#World_Health
Published 14 October 2024


▪️ အိပ်ရာပေါ်မှာ မျက်လုံးမှိတ်အိပ်ဖို့ ကြိုးစားတဲ့အခါ ချက်ချင်း အိပ်ပျော်သွားတတ်သလား၊ ဒါမှမဟုတ် အိပ်ပျော်ဖို့ ကြာရှည်နေတတ်ပါသလား။

 

▪️ အလွန်လျင်မြန်စွာ အိပ်ပျော်တတ်ခြင်းနဲ့ အတော်လေးကြာမှ အိပ်ပျော်ခြင်းတို့ဟာ စိုးရိမ်ရတယ်လို့ အိပ်စက်မှုပညာရှင်များ ဆိုပါတယ်။

 

▪️ ကျန်းမာသူတစ်ယောက်အတွက် အိပ်ပျော်ဖို့ကြာချိန်က ၁၅ မိနစ်မှ မိနစ် ၂၀ ကြားဖြစ်တယ်လို့ စိတ်ရောဂါနဲ့ အိပ်စက်မှုကျန်းမာရေး ပညာရှင် ခရစ္စတန်ကေဆီက ပြောပါတယ်။

 

▪️ ပုံမှန်အိပ်စက်မှု ရရှိရန်အတွက် ပုံမှန်အိပ်စက်ချိန် ထားရှိဖို့ အရေးကြီးပါတယ်။
ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော်သွားတာက နေထိုင်စားသောက်မှုပုံစံ ပြုပြင်ဖို့ လိုအပ်တာကို ညွှန်ပြနေပါတယ်။

 

▪️ အလွန်ပင်ပန်း နွမ်းနယ်တဲ့အခါ ချက်ချင်းအိပ်ပျော်တတ်ပြီး ဒါဟာ လုံလောက်စွာ အနားယူဖို့ အချိန်မရှိပါဘူး။

 

▪️ ပင်ပန်းပြီး အိပ်ပျော်တဲ့အခါ ကြာရှည်စွာ အိပ်ပျော်သွားတတ်ပေမယ့် တကယ်တမ်း ကျန်းမာရေးနဲ့ ညီညွတ်စွာ အိပ်စက်ရဖို့က ပိုအရေးကြီးပါတယ်။

 

▪️ အလွန်လှုပ်ရှားထားရလို့ ခန္ဓာကိုယ်က အိပ်စက်ချိန် အများကြီး လိုအပ်တာဖြစ်ပါတယ်။

 

▪️ ကြာရှည်စွာ အိပ်ရေးပျက်တဲ့အခါမှာတော့ စိတ်ဓာတ်ကျခြင်း၊ ပူပန်ခြင်းတို့ ဖြစ်စေနိုင်ပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

 

▪️ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း ပြဿနာက အတော်လေးအဖြစ်များပြီး အိပ်နေစဉ်မှာ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိတ်ဆို့ကာ အသက်ရှူရပ်သွားတတ်ပါတယ်။

 

▪️ ဒါမျိုးပြဿနာဖြစ်ရင် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။
အိပ်ပျော်ဖို့ အလွန်ကြာမြင့်ခြင်းကတော့ အိပ်မပျော်တတ်တဲ့ ပြဿနာထဲပါဝင်ပြီး စိတ်ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

 

▪️ အိပ်ချိန်အတည်တကျ မရှိခြင်း၊ ညဘက်အလုပ်လုပ်ရခြင်း၊ စိတ်ဖိစီးမှု၊ ပူပန်ခြင်းတို့ကြောင့် ဖြစ်လာနိုင်ပါတယ်။

 

▪️ အိပ်ရာမဝင်ခင် မိနစ် ၃၀ မှ ၆၀ လောက်အထိ ဖုန်း၊ ကွန်ပျူတာတို့မှ ထွက်တဲ့ အလင်းပြာကို ရှောင်ရှားဖို့လိုပါတယ်။

 

▪️ အိပ်မပျော်တဲ့အခါ စိတ်ဓာတ်ကျခြင်း ဖြစ်လာနိုင်ပြီး ထိုအခြေအနေကပဲ အိပ်မပျော်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။

 

▪️ စာဖတ်ခြင်း၊ ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်းတို့ဖြင့် စိတ်ပြေလျော့အောင် ပြုလုပ်နိုင်ပါတယ်။

 

#Source: New York Post