16 April 2024
ရုပ်ရှင်နှင့်ဗီဒီယိုဟာသ သရုပ်ဆောင် လူရွှင်တော် ဝက်မယနေ့ ဧပြီလ (၁၆)ရက် သင်္ကြန်အတက်နေ့ တွင်ကွယ်လွန်သွားကြောင်း လူရွှင်တော်အသိုင်းအဝိုင်းမှ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၅၉)နှစ်ရှိပြီဖြစ်ပြီး နှလုံး၊သွေးတိုးနှင့် ကျောက်ကပ်ရောဂါများလည်း ခံစားခဲ့ရသည်ဟုဆိုသည်။
ပြည်သူချစ်သည့် ရုပ်ရှင်နှင့်ဗီဒီယိုဟာသ သရုပ် ဆောင် လူရွှင်တော် ဝက်မသည်အသက် (၅၉)နှစ်သည် ယနေ့နံက်၆း၃၀ တွင် ကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက် မိသားစုနဲထပ်တူနှမြောတသ ဝမ်းနည်းကြေကွဲရကြောင်း၊ကောင်းရာဘုံဘဝကိုရောက်ပါစေကိုဝက်မရေ ဟု လူရွှင်တော်ကောင်းကျော်မှ ရေးသားဖော်ပြထားသည်။
ယင်းအပြင်မဏိရွှေစင်ရုပ်ရှင်မိသားစုမှ ဝေဠုကျော်နှင့်ရေကြည်ချမ်းမြကလည်းဝမ်းနည်းကြေကွဲကြောင်း ကို ရုပ်ရှင်နှင့်ဗီဒီယို ဟာသ သရုပ်ဆောင် လူရွှင်တော် ဝက်မ သည် ယနေ့နံက်၆း၃၀ တွင် ကွယ်လွန် သွားကြောင်းကြားသိရသည့်အတွက် မိသားစုနဲထပ်တူ နှမြောတသ ဝမ်းနည်းကြေကွဲရကြောင်း၊ ကောင်းရာဘုံဘဝကိုရောက်ပါစေကိုဝက်မရေဟု ရေးသားဖော်ပြထားကြောင်း သိရသည်။
tthl
Yangon_Time
Published_16 April 2024
နှစ်သစ်ကူးအချိန်တွင် နိုင်ငံရေးအရ ဖမ်းဆီးထိန်း သိမ်းထားသူများအား ပြန်လည်လွှတ်ပေးရန် ပြည်သူ့ပါတီက ယနေ့ ဧပြီလ ၁၆ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
ယင်းတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း မြန်မာနှစ်ကူးအခါသမယတွင် နိုင်ငံရေးအရ ဖမ်း ဆီးထိန်း သိမ်းထားသူများအား ပြန်လည်လွှတ်ပေးခြင်းအားဖြင့် နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းလိုသော စိတ် ကောင်း စေတနာကို ပြသပါရန် တောင်းဆိုတိုက်တွန်းအပ်ပါကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ကုန်လွန်ခဲ့သည့်နှစ်ဟောင်းတွင် ကြုံတွေ့ခဲ့ကြရသည့် နိုင်ငံရေး စစ်ရေးပဋိပက္ခများ၊ လူမှုစီးပွား အနိဋ္ဌာရုံများသည်လည်း ဆယ်စုနှစ်များစွာ သန္ဓေတည်ခဲ့သည့် အကြောင်းတရားများ ပေါင်းစုဖြစ်ပေါ်လာသော ဆိုးကျိုးတရားများပင် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခသည် ပြည်တွင်းရေးသက်သက်မဟုတ်တော့ဘဲ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသ တွင်း နှင့်နိုင်ငံတကာအခင်းအကျင်းများနှင့်ပါ ဆက်စပ်လျက်ရှိသောကြောင့်ဘက်အသီးသီးမှ ခေါင်းဆောင်များ အ နေဖြင့်လည်းကောင်း၊ ပြည်သူအများအကြားတွင်လည်းကောင်း၊ ထင်ရောင်မှားမှုများ၊ လှုံ့ဆော်စည်းရုံးမှု များကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော မျှော်လင့်ချက်အမှားများသည် ပဋိပက္ခ၏ အနိဋ္ဌာရုံများကိုသာ တာရှည် စွာ ဆက်လက်ပေါ်ပေါက်နေစေပါလိမ့်မည် ဖြစ်ကြောင်းလည်း ယင်းတွင်ဖော်ပြထားသည်။
လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ဝါဒရေးရာပြဿနာ၊ ဒီမိုကရေစီနှင့် တန်းတူညီမျှရေး(ဖက်ဒရယ် ရေး) ပြဿနာများ၊ ဂိုဏ်းဂဏစွဲ အာဏာနိုင်ငံရေး ပဋိပက္ခများကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားကြ ရာမှ လွတ်လပ်ငြိမ်းချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ ဖွံ့ဖြိုးတိုးတက်မှုအဝဝ ပျက်စီးခဲ့ရပြီး၊ စစ်ကြီးစိုးရေး ဝါဒ လွှမ်းမိုး လာခဲ့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်ကြောင်း ။ ပြည်သူအများစုအတွက် နေ့စဉ်ဘဝ တွင် လက်နက်ကိုင်ပဋိပက္ခနှင့်အတူ အကြမ်းဖက်ဖြေ ရှင်းမှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုများ၊ မိသားစုပေါင်းများစွာ သေကွဲရှင်ကွဲ ကွဲနေကြရသည့် အနိဋ္ဌာရုံများ၊ လူမှုစီးပွား အကြပ်အတည်းများ ဖြစ်နေကြရကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြထားသည်။
