#Local_News
Published 14 October 2024


▪️ ဒဂုံမြို့သစ်၊ အရှေ့ပိုင်းမြို့နယ်၌ မြေတူးစက်မီးလောင်မှုတစ်ခု ယနေ့နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ ၁၄ ရက်နေ့၊ နေ့လယ် ၁နာရီ  ၂၀မိနစ် အချိန်က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ကုန်းဘောင်လမ်းတွင် မြေတူးစက်(Backhoe)(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ်  ၁နာရီ ၃၅ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

▪️ ယင်းဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times