊ ဟန်ချက်ထိန်းခြင်း၊ ပိုးမွှားဖယ်ရှားခြင်းတို့အတွက် အသုံးပြုကြပေမယ့် လူတွေနဲ့ ယဥ်ပါးလာတဲ့ ခွေးတွေကတော့ သူတို့ရဲ့အမြီးကို ဖော်ထုတ်ပြောပြဖို့အတွက် အဓိကအသုံးပြုကြတယ်လို့ မက်စ်ပလန့်ခ်တက္ကသိုလ်မှ သုတေသနပြုစုသူ ဆီလ်ဗီယာလီယိုနက်တီက ပြောပြခဲ့ပါတယ်။
ဝံပုလွေတွေနဲ့ ယှဥ်ရင် ခွေးတွေက ငယ်စဥ်ကတည်းက မကြာခဏ အမြီးလှုပ်တတ်ပြီး လူတွေက စတင်မွေးစားလိုက်ပြီးနောက် ဒီလိုအပြုအမူ ပြောင်းလဲဖြစ်ပေါ်လာတာ ဖြစ်နိုင်ကာ သူတို့ရဲ့သခင်တွေနဲ့ ပြောဆိုဆက်ဆံရန် အမြီးလှုပ်တဲ့ အလေ့အကျင့် ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။
နောက်ထပ်လေ့လာချက်မှာ ခွေးတွေက အစားစားချင်တဲ့အချိန် လူတွေရှိတဲ့အချိန်နဲ့ မရှိတဲ့အချိန်တို့ကို နှိုင်းယှဥ်ရာမှာ လူတွေရှိတဲ့အခါ အမြီးလှုပ်ကြပြီး ဒါဟာ တောင်းဆိုချင်တဲ့ လက္ခဏာလည်း ဖြစ်နေပါတယ်။
ဒါတွေကိုအခြေခံပြီး လူတွေကနေ မွေးစားလိုက်ခြင်းက ခန္ဓာဗေဒနဲ့ အပြုအမူပိုင်းတို့မှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး အမြီးလှုပ်တဲ့ အလေ့အကျင့် ပြောင်းလဲလာစေတယ်လို့ ဖော်ပြထားပါတယ်။
ခွေးတွေအမြီးလှုပ်တဲ့အကြောင်း ယူဆလို့ရလာပေမယ့် အခုမှ အပေါ်ယံလေးသာ တွေ့ရှိထားတာဖြစ်တယ်လို့ အန်ဒရီယာရာဗစ်နာနီက ဆိုပါတယ်။
ခွေးတွေက သူတို့ရဲ့အပြုအမူတွေကို ဘယ်လိုထိန်းချုပ်လဲ၊ အခြားခွေးတွေကြား အမြီးလှုပ်ပြီး ဘယ်လိုအဓိပ္ပာယ်ဖော်နိုင်လဲ ဆိုတာတွေက စဥ်းစားစရာ ဖြစ်နေပါတယ်။
#World_Research #ခွေးများအမြီးလှုပ်ခြင်း #ပျော်ရွှင်မှုထက်ပိုသောခံစားချက် #Source: WION
#Local_News
Published 21 January 2024
ပုသိမ် - ချောင်းသာ၊ ပုသိမ်-ငွေဆောင်လမ်းကြောင်းပေါ်ရှိ ဘေလီတံတားအားနှင့် ရန်ကုန် - ပုသိမ်လမ်းကြောင်းအား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ယင်းတို့၏တင်ပြချက်များအပေါ် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ရေရှည်စီမံချက်များချမှတ်၍ နှစ်အလိုက်ခွင့်ပြုဘတ်ဂျက်များဖြင့် စီမံဆောင်ရွက်ပေးသွားမယ်လို့ ကတိပေး ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်ချက်များမှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံရာတွင် ဒေသခံများက ပုသိမ် - ချောင်းသာနှင့် ပုသိမ် - ငွေဆောင်တို့အား ဆက်သွယ်ထားရှိသည့် လမ်းကြောင်းများပေါ်ရှိ ဘေလီတံတားနှစ်စင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေဖို့၊ ရန်ကုန် - ပုသိမ်ကားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေဖို့နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် ပုသိမ်မြို့အဝင်၌ အဆင့်မြင့်ကုန်စည်ကားဝင်းတစ်ခု ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်လေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။
ဒေသတွင်းခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်သဖြင့် လမ်းကြောင်းများပေါ်ရှိ မြို့ရွာများ စနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်လိုပြီး မြို့ပြစီမံကိန်းများအနေဖြင့် စနစ်ကျနရန် လိုအပ်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက မှာကြားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်လေဆိပ်အဆင့်မြှင့်တင် ဆောင်ရွက် နေသည့်လုပ်ငန်းများ၊လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများနှင့် တံတားများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းနှင့် စက်မှုဇုန်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#Local_News #ပုသိမ်-ချောင်းသာ #ရန်ကုန်-ပုသိမ်လမ်းကိုအဆင့်မြှင့်မည် #-ymg/knl
