#Local_News
Published 15 October 2024


▪️ ရွှေတိဂုံစေတီတော်မြတ်ကြီး ၌အောက်တိုဘာ၁၇ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ ‌၌ ဆီမီးတစ်သောင်းပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်းရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

▪️ ထိုသို့ကျင်းပရာတွင် သီတင်းကျွတ် လပြည့်အကြိုနေ့ဖြစ်သည့်  (၁၆) ရက် ညနေ၌  မီးထွန်းပူဇော် သွားမည်ဖြစ်ကာ  ညနေ (၅)နာရီတွင်   မီးစေတီတွင်  မီးထွန်း၍ ရွှေတိဂုံစေတီတော်အား လှည့်လည်ပူဇော်သွားမည်ဖြစ်ရာဘုရားဖူး ပြည်သူများအနေဖြင့် သီတင်းကျွတ် အခါသမယတွင် မီးပူဇော်ခြင်းကို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

▪️ ထို့အပြင် အောက်တိုဘာ၁၇ရက်တွင်လည်း သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် အဖြစ် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများနှင့် မီးစေတီ (၅)ဆူလှည့်လည်ခြင်းနှင့် ဆီမီး (၁၀,၀၀၀) ပူဇော်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ  သီတင်းကျွတ်လပြည့်နေ့ တွင်  နံနက် (၅) နာရီမှ ည (၉) နာရီ အထိ ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times