ယင်းအပြင်လက်နက်ကိုင်ပဋိပက္ခကို ဘက်အသီးသီးမှ ရပ်တံ့၍ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်ကြရန်လည်း ပြည်သူ့ပါတီက တိုက်တွန်းလိုထားသည်ကို တွေ့ရသည်။
ပြည်သူ့ပါတီအနေဖြင့် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ငြိမ်းချမ်းရေးများမှတစ်ဆင့် လွတ်လပ်ငြိမ်းချမ်းသော၊ ကြွယ်ဝချမ်းသာသော နိုင်ငံတော်ကို အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လည်း နှစ်သစ်သန္နိဋ္ဌာန် ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Yangon_Times/PP
Published 15 April 2024
အာရှနိုင်ငံတွေမှာ ဆန်ဆေးရေကို အလှအပရေးရာအတွက် ရာစုနှစ်တွေတိုင်အောင် အသုံးပြုလာကြပါတယ်။
ဆန်စိမ်ခြင်း ဒါမှမဟုတ် ထမင်းချက်ခြင်းမှရတဲ့ရေကို အသုံးပြုရတာ ဖြစ်ပါတယ်။
ဆန်ဆေးရေ အသုံးပြုခြင်းကြောင့် အသားအရေအတွက် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
(၁) ဆန်ဆေးရေမှာပါတဲ့ ဒြပ်ပေါင်းတွေက ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတာကြောင့် အသားအရေစပ်ဖျဥ်းခြင်းကို သက်သာစေပါတယ်။
(၂) ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝတာကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။
(၃) ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေကပဲ အသားအရေကို ညီညာစေပြီး တောက်ပစေပါတယ်။
(၄) ချွေးပေါက်တွေကျဥ်းစေပြီး အဆီပြန်ခြင်းကို သက်သာစေတာကြောင့် ဝက်ခြံလျှော့ချပေးပါတယ်။
(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် အရေပြားပျက်စီးစေတဲ့ ဓာတ်များကိုလျော့နည်းစေပြီး အရွယ်မတိုင်ခင် အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်။
(၆) ဆန်ဆေးရေ ပုံမှန်သုံးပေးပါက အစက်အပြောက်များနဲ့ အရောင်များလွန်းခြင်းမှ ကာကွယ်ပေးပြီး အသားအရေအရောင်ကို ညီညာစေပါတယ်။
(၇) သဘာဝအတိုင်း သန့်စင်ပေးတဲ့ အင်ဇိုင်းများပါဝင်ကာ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းပချောမွေ့စေပါတယ်။
(၈) ကစီဓာတ်က အရေပြားကို အကာအကွယ်ပေးပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ ဒဏ်ရာများမှ သက်သာစေပါတယ်။
(၉) ဆန်ရေရဲ့ pH ဓာတ်က ကျန်းမာတဲ့အသားအရေနဲ့ တူညီပြီး အရေပြားရဲ့ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။
(၁၀) ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့ အစွမ်းသတ္တိက အသားအရေ နေလောင်ခြင်းကို သက်သာစေပါတယ်။
Source: DoctorNDTV
Published 16 April 2024
အစ္စရေးလ်က အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ပစ်မှတ်ထားလာနိုင်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက စိုးရိမ်နေကြောင်း တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ(IAEA)မှ အီရန်စက်ရုံတွေကို ဝင်ရောက်စစ်ဆေးတာတွေကတော့ အင်္ဂါနေ့မှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
