#Local_News
Published 15 October 2024


ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် နှင့်အရံစေတီများကို  ရွှေသင်္ကန်းကပ်လှူရန် အတွက် ရွှေစင်၊ရွှေပြားနှင့် ရွှေဆိုင်းလုပ်ငန်းများအား တင်ဒါခေါ်ယူနေကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်၊၊

 

ထိုသို့ စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရာတွင်  ၉ လက်မပတ်လည် ရွှေစင်ရွှေပြားကပ်လှူသည့်လုပ်ငန်း၊ စေတီတော်ကြီး၊ အရံစေတီများနှင့် ရင်ပြင်တော်ရှိစေတီများကို ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းနှင့် နှစ် လက်မပတ်လည် ရွက်ရေ (၁၀၀) ပါ ရွှေဆိုင်း ၇,၅၀၀ ဆိုင်း တင်သွင်းသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့်  လျှောက်လွှာတစ်စုံကို ငွေကျပ် ၃ သောင်းဖြင့်ဝယ်ယူနိုင်ပြီး စျေးပြိုင်တင်ဒါတင်သွင်းနိုင်ကာ အောက်တိုဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန် နောက်ဆုံးထားပြီး လျှောက်လွှာများကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်၊၊

 

#YMG/NN #Yangon_Times