#World_Science
Published 14 October 2024


▪️ လင်းပိုင်အများစုက ရေထဲကနေ ပေါ်ထွက်လာတဲ့အခါ မျက်နှာပြုံးနေတဲ့ပုံစံ အမြဲရှိတတ်ပြီး လူတွေလိုမျိုး ပြုံးတာလားဆိုတာ သိချင်နေကြပါတယ်။

 

▪️ တကယ်တမ်းလည်း သူတို့ဟာ ထိုအချိန်မှာ ပြုံးနေတာဖြစ်ပြီး သူတို့အချင်းချင်းလည်း ပြုံးပြတတ်ကြပါတယ်။

 

▪️ လင်းပိုင်တွေ အချင်းချင်းကစားတဲ့အခါမှာလည်း မျက်နှာအမူအရာ လုပ်ပြတယ်လို့ သုတေသီများ ဆိုပါတယ်။

 

▪️ ပေါင်းသင်းဆက်ဆံရေးအနေနဲ့ ပါးစပ်ဟတာမျိုးလည်း ပါဝင်ကြောင်း အီတလီ ပီဆာတက္ကသိုလ်မှ ဇီဝပညာရှင် အယ်လီဆာဘက်တာပယ်လာဂီဦးဆောင်တဲ့ သုတေသီအဖွဲ့က ပြောပါတယ်။

 

▪️ သူတို့ဟာ တစ်ကောင်က မျက်နှာပုံစံ လုပ်ပြသလိုမျိုး လိုက်လုပ်ကြတယ်လို့လည်း မှတ်ချက်ပြုလိုက်ပါတယ်။

 

▪️ ဒီအတွက် သုတေသီအဖွဲ့က ရေအောက်ထဲမှာ လင်းပိုင် ၂၂ ကောင်ကို ထိန်းသိမ်းထားကာ နာရီ ၈၀ ကြာအောင် စောင့်ကြည့်ခဲ့ကြပါတယ်။

 

▪️ လင်းပိုင်တွေက တစ်ကောင်နဲ့တစ်ကောင် မြင်တဲ့အခါ ပါးစပ်ဟတဲ့ အမူအရာ လုပ်ပြကြပါတယ်။

 

▪️ ပြုံးပြတာဟာ ရန်လိုတဲ့သဘောမဟုတ်ဘဲ ဆော့ကစားတဲ့ အပြုအမူသာ ဖြစ်ပါတယ်။

 

▪️ ပြန်ပြီးပြုံးပြတာကတော့ ၃၃ ရာခိုင်နှုန်းလောက် ရှိပါတယ်။

 

▪️ အသားစားသတ္တဝါတွေမှာ အေးအေးဆေးဆေး ပါးစပ်ဟပြခြင်း၊ မျောက်တွေမှာ ဆော့ကစားတဲ့မျက်နှာပြခြင်း၊ လူသားတွေရဲ့ ရယ်မောခြင်းတို့က ခင်မင်ရင်းနှီးမှုကို ဖော်ဆောင်နေတယ်လို့ ပြောပါတယ်။

 

▪️ ပါးစပ်ဟပြခြင်းက လင်းပိုင်တွေ ဆော့ကစားတဲ့အချိန်မှာ လုပ်ပြတတ်တဲ့ အမူအရာဖြစ်ပြီး တစ်ကောင်တည်း ရှိနေချိန်မှာနဲ့ ကွဲပြားပါတယ်။

 

▪️ သူတို့အချင်းချင်း ရင်းနှီးဆက်သွယ်တဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

 

▪️ ပါးစပ်ဟခြင်းနဲ့ ပုံတူလိုက်လုပ်ခြင်းတို့က နို့တိုက်သတ္တဝါတွေကြားမှာ ဖြစ်လေ့ရှိပြီး ဆက်ဆံရေးပုံစံအမျိုးမျိုး ဖော်ဆောင်ရာမှာ ပတ်သက်နေတယ်လို့ ပယ်လာဂီက ပြောသွားပါတယ်။

 

#Source: WION