#World_Health
Published 15 October 2024


▪️ ရေချိုးခန်းထဲက နမူနာ ရေပန်းခေါင်း ၉၂ ခုနဲ့ သွားတိုက်တံ ၃၄ ခုတို့ကနေ အမျိုးမျိုးသော ဗိုင်းရပ်စ် ၆၀၀ ကျော်ကို အနောက်မြောက်ပိုင်းတက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ တွေ့ရှိတဲ့ ဗိုင်းရပ်စ်အရေအတွက်က အတော်လေးများလွန်းပြီး သိပ်မသိတဲ့ ဗိုင်းရပ်စ်တွေရော မမြင်ဖူးတဲ့ ဗိုင်းရပ်စ်တွေလည်း ပါဝင်တယ်လို့ အဏုဇီဝပညာရှင် အဲရစ်ကာဟာ့တ်မန်းက ပြောပါတယ်။

 

▪️ ရေပန်းခေါင်းတွေနဲ့ သွားတိုက်တံတွေမှာ တွေ့ရတဲ့ ပိုးမွှားတွေက ဘက်တီးရီးယားတွေကို စားပစ်တဲ့ ဗိုင်းရပ်စ်တွေသာ ဖြစ်ပါတယ်။

 

▪️ အများဆုံးကတော့ တီဘီ၊ အနာကြီးရောဂါ၊ အဆုတ်ရောဂါအချို့ စတဲ့ရောဂါတွေဖြစ်စေတဲ့ မိုင်ကိုဘက်တီးရီးယားတွေကို စားပစ်တဲ့ဗိုင်းရပ်စ်တွေ ဖြစ်ပါတယ်။

 

▪️ ဒီလိုရောဂါပိုးတွေကို ရှင်းပစ်တဲ့ဗိုင်းရပ်စ်တွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာပြီး ဘယ်လိုအသုံးချရမလဲဆိုတာ ရှာဖွေရမယ်လို့ ဟာ့တ်မန်းက ရှင်းပြပါတယ်။

 

▪️ သွားတိုက်တံတွေမှာ တွေ့ရတဲ့ အဏုဇီဝပိုးမွှားအများစုဆိုရင် ပါးစပ်ထဲကနေလာတာ ဖြစ်ပြီး လေမှုန်များစွာ ပါဝင်ပါတယ်။

 

▪️ ပိုးမွှားတွေဟာ မျက်နှာပြင်တွေ နံရံတွေမှာ အသက်ရှင်ဖို့ ခက်ခဲပြီး ရေရှိတဲ့နေရာမှာ ရှင်သန်ကြတာကြောင့် ရေပန်းခေါင်းတွေနဲ့ သွားတိုက်တံတွေမှာ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ ရေပန်းခေါင်းတွေကို ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြောခြင်း၊ ရှာလကာရည် စိမ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း၊ လျှပ်စစ်သွားတိုက်တံခေါင်းတွေကိုလည်း ပုံမှန်အစားထိုးသင့်ကြောင်း အကြံပြုပါတယ်။

 

▪️ ပိုးမွှားတွေဟာ နေရာတကာမှာ ရှိပေမယ့် အများစုက လူတွေကို ရောဂါမဖြစ်စေကြောင်း၊ ပိုးသတ်ဆေးတွေ သုံးမယ်ဆိုရင် ဆေးယဉ်ပါးဖြစ်လာနိုင်ကြောင်း၊ ဒီတိုင်းထားတာ ပိုသင့်လျော်ကြောင်း ပြောပါတယ်။

 

#Source: New York Post