#World_Health
Published 13 October 2024


▪️ ရေအေးဖြင့် ရေချိုးဖို့က အတော်အားခဲရပေမယ့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေနိုင်တာကြောင့် အခုနောက်ပိုင်း စိတ်ဝင်စားလာကြပါတယ်။

 

▪️ ရေအေးဖြင့်ချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာဖြစ်သွားလဲဆိုတာနဲ့ ရနိုင်တဲ့ အကျိုးကျေးဇူးများကို လေ့လာဖော်ပြသွားပါမယ်။

 

- ဇီဝကမ္မဖြစ်စဉ် ရုတ်ချည်းပြောင်းလဲမှုများ
▪️ အရေပြားကို ရေအေးထိလိုက်တဲ့အချိန်မှာ ရုတ်တရက် ပြောင်းလဲမှုများဖြစ်ပေါ်ပါတယ်။

 

▪️ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူခြင်းတို့ ရုတ်တရက် မြင့်တက်လာပြီး ဒါဟာ အေးတဲ့ပတ်ဝန်းကျင်မှာ အသက်ရှင်နိုင်အောင် ခန္ဓာကိုယ်မှ သဘာဝအတိုင်း ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။

 

▪️ လူကို နိုးကြားစေကာ စွမ်းအင်မြှင့်တင်ပေးပါတယ်။

 

▪️ ရေအေးကြောင့် အရေပြားမျက်နှာပြင်ရှိ သွေးကြောများ ညှစ်လိုက်ကာ ရေချိုးပြီးနောက် နွေးသွားတဲ့အခါ သွေးကြောပြန်ကျယ်သွားပြီး သွေးစီးဆင်းမှု ကောင်းမွန်စေကာ နှလုံးသွေးကြော ကျန်းမာရေးကို အကျိုးရှိစေပါတယ်။

 

▪️ အအေးဓာတ်ကြောင့် အဆီညိုတစ်ရှုးကို လှုံ့ဆော်ပေးကာ အနွေးဓာတ်ထိန်းသိမ်းပေးပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

 

- ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း

▪️ အရေးကြီးဆုံး အကျိုးကျေးဇူးတစ်ခုက ကိုယ်ခံအား မြှင့်တင်ပေးတာပါပဲ။
သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးကာ ရောဂါကူးစက် ဝင်ရောက်ခြင်းများကို ကာကွယ်ပေးပါတယ်။

 

▪️ သာမန်အအေးမိ ဖျားနာမှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဆန်းစစ်ထားပါတယ်။

 

- စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်အခြေအနေ
▪️ အင်ဒေါ်ဖင်ဟော်မုန်း ထွက်စေသဖြင့် စိတ်အခြေအနေ မြှင့်တင်ပေးကာ ဖိစီးမှုများကို လျော့ကျစေပါတယ်။

 

▪️ အအေးဒဏ်ကို သည်းခံနိုင်တဲ့ အခြေအနေကြောင့် ဖိစီးမှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တိုးမြင့်လာပါတယ်။

 

- အရေပြားနဲ့ ဆံပင်အကျိုးကျေးဇူးများ
▪️ ရေအေးကြောင့် အရေပြား မွေးညင်းပေါက်များ တင်းကြပ်သွားသဖြင့် ဖုန်နဲ့ အညစ်အကြေးများ မဝင်ရောက်နိုင်ကာ အသားအရေ ပိုမိုတင်းရင်းနုပျိုစေပါတယ်။

 

▪️ ဆံကေသာကိုလည်း သန်စွမ်းတောက်ပြောင်စေကာ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

 

▪️ ဒီလိုအကျိုးကျေးဇူးတွေ ရှိပေမယ့် နှလုံးသွေးကြော ပြဿနာရှိသူတွေ၊ သွေးတိုးသူတွေကတော့ ပညာရှင်များနဲ့ အရင်တိုင်ပင်သင့်ပါတယ်။

 

▪️ အခုမှ ရေခဲဖြင့်စချိုးမယ်ဆိုရင် အရမ်းမအေးတဲ့ရေဖြင့် စတင်ချိုးကြည့်သင့်ပြီး ခန္ဓာကိုယ်က အပူချိန်ပြောင်းလဲမှုကို ကျင့်သားရစေပါတယ်။

 

#Source: DoctorNDTV