ဧပြီ ၁ ရက်နေ့ ဆီးရီးယားရှိ အီရန်သံရုံးဝင်းကို အစ္စရေးလ်ကလို့ သံသယဖြစ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပေါ် အီရန်က လက်စားချေတဲ့အနေနဲ့ သီတင်းပတ်အကုန်မှာ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ အစ္စရေးလ်က ပြန်လည်တုန့်ပြန်သွားမှာ ဖြစ်တယ်လို့ အစ္စရေးလ်စစ်တပ် အကြီးအကဲက တနင်္လာနေ့မှာ ဆိုပါတယ်။
အစ္စရေးလ်မဟာမိတ်တွေက အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာမှာကို စိုးရိမ်နေကာ ဝိုင်းဝန်းတားဆီးနေတဲ့ကြားက အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။
အီရန်က လုံခြုံရေးဆိုင်ရာ ချင့်ချိန်စရာတွေ ရှိတယ်ဆိုပြီး နျူကလီးယားစက်ရုံများကို တနင်္ဂနွေနေ့က ပိတ်သိမ်းခဲ့ကြောင်း IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရော့စီက ဆိုပါတယ်။
တနင်္လာနေ့မှာ ပြန်ဖွင့်ခဲ့ပေမယ့် အခြေအနေတွေ မတည်ငြိမ်သေးသရွေ့ စစ်ဆေးရေးမှူးများကို လွှတ်ဦးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
‘’မနက်ဖြန်တော့ ပြန်လည်စတင်မှာဖြစ်ပြီး ထိုကိစ္စကြောင့် စစ်ဆေးရေးလုပ်ငန်းများကို ထိခိုက်မှာမဟုတ်ပါဘူး’’ လို့ ဂရော့စီက သတင်းထောက်တွေကို နယူးယော့ခ်မှာ ပြောကြားခဲ့ပါတယ်။
IAEA က အီရန်ရဲ့ အဓိကနျူကလီးယား စက်ရုံကြီးများကို ပုံမှန်စစ်ဆေးနေတာ ဖြစ်ပါတယ်။
အီရန်ကတော့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းက လုံးဝငြိမ်းချမ်းတည်ငြိမ်တယ်လို့ ဆိုထားပေမယ့် အမေရိကန်က အီရန်ဟာ နျူကလီးယားဗုံးများ ပြုလုပ်ရန်ကြံရွယ်နေတယ်လို့ စွပ်စွဲထားပါတယ်။
Source: NDTV
Published 15 April 2024
လူတစ်ယောက်ရဲ့ လက်ရှိအသက်ထက် ကိုယ်တွင်းဇီဝအသက်က ပိုကြီးလာတဲ့အခါ အရွယ်လွန် မြန်လာပြီး ကင်ဆာအကျိတ်များ ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
လတ်တလော ဆယ်စုနှစ်များအတွင်း ကင်ဆာဖြစ်နိုင်ခြေနဲ့ အရွယ်လွန်မြန်လာခြင်းတို့က ငယ်ရွယ် သူတွေမှာ တကယ်ကို ပြဿနာဖြစ်လာကြောင်း စိန့်လူးဝစ္စ ဝါရှင်တန်ဆေးတက္ကသိုလ်မှ ရူရီရှန်က ပြောပြပါတယ်။
အသက် ၅၅ နှစ်အောက်လူတွေမှာ ကင်ဆာတွေ့ခဲ့ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်တယ်လို့ လေ့လာချက်ထဲမှာ သတ်မှတ်ပါတယ်။
၁၉၆၅ ခုနှစ်နောက်ပိုင်း မွေးဖွားသူတွေဟာ ယင်းတို့ထက် စောမွေးသူများထက် စောစီးစွာအိုမင်းခြင်း ၁၇ ရာခိုင်နှုန်း ပိုများတယ်လို့ သုတေသီများ ကောက်ချက်ချထားပါတယ်။
ထိုလေ့လာချက်တွေကနေ ကိုယ်တွင်းဇီဝအသက် အိုမင်းလာခြင်းကို နှောင့်နှေးစေကာ ကင်ဆာ ကာကွယ်နိုင်ရန် နည်းလမ်းတွေ့လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
လက်ရှိမျိုးဆက်များအနေဖြင့် ကျန်းမာရေးအကြောင်း ပိုမိုသတိထားနေရန်နဲ့ အရွယ်လွန်မြန်လာခြင်းရဲ့ ဆိုးကျိုးတွေကို သိရှိရန် အရေးကြီးပါတယ်။
ဒါပေမဲ့ ထိုလေ့လာချက်တွေက ဗြိတိန်မှာပဲ စမ်းသပ်ထားတာကြောင့် အခြားနိုင်ငံ၊ လူမျိုးများနဲ့ တိုက်ရိုက်သက်ဆိုင်မနေနိုင်ပါဘူး။
လူတွေရဲ့ ပြက္ခဒိန်သက်တမ်း ကြီးလာတာနဲ့အမျှ ကင်ဆာ၊ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များလာပါတယ်။
အဝလွန်နှုန်းကလည်း မြင့်တက်နေပြီး အရွယ်လွန်မြန်လာခြင်းနဲ့ ရောဂါဖြစ်နိုင်ခြေများခြင်းတို့နဲ့ ဆက်စပ်နေကာ ခန္ဓာကိုယ်ထဲမှာ ဇီဝဓာတုမမှန်ခြင်းများ ဖြစ်လာစေပါတယ်။
