#Local_News
Published 15 October 2024

▪️ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပွားနေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည်နောက် (၂)ရက်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံတွင် ‌အောက်တိုဘာ(၁၅)ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟုခန့်မှန်းထားသည်။

 

▪️ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုထားသည်။

 

▪️ နေပြည်တော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းပြီးမိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်သလို ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် မိုးထစ်ချုန်း ၍ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်သော်လည်း မိုးရွာရန်ရာခိုင်နှုန်းနည်းမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times