#Local_News
Published 22 January 2024
အရှေ့တောင်အာရှ၌ သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၏ (၁၁၈)နှစ်ပြည့် ပွဲတော်ကိုယခုလအတွင်း လေးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။
အဆိုပါပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင် ပျော်ရွှင်ဖွယ်ရာအစီ အစဉ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ပွဲတော်ကာလအတွင်း တေးဂီတနှင့် အကအလှဖျော်ဖြေရေးအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များ၊ ချစ်စရာတိရစ္ဆာန် လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်နည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကလေးတို့အကြိုက် ဂိမ်းအစီအစဉ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများ၊ ဈေးရောင်းပွဲများအပါအဝင် ပျော်ရွှင်ဖွယ်ရာအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏(၁၁၈)နှစ်ပြည့် #ပွဲတော်လေးရက်တိုင်တိုင်ကျင်းပ #YMG/ NN #Yangon_Times
အစာဈေးမြင့်လာပေမယ့် ဆိတ်မွေးမြူရေးလုပ်ငန်းကလွှတ်ကြောင်းစနစ်နဲ့ အများဆုံးမွေးမြူတဲ့ အတွက် ထိခိုက်မှုမရှိပါဘူး လှောင်ခြံစနစ်နဲ့ မွေးတာကလဲကြီးကြီးမားမား အရောင်းဝယ်လုပ်သူတွေလောက်ပဲမွေးကျတာ လှောင်ခြံသမားတွေလည်း အရောင်းထုတ်ခံနီးမှသာ အစာကျွေးရတာများ ပါတယ်။
#Local_News
Published_ 22 January 2024
#ဆိတ်မွေးမြူသူပိုများ #အစာဖိုးမကုန်
#YMG/LW #Yangon_Times
'ကမ္ဘာ့ပေါက်ဈေး FOB ဈေးလည်းနိမ့်တယ်၊ အဓိကကတော့ ထိုင်းဈေးနည်းနည်းနည်းတော့ပြန်ဆင်းတယ်၊ အခုထိုင်းဖွင့်တဲ့ဈေးကကျတော့ ရန်ကုန်ဈေးဆိုလည်းတစ်ပိဿာကို
၁၅ကျပ်၊၂၀ လောက် ဆင်းသွားတယ်၊ ၂လပိုင်း၁ရက်နေ့ ထိုင်းပို့ဖို့ကြိုဝယ်ထားတာရယ်၊ အခုကတော့ ကုန်လမ်းတွေကသွားရတဲ့ အနေအထားနဲ့က ပင်လယ်ရေကြောင်းက သွားတာကိုပဲတော်တော်များများကဝယ်ကြပါတယ် '
#Local_News
Published_ 22 January 2024
#မြန်မာ့ပြောင်းထိုင်းတင်ပို့ #အကျဈေးဖြင့်ဝယ်ယူနေ
#Yangon_Times #YMG/NN
"အခေါက်ရွှေတုံး၊ ရွှေခဲ၊ ရွှေပြားတွေရဲ့ဈေးနှုန်းဟာ ပစ္စည်းရှားပါးမှု ပေါများမှု အပေါ်မူတည်ပြီး အတက်အကျရှိနိုင်သလို ရွှေအရည်အသွေးနဲ့ ရောင်းချတဲ့ဆိုင်တွေအပေါ်မူတည်ပြီး ဈေးနှုန်း အနည်းငယ်တော့ကွာခြားနိုင်တယ်။ ရွှေအရည်အသွေးက ၁၆ ပဲရည်တူတူပါပဲ" ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်
#Local_News
Published_ 22 January 2024
#ရွှေဈေးကွက်အတွင်းရွှေပြား #ရွှေခဲကတ်ပြားများစတင်ရောင်း
#Yangon_Times
#Local_News
Published 22 January 2024
ဂျပန်နိုင်ငံ ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ Nanao မြို့တော်ဝန်ထံသို့ အလှူရှင်များ ကိုယ်စား အလှူငွေ ယန်း၁ဒသမ၉၈သန်း ကို သွားရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တိုကျိုသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လှူဒါန်းငွေကို မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် နိုင်ငံ့ဝန်ထမ်းပညာ
