#World_Health
Published 15 October 2024


▪️ သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိန်းသိမ်းရာမှာ သွားတိုက်ခြင်း၊ သွားကြားထိုးခြင်းတို့အပြင် အစားအစာနဲ့လည်း ပတ်သက်နေပါတယ်။

 

▪️ အချို့သော အသီးအနှံတွေဟာ ခံတွင်းသန့်ရှင်းရေးကို အားပေးတဲ့အပြင် ဗိုက်တာမင်နဲ့ သတ္တုဓာတ်များလည်း ပေးစွမ်းနိုင်ပါတယ်။

 

(၁) ပန်းသီး
▪️ သဘာဝသွားတိုက်တံလို့လည်း ခေါ်ဝေါ်ကြတဲ့ ပန်းသီးဟာ သွားဖုံးနဲ့သွားတွေကို ထိရောက်စွာ လှုံ့ဆော်ပေးပါတယ်။

 

▪️ တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး စားကြွင်းစားကျန်တွေနဲ့ အန္တရာယ်ပြု ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။

 

▪️ မယ်လစ်အက်ဆစ်က သွားအစွန်းချေးတွေကို ဖယ်ရှားပေးပြီး သဘာဝအတိုင်း သန့်စင်ပေးပါတယ်။

 

(၂) စတော်ဘယ်ရီ
▪️ ဗိုက်တာမင်စီက ကော်လာဂျင်ထုတ်လုပ်မှုကို အား‌ပေးပြီး သွားဖုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

 

▪️ သွားဖုံးနဲ့ သွားတွေကို ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးပြီး ဖြူစင်ပေးပါတယ်။

 

▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ပြီး သဘာဝအတိုင်း သွားတွေကို ဖြူစေပါတယ်။

 

(၃) ကီဝီသီး
▪️ သူ့မှာလည်း ဗိုက်တာမင်-စီ ပါဝင်တာကြောင့် သွားဖုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး သွားဖုံးရောင်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

▪️ သွားဖုံးသွေးယိုခြင်းကို ကာကွယ်ပေးပြီး ခံတွင်းကြံ့ခိုင်သန်စွမ်းစေပါတယ်။

 

(၄) လိမ္မော်သီး
▪️ ဗိုက်တာမင်-စီ ကြွယ်ဝတာကြောင့် သွားဖုံးများသန်မာစေကာ ရောဂါကူးစက်မှုများမှ ကာကွယ်ပေးပါတယ်။

 

▪️ သွေးကြောများနဲ့ တွယ်ဆက်တစ်ရှူးများကို သန်မာစေကာ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး ပိုးသန့်စင်ပေးပါတယ်။

 

(၅) နာနတ်သီး
▪️ အစွန်းချွတ်ပြီး သွားချေးတွေကို ဖယ်ရှားပေးတဲ့ သဘာဝအင်ဇိုင်းမ် ပါဝင်ပါတယ်။

 

▪️ ဘက်တီးရီးယားများ ပေါက်ဖွားမှုကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုများကို လျှော့ချပေးပါတယ်။

 

▪️ အသီးအနှံများက အာနိသင်ပေးတယ်ဆိုပေမယ့် ခံတွင်းသန့်ရှင်းရေးကို လက်တွေ့ကျကျ ကျင့်သုံးဖို့ကလည်း အရေးပါနေပါတယ်။

 

#Source: DoctorNDTV