ဒါကြောင့် ကိုယ်တွင်းဇီဝသက်တမ်း ပိုမိုမြန်ဆန်စွာ အိုမင်းလာတဲ့အခါ အသက်အရွယ်နဲ့ ဆိုင်တဲ့ရောဂါတွေလည်း စောစီးစွာ ဖြစ်နိုင်ပါတယ်။
Source: New York Post
#World_News
ဇမ်ဘီယာနိုင်ငံမှာ တရုတ်မှ ဆောက်လုပ်တဲ့ အစ်ထမ်ပီ ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကော့ပါးဘဲ့လ်ပြည်နယ် ကီထွေမှာ ဗုဒ္ဓဟူးနေ့က တရားဝင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး တိုင်းပြည်စွမ်းအင်ကဏ္ဍမှာ အရေးပါတဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
၁၅ ဧပြီ ၂၀၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အတွင်းသို့ ဧပြီ ၁၄ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက ၁၀၇မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် သံဃာတော်(၂)ပါးနှင့်ပြည်သူ(၂)ဦးသေဆုံးခဲ့ကာ ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက်သမားများပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးများသည် ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေ ဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး (၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စပါယ်ရပ်ကွက်များ အတွင်း သို့ ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ဘဒ္ဒန္တ တေဇာနန္ဒနှင့် ဒုလ္လဘရဟန်း ၁ ပါး ၊ စုစုပေါင်း ၂ ပါးပျံလွန်တော်မူပြီး ပြည်သူ ၁ ဦး သေဆုံး၍ ၁ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ စပါယ်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ပြည်သူ့ ဆေးရုံတွင် တက်ရောက် ဆေးကုသ မှုခံယူနေသော အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်များအပါအဝင် လူနာနှင့် ဆေးရုံဝန်ထမ်း ၁၁ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်ဆောင်ပေးနေကြောင်းလည်းသိရပါတယ်။
ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော မြို့/ရွာ ရပ်ကွက်များ အတွင်းသို့ ရှော့တိုက်ဒုံးများ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါအကြမ်းဖက်သမားများ အား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ပြည်သူများ သက်ဆိုင်ရာသို့ လျှို့ဝှက်သတင်းပေးတိုင်ကြားပြီး ပူးပေါင်းပါဝင်ကြဖို့ နစက,က နှိုးဆော်ထားပါတယ်။
@ymg/knl



Published 15 April 2024
AI နည်းပညာဖြင့် ရင်သားကင်ဆာရှိတဲ့ လူနာတွေမှာ စောစီးစွာ ရောဂါတွေ့ရှိနိုင်ပြီး လာမယ့် ၂ နှစ်အတွင်း ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
ဘေလင်ဆန်ဆေးရုံက iCAD ရဲ့ လူလုပ်အသိဉာဏ် နည်းပညာများကို အသုံးပြုကာ ရင်သားဓာတ်မှန်ပေါင်း ၁ သောင်းခွဲကျော်ကို လေ့လာခဲ့ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
ထိုပညာဖြင့် ယခင်က ရှာမတွေ့ခဲ့တဲ့ အကျိတ်များကို တွေ့ရှိနိုင်ကာ ရောဂါရှာဖွေနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ရင်သားကင်ဆာကို စောစီးစွာတွေ့ရှိခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
တစ်ရှူးတွေထဲ ဓာတ်မှန်ရိုက်ကြည့်ပြီး လာမယ့် ၂ နှစ်အတွင်း ကင်ဆာအကျိတ် ဖြစ်နိုင်ခြေကို သုံးသပ်ပေးနိုင်ပါတယ်။