တော်သင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြသော ဂျပန်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြသည့် မြန်မာကုမ္ပဏီများနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ယန်း ၁.၉၈ သန်း အား မြို့တော်ဝန် Mr. Yoshitaka Chatani ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် ၁-၁-၂၀၂၄ ရက်နေ့က ပြင်းအား ၇.၅ ရှိသော အင်အားကြီး ငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၂၃၂ ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူအများအပြားလည်းငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရကာ အဆိုပါ ဒေသတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ကယ်ဆယ်ရေးစင်တာများ တွင် ယာယီခိုလှုံနေထိုင်ခဲ့ရကြောင်းသိရသည်။
#Local_News #ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး #ယန်း၁.၉၈သန်းပေးအပ်လှူဒါန်း #YMG/LW #Yangon_Times
#Local_News
Published 22 January 2024
မော်လမြိုင်မြို့ကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ်တွင် ကား၊ သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ဆိုင်ကယ်၁စီးတို့ ၃စီးဆင့်တိုက်မိသဖြင့် အမျိုးသမီး၁ဦး ေ-သဆုံး ကာ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လူမူကူညီရေးအသင်းများထံက သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ည ၉ နာရီခန့်က မော်လမြိုင်မြိုကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ် မစရ၅ အနီးတွင် မော်လမြိုင်ဘက်ကမောင်းနှင်လာသော Probox ယာဉ် ၁ စီးမှာ အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်၁စီးနှင့် ဆိုင်ကယ်၁စီး ၃စီးဆင့်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်အတွင်း ကလးငယ် ၆ ဦး နှင့် လူကြီး ၆ ဦး စုစုပေါင်း(၁၂) ဦးထိခိုက်ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူများအား မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘို၀င်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်အရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့၊ မိုးစေတနာပရဟိအသင်း(မော်လမြိုင်) မုဒုံလူငယ် ပရဟိတအဖွဲ့တို့မှ လူနာများအားပြုစုကုသပေးပြီး လူနာတင်ယာဉ်၅စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးရုံကြီး OPD အရောက်တွင် အမျိုးသမီး (၁)ဦးမှာ ေ-သဆုံးသွားသဖြင့် ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲမှဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကား၃စီးဆင့်တိုက်မှုဖြစ် #၁ဦး ေ-သဆုံးကာ၁၁ဦးဒဏ်ရာရ #YMG/LW #Yangon_Times
#World_Politics
Published 22 January 2024
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား အကြိုရွေးကောက်ပွဲမတိုင်မီ ၂ ရက်အလိုမှာပဲ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က သမ္မတရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းစဥ်များ အဆုံးသတ်ခဲ့ကာ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း ဖော်ပြလိုက်ပါတယ်။
ဒါဟာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်နေရာအတွက် ထရမ့်ကို အခိုင်အမာစိန်ခေါ်လာခဲ့တဲ့ ကုလသမဂ္ဂ သံအမတ်ဟောင်း နစ်ကီဟာလေကို ကျော်လွန်ပြီး ထရမ့်ကို ထောက်ခံလိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ရီပတ်ဘလစ်ကန်ဘက်မှာ ထရမ့်နေရာ အစားထိုးနိုင်မယ်လို့ ထင်ကြေးပေးခံရဆုံး ဒီဆန်းတစ်ဟာ အိုင်ယိုဝါမှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်ခဲ့ပေမယ့် ထရမ့်ကိုရှုံးနိမ့်ခဲ့ပြီးနောက် အခုလိုမျိုး ထောက်ခံလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဟာလေဟာ ထရမ့်နဲ့ တစ်ယောက်ချင်း ယှဥ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ထရမ့်က တရားစွဲဆိုချက် ၄ ခုဖြင့် ရင်ဆိုင်နေရပေမယ့် ရီပတ်ဘလစ်ကန်ဘက်မှာ အခိုင်အမာ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
ဒီဆန်းတစ်ထောက်ခံသူတွေက အလယ်အလတ်လမ်းစဥ် ပိုကျတဲ့ ဟာလေထက်စာရင် ထရမ့်ဘက်ကိုပြောင်းပြီး ထောက်ခံချင်နေပါတယ်။
နယူးဟမ့်ရှိုင်းယားမှာ ဒီဆန်းတစ်ထောက်ခံသူ ၃ ပုံ ၂ ပုံခန့်က ထရမ့်ကို ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ထားကြတယ်လို့ နယူးဟမ့်ရှိုင်းယား စစ်တမ်းဌာနတက္ကသိုလ်မှ ညွှန်ကြားရေးမှူး အန်ဒရူးစမစ်က ပြောပြသွားပါတယ်။
ယမန်နှစ်က ဒီဆန်းတစ်ကို တစ်ချိန်လုံး တိုက်ခိုက်နေခဲ့တဲ့ ထရမ့်က ရိုချက်စတာမှာ တနင်္ဂနွေနေ့ညနေခင်းမိန့်ခွန်း ပြောကြားရာမှာ အုပ်ချုပ်ရေးမှူးဟောင်း ဒီဆန်းတစ်ကို ချီးကျူးသွားပြီး သမ္မတဂျိုးဘိုင်ဒင်ကို အနိုင်ရရန် အတူတကွ လုပ်ဆောင်သွားဖို့ မျှော်လင့်နေကြောင်း ဆိုလိုက်ပါတယ်။
ထရမ့်က နယူးဟမ့်ရှိုင်းယားမှာ ဟာလေကို အသာရနေသလို ကယ်ရိုလိုင်းနား တောင်ပိုင်းမှာလည်း ဦးဆောင်ထားပါတယ်။
ဒီဆန်းတစ် ပြိုင်ပွဲမှ ဆုတ်ခွာသွားခြင်းက ရီပတ်ဘလစ်ကန် ယှဥ်ပြိုင်မှုမှာ ကြီးကြီးမားမား ပြောင်းလဲသွားဖွယ် မရှိဘူးလို့ အချို့က သုံးသပ်ထားကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဆန်းတစ် မယှဥ်ပြိုင်တော့တာဟာ ထရမ့်အတွက် အကျိုးရှိသွားတာ အသေအချာပါပဲ။
#World_Politics #ရွန်ဒီဆန်းတစ်နှုတ်ထွက် #ထရမ့်ကိုထောက်ခံချက်ပေး #Source: Reuters
#Local_News
Published_ 22 January 2024
ပြည်တွင်း၌ ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိရသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့်သူများတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို တွေ့ရှိရပြီး ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၅၀ နှင့်အထက်ရှိသူများ အသက် ၆၅ နှင့်အထက်ရှိသူများ၊သွေးတိုး၊ဆီးချို၊ နှလုံး၊ကင်ဆာ အခြားရောဂါအခံရှိသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံသင့်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း သိရသည်။
#Local_News #ကိုဗစ်၁၉ရောဂါ #MOHSသတိပေး #YMG/NN #Yangon_Times
#World_Health
Published 22 January 2024
ဘရာဇီးလ်ကလေးငယ်တစ်ဦးဟာ ၂၀၂၂ မှာ ကျောက်ကပ် ၄ ခုဖြင့် မွေးဖွားလာကာ အလွန်ရှားပါးတဲ့ မွေးရာပါ ချို့ယွင်းမှုတစ်မျိုး ဖြစ်နေပါတယ်။
သားအိမ်ထဲမှာ ရှိနေစဥ်က ကျောက်ကပ်ပြဿနာ ရှိခဲ့ပေမယ့် ဘာလဲဆိုတာ အတိအကျ မသိခဲ့ပါဘူး။
၅ လသားအရွယ်မှာ ခွဲစိတ်မှုလုပ်တဲ့အခါမှ ကျောက်ကပ်အပို ၂ ခုရှိနေတာကို ဆရာဝန်များ သိရှိခဲ့ကြပါတယ်။
