#Local_News
Published 14 October 2024


▪️ စမ်းချောင်းမြို့နယ်မြေနီကုန်း တောင်ရပ်ကွက် ပန်းခြံလမ်း၌ ယနေ့မနက်ပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ ၁၄ ရက်နေ့၊ မနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က  ရန်ကုန်တိုင်း‌ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ပန်းခြံလမ်းတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးထွက်ခွာခဲ့ရာမနက်၂ နာရီ ၃၂ မိနစ်အချိန်၌  မီးငြိမ်းခဲ့ကြောင်းသိရသည်။

 

▪️ ယင်းဖြစ်စဉ်နှင့်ပတ်သက် မီးလောင်မှုဖြစ်ပွားသည့်အကြောင်းအရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းနေကြောင်း သိရသည်။

 

#YMG/NN #Yangon_Times