#World_Health
Published 13 October 2024
▪️ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂါတွေထဲမှာ မျက်လုံးအပါအဝင် ဖြစ်ပါတယ်။ လူအများစုက သူတို့ရဲ့ဘဝမှာ မျက်လုံးပြဿနာ တစ်ခုခု ခံစားရတတ်ပါတယ်။
စောစီးစွာ ပြဿနာကို သိရှိရင် ရောဂါအများစုက ကာကွယ်နိုင်ပါတယ်။

 

▪️ ဘယ်လိုကြောင့်ဖြစ်တဲ့ မျက်လုံးပြဿနာပဲဖြစ်ဖြစ် နေ့စဉ်နေထိုင်မှုဘဝမှာ ထိခိုက်လာနိုင်ပါတယ်။

 

▪️ ဒါကြောင့် မျက်လုံးပြဿနာများ ဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ဖြေရှင်းနည်းများကို သိရှိထားသင့်ပါတယ်။

 

(၁) မျက်လုံးခြောက်ခြင်း
▪️ မျက်လုံးတွေကနေ မျက်ရည် လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း၊ ခန်းခြောက်မြန်ခြင်းတို့ကြောင့် ဖြစ်တာဖြစ်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကွန်ပျူတာ၊ ဖုန်းတွေကို ကြာရှည်စွာ ကြည့်ရှုသူတွေမှာ ဖြစ်တတ်ပါတယ်။

 

▪️ မျက်စဉ်းခတ်ခြင်း၊ ရေများများသောက်ခြင်း၊ ကွန်ပျူတာအသုံးပြုပါက ၂၀-၂၀-၂၀ စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

 

(၂) မျက်စိနာခြင်း
▪️ မျက်ခွံအတွင်းသားတစ်ရှူး ရောင်ရမ်းခြင်း ဖြစ်တဲ့လက္ခဏာဖြစ်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ အလာဂျင်တို့ကြောင့် ဖြစ်တတ်ပါတယ်။

 

▪️ ပဋိဇီဝမျက်စဉ်းဆေး အသုံးပြုခြင်း၊ ဓာတ်မတည့်မှု သက်သာစေတဲ့ မျက်စဉ်းဆေး အသုံးပြုခြင်းဖြင့် သက်သာနိုင်ကာ တစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။

 

(၃) အတွင်းတိမ်
▪️ မျက်လုံးရဲ့ သဘာဝမှန်ဘီလူးမှာ တိမ်ဖြစ်ပြီး အမြင်ဝါးခြင်း ခံစားရနိုင်ပါတယ်။
များသောအားဖြင့် အသက်အရွယ်ကြောင့် ဖြစ်နိုင်သလို မျိုးဗီဇ အချက်အလက်များ၊ ဆီးချို၊ နေရောင်ထိတွေ့မှုတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

▪️ နေကာမျက်မှန်တပ်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာ စားခြင်းတို့ဖြင့် ကာကွယ်နိုင်သလို ခွဲစိတ်မှုလည်း ပြုလုပ်နိုင်ပါတယ်။

 

(၄) ရေတိမ်
▪️ မျက်လုံးမှာ ဖိအားများလာပြီး အမြင်အာရုံကြော ထိခိုက်ကာ အမြင်ကွယ်ခြင်း ဖြစ်တတ်ပါတယ်။

 

▪️ ဆေးညွှန်းထားတဲ့ မျက်စဉ်းဖြင့် အမြင်အာရုံကြော ထိခိုက်မှုကာကွယ်နိုင်သလို လေဆာကုသနည်း၊ ခွဲစိတ်ခြင်းတို့ဖြင့် မျက်လုံးတွင်း အရည်စီးဆင်းခြင်းကို တိုးတက်စေပြီး ဖိအားလျော့စေပါတယ်။

 

(၅) အဝေးမှုန်ခြင်း
▪️ အလင်းယိုင်ပြဿနာဖြစ်ပြီး အနီးကပ်အရာတွေကို ပြတ်သားစွာမြင်ပေမယ့် အဝေးကအရာတွေကို ကြည့်တဲ့အခါ ဝါးသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

▪️ ဒါက ကမ္ဘာပေါ်မှ လူသန်းပေါင်းများစွာ ခံစားနေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

 

▪️ ညွှန်ကြားထားတဲ့ မျက်မှန်တပ်ခြင်း၊ မှန်ဘီလူးကို ပုံမှန်ပြန်ဖြစ်စေတဲ့ မျက်ကပ်မှန်တပ်ခြင်းတို့ဖြင့် လက္ခဏာသက်သာစေပါတယ်။

 

(၆) အနီးမှုန်ခြင်း
▪️ အနီးရှိ အရာဝတ္ထုတွေကို မြင်နိုင်စွမ်း လျော့နည်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

▪️ အသက် ၄၀၊ ၅၀ ဝန်းကျင်လောက်မှာ စတင်ခံစားရနိုင်ပါတယ်။

 

▪️ စမ်းသပ်ညွှန်ကြားထားတဲ့ မျက်မှန်တပ်ခြင်းဖြင့် အမြင်အာရုံ ချိန်ညှိနိုင်သလို အလင်းယိုင်ခြင်းအပိုင်းကို ခွဲစိတ်ခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။

 

(၇) မျက်ကြည်လွှာအတွင်းသား ချို့ယွင်းလာခြင်း
▪️ တိကျပြတ်သားတဲ့ အမြင်အာရုံ ပေးစွမ်းနိုင်တဲ့ မျက်ကြည်လွှာ အစိတ်အပိုင်းဖြစ်တဲ့ မက်ကူလာက အသက်ကြီးလာတဲ့အခါ ချို့ယွင်းလာပြီး မျက်နှာများကို မှတ်မိမြင်နိုင်ရန် ခက်ခဲလာပါတယ်။

 

▪️ အစိမ်းရောင်အရွက်များ၊ ငါး၊ အခွံမာသီးတို့ စားသုံးခြင်းဖြင့် ရောဂါဆိုးရွားမှု လျှော့ချနိုင်သလို ပုံမှန်စစ်ဆေးခြင်းဖြင့် စောစီးစွာ တွေ့ရှိနိုင်ပါတယ်။

 

#Source: DoctorNDTV