၁၅ အောက်တိုဘာ ၂၀၂၄

လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမည်မဟုတ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌတာဝန်လည်းယူထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၁၅ရက်   နေ့မနက်က နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်    ဆိုခြင်း (၉)နှစ်မြောက် နှစ်ပတ်လည်နေ့မိန့်ခွန်းတွင်  ယင်းကဲ့သို့ အတိအလင်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

“ လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကိုပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်  အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေးအမြင်မတူမှုများကနေ ပေါ်ပေါက်လာခြင်းဖြစ်တာကြောင့်

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများပြုလုပ်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပြီး  တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြပါလို့လည်း သူက ထပ်မံဖိတ်ခေါ် ခဲ့ပါတယ်။

 “မြန်မာ”ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့ကိုချီတက်ကြတဲ့နေရာမှာ NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်

ကြရမှာဖြစ်တယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်းပြောကြားပါတယ်။ ယင်းအပြင် ပူးပေါင်းဆောင်ရွက် ကြရာ၌ ထာဝရငြိမ်းချမ်းရေးကို အမှန်လိုလားစိတ်နှင့် အချင်းချင်းပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊တာဝန်ခံမှုများနှင့် ချမှတ်ပြီးသားကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းသွားကြဖို့လည်း သူက ဆက်လက်ပြောကြားပြီးငြိမ်း  ချမ်းရေးနှင့် ပတ်သက်ရင် NCA လမ်းကြောင်းအတိုင်း သွားမှာဖြစ်တယ်လို့ပါ ထပ်မံအသိပေးပြောကြားပါတယ်။

“၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA ၊ TNLA ၊AA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေ   ရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူများရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ ဗိုလ်ချုပ်   မှူးကြီးက ပြောဆိုလိုက်ပြီး  အဲဒီလိုအကြမ်းဖက်မှုတွေရဲ့နောက်ကွယ်မှာ အမျိုးမျိုးသောပံ့ပိုးမှုတွေ အဓိကပါဝင်     နေတာကိုလည်း တွေ့ရှိရတယ်” လို့ ဆက်လက်ပြောဆိုပါတယ်။

အကြမ်းဖက်သောင်းကျန်းသူများရဲ့ ခေတ်အဆက်ဆက်လက်နက်ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကို အကြောင်း ပြပြီး လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဝေဖန်    ပြောဆိုပါတယ်။သူတို့ဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီးပြည်ထောင်စုကြီးကို အတူ    တကွတည်ဆောက်ဖို့ထက် တစ်သီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတာကို တွေ့ရှိရတယ်လို့  လည်း ဆိုပါတယ်။

ပြည်သူလူထုဟာ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ရွံရှာမုန်းတီးနေပြီး တပ်မတော်နဲ့အတူ အကြမ်းဖက်

နှိမ်နင်းရေး လုပ်ငန်းတွေအပေါ်မှာ တက်ကြွစွာပူးပေါင်းပါဝင်လာခဲ့ကြတယ်လို့ ဗိုလ်ချုပ်မှူးကြီးက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

တပ်မတော်အနေနဲ့အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့လိုအပ်တဲ့လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာ    တွေကို ထပ်မံဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားတွေရဲ့အသုံးချမှု မခံရအောင် သတိပြုကြဖို့ ဗိုလ်ချုပ်မှူးကြီးက ထပ်မံသတိပေးပြောဆိုခဲ့ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်NCAကို ၂၀၁၅ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး   (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ  အကျိုးပြုကရင်တပ်မတော်(DKBA)၊ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား     တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ ဖြစ်ကြပါတယ်။

@ymg/knl