#Local_News
Published 15 October 2024

▪️ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်း၌  ယာဉ်(၁)စီးတိမ်းမှောက်ပြီးတစ်ဦး ‌ေ_သဆုံးမှုတစ်ခု ယနေ့နေ့လည်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ၁၅ရက်နေ့၊ နေ့လယ် ၁၁နာရီ  ၁၂ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ လှော်ကားလမ်း၊ ဂိတ်(၁)အနီးတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 

▪️ ထို့နောက် နေ့လယ် ၁၂ နာရီ ၇ မိနစ်အချိန်တွင် ယာဉ်မောင်း(၁)ဦး( ‌ေ_သဆုံး)အား ပါရမီရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ယင်းတိမ်းမှောက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times