လူအများစုက ကျောက်ကပ် ၂ ခုဖြင့်မွေးဖွားလာကြပြီး အယောက် ၁၀၀၀ မှာ ၁ ယောက်နှုန်းက ကျောက်ကပ် ၁ ခုဖြင့် မွေးဖွားတတ်ပါတယ်။
ကျောက်ကပ်အပိုပါလာတဲ့ ကလေးတွေလည်းရှိပြီး ကိုယ်ဝန်ဆောင်စဥ်မှာ ကျောက်ကပ်တိုင်က ပုံမှန်မဟုတ်ဘဲ ကွဲသွားခြင်းကြောင့် ဖြစ်တယ်လို့ ယူဆထားပါတယ်။
ထိုကလေးကို ဗိုက်ခွဲမွေးပြီးနောက် ဆေးရုံမှာ ဖန်ပြွန်အိမ်ထဲ ထည့်ထားခဲ့ပါတယ်။
ပိုတဲ့ကျောက်ကပ်က ပိတ်ဆို့နေပြီး ဆီးတွေစုပြုံလာပြီးနောက် ညာဘက်အပေါ်ကျောက်ကပ်ကို ဖယ်ရှားခဲ့ပါတယ်။
ဒီအတွက် ကျောက်ကပ်က ကြီးလာပြီး အစာအိမ်နဲ့ အူတွေကို ဖိထားလိုက်ပါတယ်။
ဖယ်ရှားလိုက်တဲ့ ကျောက်ကပ်က သွေးကြောတွေ ပုံမှန်မဟုတ်တာကြောင့် လှူဒါန်းလို့ မရပေမယ့် ဓာတ်ခွဲခန်းစစ်ဆေးဖို့ ပို့ဆောင်လိုက်ပါတယ်။
ကျန်တဲ့ကျောက်ကပ် ၃ ခုကတော့ ပုံမှန်အတိုင်း လုပ်ဆောင်နေပါတယ်။
အရွယ်ရောက်တဲ့အချိန်အထိ နှစ်ပေါင်းများစွာ စစ်ဆေးမှုတွေ ခံယူသွားရမှာ ဖြစ်ပါတယ်။
အခုဆို ၁၃ လရှိပြီဖြစ်တဲ့ ကလေးငယ်ဟာ အအေးမိတဲ့အခါတိုင်း အဆုတ်ရောင်နေပြီး အဆုတ်တွေက ထိခိုက်လွယ်နေပါတယ်။
#World_Health #ကျောက်ကပ်(၄) #ဘရာဇီးလ်မှကလေးငယ် #အသက်ရှင်သန်လျက်ရှိ #Source: New York Post
#World_Health
Published 22 January 2024
ဂွမ်းနားကြပ်တံ အသုံးပြုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေကာ မှန်ကန်တဲ့ နည်းလမ်းကို သိချင်နေကြပါတယ်။
ဒါကြောင့် ဗြိတိန်မှ ဆရာဝန်တစ်ဦးက မှန်ကန်တဲ့ နားသန့်ရှင်းရေးနည်းလမ်းကို ဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နားတွေကို ဘယ်လိုသန့်ရှင်းရမလဲဆိုတော့ သန့်ရှင်းပေးဖို့ မလိုဘူးလို့ ဒေါက်တာဆူဂျာက သူ့ရဲ့တစ်တော့မှာ အကြံပြုသွားကာ ၁၂ စက္ကန့်ကြာ ဗီဒီယိုက ကြည့်ရှုသူ သောင်းနဲ့ချီသွားပါတယ်။
မိမိရဲ့တံတောင်ဆစ်ထက်သေးတဲ့ ဘယ်အရာဝတ္ထုမဆို နားထဲမထည့်သင့်ကြောင်း၊ အဝတ်စဖြင့် နားအပြင်ဘက်ကို သုတ်သင်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။
၁၉၉၀ မှ ၂၀၁၀ အတွင်း နားကြပ်တံအသုံးပြုခြင်းကြောင့် နားဒဏ်ရာရရှိကာ အရေးပေါ်ကုသမှုခံယူရတဲ့ ကလေးငယ်ပေါင်း အမေရိကန်မှာ ၂၆၄၀၀၀ ဦး ရှိခဲ့ပါတယ်။
နားကြပ်တံကြောင့် နားရောဂါကူးစက်မှုတွေနဲ့ ဘေးအန္တရာယ်တွေလည်း ရှိလာနိုင်တယ်လို့ ဒေါက်တာ ခရစ်ဂျာတာနာက ဆိုပါတယ်။
နားလမ်းကြောင်းတွေကို အိမ်မှာပင် သန့်ရှင်းရေးလုပ်နိုင်ပြီး ဒီအတွက် ဂွမ်းနားကြပ်တံတွေက သင့်လျော်တယ်ဆိုတဲ့ အယူအဆတွေကို ပယ်ချလိုက်ပါတယ်။
နားတွင်းက သူ့အလိုလို သန့်ရှင်းရေးလုပ်နိုင်ကြောင်း၊ ဂွမ်းနားကြပ်တံက နားဖာချေးတွေကို နားစည်သို့ ပိုမိုရောက်ရှိစေတဲ့အပြင် နားဒဏ်ရာရနိုင်ခြေလည်း များတယ်လို့ ဂျာတာနာက ရှင်းပြပါတယ်။
နားကြပ်တံ အသုံးပြုခြင်းကြောင့် အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်း၊ မူးဝေခြင်း စတာတွေဖြစ်နိုင်ပြီး နားဖာချေးတွေ ဖယ်ရှားဖို့အတွက် ဇွန်းရှည်၊ ညှပ်တံ၊ စုပ်စက်တို့ဖြင့် အသုံးပြုနိုင်တယ်လို့ ဒေါက်တာဆူဂျာက အကြံပေးလိုက်ပါတယ်။
#World_Health #နားသန့်ရှင်းရေး #အကောင်းဆုံးနည်းလမ်း #Source: The Jerusalem Post
#Local_News
Published_21 Jan 2024
နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများပြုလုပ်နိုင်မည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇)ထပ်ကုသဆောင် သစ်ကြီးတွင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ၊ ပုံရိပ်ဖော်နည်း ပညာ ဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါလူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ် ကုသဌာနတို့ပါဝင်သောကြောင့် ပြည်သူများ အနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာ အဆင့် မြင့်မားသည့် ကုသမှုများကို ပိုမိုရရှိနိုင်တော့မည် ဖြစ်ကြောင်း နစက ဥက္ကဌက အဆိုပါ ဆေးရုံဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
ယခု(၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး အကြောင်းအမျိုး မျိုး ကြောင့် ကြန့်ကြာခဲ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ဆေးရုံ ဆောက်လုပ်ခြင်းကို ပြီးစီးအောင် တစ်စိုက် မတ်မတ် ဆက်လက်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်း ကပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်တည်ရှိပြီး မြန်မာ နိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများ အားကိုးအားထားပြုရပြီး ဆေးပညာသင်ကြားရေး အတွက်လည်း ခေတ်အဆက်ဆက် အဓိကကျသည့် ဆေးရုံကြီးလည်းဖြစ်ကြောင်း။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၇၃ ခုနှစ် ကတည်းက (၄၈၃)ခုတင်နှင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက် ဆက် တွင် ခုတင်များ တိုးမြှင့်လာခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ဆောင်အသစ်ကြီး ဆောက်လုပ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ ခုတင် (၂၀၀၀) ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုး တက် များပြားလာသည့် လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေး ကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံ တကာအဆင့်မီ ဆေးကုသမှုကို ပြည်သူများ ရရှိခံစားနိုင်စေရန်အတွက် ထပ်မံ ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။
နစက အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလမှစတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ် ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ ဆေးရုံ ကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ ကြီး၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးစသည့် ဆေးရုံ ကြီး များတွင် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး(ရန်ကုန်)တို့တွင် တိုးချဲ့ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေး ရုံများတွင် (၂)ထပ် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့အတွက် သင်ကြားရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဌာနခွဲများ ဖွင့်လှစ်ပေးခြင်း စသည်တို့ကို မြှင့်တင် ဆောင် ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
#Local_News #နိုင်ငံတကာအဆင့်မီဆေးကုသမှု #(၇)ထပ်ကုသဆောင်သစ်ယနေ့ဖွင့်လှစ် #Yangon_Times/PP
Page 699 of 1817