#Local_News
Published 15 October 2024


▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှုခင်းများကို  မီးပုံးပျံများဖြင့် ရှုခင်းကြည့်ရှုခြင်းများကို ယခုသီတင်းကျွတ်ကာလမှစတင်၍ ပြန်လည်ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ရွှေလေတံခွန် (နီညိုရောင်) မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့သည်  အောက်တိုဘာလ ၁၆ ရက်၊ မနက် ၆ နာရီမှစတင်၍ ပုဂံဒေသ၌  ယခုနှစ်ဆောင်းရာသီ Balloons ပျံသန်းခြင်းများ စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ကြောင့် ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့မှ ပိုင်းလော့ KX-Gavm နှင့်ပိုင်းလော့ K-Andy တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ  မိုးပုံးပျံများစီးနင်းခြင်းဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ်အလှရှုခင်းများ၊ ထန်းပင်ထန်းတော များ၊ အညာဒေသမှာပေါက်ရောက်သည့်  ထနောင်းပင်များ၊ တမာပင်များ၊ ရှားစောင်းပင်၊ ရှေးဟောင်းအဆောက်အအုံ များနှင့် တုရင်တောင်တန်း၊ တန့်ကြည့်တောင်တန်းနောက်ခံနှင့် ဧရာဝတီမြစ်အလှတို့ကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မီးပုံးပျံ စီးနင်းခြင်းကို နိုင်ငံခြားသားခရီးသွားများအပြင် ပြည်တွင်းခရီးသွားများပါ စီးနင်လာကြကြောင်း သိရသည်။

 

#YMG/NN #Yangon_Times