#Local_News
Published 21 January 2024
အာဏာကိုဖြတ်လမ်းနည်းဖြင့် ရယူရန်ကြိုးပမ်းကြသည့်အတွက် အရှေ့မြောက်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပေါ်လျက်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်က တွေ့ဆုံအမှာစကား ပြောကြားစဉ် ဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသည် ပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်သည့်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့် နည်းလမ်းများကို လေးစားလိုက်နာရန် လိုတယ်လို့လည်း တပ်ချုပ်က ဆက်လက်ပြောကြားတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်တယ်လို့လည်း တပ်ချုပ်က မှာကြားပါတယ်။
အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရာတွင် စစ်သားကောင်းစိတ်ဓာတ်မွေး၍ နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန်နှင့် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးချရန်လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောတဲ့အကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

#Local_News #အရှေ့မြောက်ဒေသ #ပဋိပက္ခများ ဖြစ်ပေါ်နေ #ဗိုလ်ချုပ်မှူးကြီးပြော #-ymg/knl #Yangon_Media_Group #YMG_News #Yangon_Times
#World_Research
Published 21 January 2024
အမေရိကန်နဲ့ အစ္စရေးလ်တို့မှာ အချို့စုံတွဲတွေက မိမိနဲ့ သဘောထားဆန့်ကျင်သူတွေကို လက်မထပ်ရုံမက ကွဲလွဲမှုတွေကြောင့် ပြတ်စဲကြတာတွေ ရှိပါတယ်။
ခန့်မှန်းချက်တစ်ခုအရ အမေရိကန်တွေထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ မိမိနဲ့ နိုင်ငံရေးရှုထောင့် မတူညီသူများနဲ့ မေတ္တာသက်ဝင်နေကြပါတယ်။
ဒီမိုကရက်တစ်လိုလားသူတွေနဲ့ ရီပတ်ဘလစ်ကန်ဆန်သူတွေက ပြောဆိုဆက်ဆံရန် ခက်ခဲကြပြီး မီဒီယာဖော်ပြချက်တွေအကြောင်း ရှုမြင်ပုံတွေက အစွန်းရောက်နေကြပါတယ်။
မိတ်ဆွေပေါင်းသင်းရေးတွေမှာလည်း နိုင်ငံရေးရှုထောင့် မတူညီတာကြောင့် အဆင်မပြေတာတွေ ရှိနေပါတယ်။
အီလီနွိုက်စ်မှ ပရော်ဖက်ဆာ အမ်မလီဗန်ဒင်းက နိုင်ငံရေးအမြင်မတူတဲ့ စုံတွဲမိတ်ဖက် ၆၇ ဦးကို ထဲထဲဝင်ဝင် မေးမြန်းလေ့လာခဲ့ပါတယ်။
နိုင်ငံရေးအကြောင်းနဲ့ မီဒီယာဖော်ပြချက်များအကြောင်း လူတွေပြောဆိုလိုခြင်း မပြောဆိုလိုခြင်းတို့အကြောင်းတွေကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။
လူတွေက သူတို့လိုလားတဲ့ နိုင်ငံရေးရှုထောင့်ကနေ ဖော်ပြတဲ့ မီဒီယာတွေကို အားပေးကြတယ်လို့ ဆိုပါတယ်။
သတင်းဖော်ပြချက်တွေကြောင့် စုံတွဲများကြား ကွဲလွဲမှုများဖြစ်ပေါ်ကာ ကတောက်ကဆ ဖြစ်ကြပါတယ်။
စမ်းသပ်ပါဝင်သူတွေက သတင်းလာတဲ့အခါ မေတ္တာရေးမှာ အနှောင့်အယှက် ဖြစ်မယ်လို့ထင်ရင် မကြည့်ဘဲနေဖို့ ဆုံးဖြတ်ကြပါတယ်။
အချို့စုံတွဲတွေက သတင်းဖော်ပြချက်တွေကို မီဒီယာတစ်ခုကနေ အတူတူကြည့်ကြသလို အချို့တွေကတော့ သပ်သပ်စီ ကြည့်ရှုတတ်ကြပါတယ်။
စုံတွဲတွေကြား စကားများရတာဟာ မီဒီယာတွေရဲ့ နိုင်ငံရေးဖော်ပြချက်တွေကြောင့် အဓိကဖြစ်နေပါတယ်။
အချို့စုံတွဲတွေက နိုင်ငံရေးအမြင်မတူတာကို သိရှိထားကြပေမယ့် အချို့ကတော့ အမြင်ပြောင်းလဲသွားချိန်မှာတောင် ထုံးစံအတိုင်း သတင်းအတူတူမျှဝေတာမျိုး ပြုလုပ်တတ်ကြပါတယ်။
#World_Research #နိုင်ငံရေးအမြင်မတူခြင်း #မေတ္တာရေးတွင်ထိခိုက်လာ #Source: The Jerusalem Post
Page 700 of 1817