#World_News
Published 14 October 2024


▪️ အစ္စရေးလ်တင့်ကားများက လက်ဘနွန်တောင်ပိုင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစောင့်တပ်များရှိတဲ့ အခြေစိုက်စခန်းတစ်ခုရဲ့ ဂိတ်တွေကို ဖြတ်သန်းဖောက်ထွက်သွားခဲ့ကြောင်း ကုလကတနင်္ဂနွေနေ့မှာ ပြောကြားလိုက်သလို အစ္စရေးလ်ရဲ့ ကြမ်းရမ်းလုပ်ရပ်တွေ တိုက်ခိုက်မှုတွေကို ယင်းမဟာမိတ်များကပင် စွပ်စွဲလာကြပါတယ်။

 

▪️ အစ္စရေးလ်တို့ရဲ့ မာကေဗာတင့်ကားနှစ်စီးဟာ တနင်္ဂနွေနံနက်ပိုင်းက စခန်းရဲ့ အဓိကဂိတ်ကို ဖျက်ဆီးဝင်ရောက်သွားတယ်လို့ UNIFIL ငြိမ်းချမ်းရေးအစောင့်တပ်က ပြောပါတယ်။

 

▪️ တင့်ကားတွေ ထွက်သွားပြီး မီတာ ၁၀၀ အကွာလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး စခန်းတလျှောက် မီးခိုးများ ပျံ့လွင့်လာတယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ထိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အီရန်နောက်ခံပြု ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေက အစ္စရေးလ်တပ်တွေကို တင့်ကားဖျက်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ ၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။

 

▪️ တိုက်ခိုက်မှုက UNIFIL စခန်းတစ်ခုနဲ့ အလွန်နီးကပ်ခဲ့ပြီး ဒဏ်ရာရသူတွေကို ခေါ်ဆောင်မယ့် တင့်ကားက တိုက်ခိုက်ခံရကာ UNIFIL စခန်းထဲသို့ နောက်ဆုတ်ခဲ့ရပါတယ်။

 

▪️ "ဒါဟာ စခန်းကို ဝင်ရောက်တိုက်ခိုက်တာ မဟုတ်ပါဘူး။ တင့်ကားတစ်စီး တိုက်ခိုက်ခံနေရပြီး တပ်သားအများအပြား ထိခိုက်ထားတာကို ကူညီဖို့ကြိုးစားတာပါ" လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ နာဒက်ဗ်ရှိုရှာနီက သတင်းထောက်များကို ပြောသွားပါတယ်။

 

▪️ ဒဏ်ရာရစစ်သည်များကို ခေါ်ထုတ်ဖို့ မီးခိုးဗုံးများအသုံးပြုခဲ့တာဖြစ်ကာ ကုလငြိမ်းချမ်းရေးအစောင့်တပ်ကို အန္တရာယ်ပြုတာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။



▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက UNIFIL အနေနဲ့ ဟက်ဇ်ဘိုလာ အခြေပြုနေရာတွေနဲ့ စစ်ဖြစ်ရာနေရာတွေကနေ ဆုတ်ခွာသင့်ပြီလို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို ပြောသွားပါတယ်။

 

▪️ အကြိမ်ကြိမ်တောင်းဆိုထားသလို အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရပြီး ဒါဟာ ဟက်ဇ်ဘိုလာ အကြမ်းဖက်များအတွက် လူသားဒိုင်းထောက်ပံ့ပေးသလို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

▪️ ငြိမ်းချမ်းရေးအစောင့်တပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လို့ မရဘူးလို့လည်း အတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။

 

#Source: Reuters