ထိုစနစ်ကို ကလဲလစ်ကျန်းမာရေး ကွန်ရက်ကြီးမှာ အသုံးပြုနေပြီဖြစ်ပြီး အမေရိကန် FDAကလည်း အသိအမှတ် ပြုထားပြီးဖြစ်ပါတယ်။
ထိုအစီအစဥ် စတင်ကတည်းက ဘေလင်ဆန်မှ ဓာတ်မှန်ပေါင်း ၁ သောင်းခွဲကျော်ကို ကူညီပေးထားပါတယ်။
Source: The Jerusalem Post
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က စစ်ပွဲပဋိပက္ခ ပိုမိုပြင်းထန် လာနိုင်တဲ့အန္တရာယ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ဧပြီ ၁၄ ရက်နေ့က သတိပေးလိုက်ပါတယ်။
ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တိုက်ခိုက်တဲ့အပေါ် အီရန်က လက်စားချေတဲ့အနေဖြင့် ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အစ္စရေးလ်ကို ဒုံးကျည်များ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့တဲ့အကြောင်း ဂူတာရက်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက နောက်ထပ်စစ်ပွဲတွေ ဖြစ်လာမှာကို မခံစားနိုင်တော့ဘဲ အရှေ့အလယ်ပိုင်း ဒေသဟာလည်း စစ်ပွဲကြီးဖြစ်တော့မယ့် အနေအထား ရောက်နေပြီဖြစ်ပြီး အခုက တင်းမာမှုလျှော့ချရမယ့် အချိန်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
အီရန်က အစ္စရေးလ်ကို ပစ်ခတ်တာတွေကိုရော အစ္စရေးလ်ဘက်ကလို့ စွပ်စွဲခံထားရတဲ့ အီရန်သံရုံးကို တိုက်ခိုက်မှုကိုရော ဂူတာရက်စ်က ရှုတ်ချလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တဲ့ လုပ်ရပ်မှန်သမျှ မပြုလုပ်ရန် အရေးကြီးကြောင်း ဆိုလိုက်ကာ ဂါဇာမှာ လူသားချင်းစာနာမှု ချက်ချင်းအပစ်အခတ် ရပ်စဲရေးကိုလည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အီရန်ကို တတ်နိုင်သမျှ အရေးယူပိတ်ဆို့မှုများ ချမှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဂျီလက်အာဒန်က လုံခြုံရေးကောင်စီကို လျှောက်တင်ခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန် အေမီယာဆာအိဒ်ကတော့ ယင်းတို့ဟာ ကိုယ်တိုင်ကာကွယ်ပိုင်ခွင့်အတိုင်း ကျင့်သုံးနေတာဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။
Source: WION
Published 15 April 2024
တရေးတမောမအိပ်ခင်မှာ ကော်ဖီသောက်ခြင်းဖြင့် နိုးလာတဲ့အခါ လန်းဆန်းတက်ကြွစေနိုင်တယ်လို့ ပညာရှင်တစ်ဦးက ဆိုလိုက်ပါတယ်။
ကဖင်းဓာတ်ဟာ ဇီဝကမ္မဖြစ်ပျက်ဖို့ မိနစ် ၃၀ ခန့် ကြာမြင့်တတ်ပြီး နိုးလာတဲ့အခါ နိုးကြားလန်းဆန်းမှုကို နှစ်ဆပေးနိုင်တယ်လို့ အိပ်စက်မှုကျန်းမာရေး ပညာရှင် ဂျိမ်းစ်ဝီလ်ဆန်က ပြောပြသွားပါတယ်။
၂၀၁၀ ခုနှစ်က လေ့လာမှုတစ်ခုမှာလည်း ကော်ဖီသောက်ပြီးပြီးချင်း တရေးအိပ်လိုက်ပါက ဦးနှောက်ကနေ ကဖင်းဓာတ်လက်ခံနိုင်စွမ်းကို မြှင့်တင်ပေးတယ်လို့ တွေ့ရှိဖူးပါတယ်။
ပုံမှန်အားဖြင့်တော့ ကော်ဖီသောက်လိုက်ရင် အိပ်ပျော်ဖို့ခက်ခဲပြီး ကဖင်းဓာတ်ပျက်ပြယ်ဖို့ကလည်း အချိန်ကြာမြင့်တတ်ပါတယ်။
တရေးမအိပ်ခင်လေးမှာတင် ကော်ဖီသောက်ပြီး မိနစ် ၂၀ ခန့်အိပ်လိုက်ခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မိနစ် ၃၀ ထက်ကျော်အောင် အိပ်ရင်တော့ နိုးလာတဲ့အခါ ငိုက်မျဥ်းနေတတ်ပါတယ်။
ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ဆိုရင်တော့ ညအိပ်ခါနီး အနည်းဆုံး ၆ နာရီအကွာကစပြီး ကော်ဖီမသောက်သင့်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် ဇီဝဖြစ်စဥ်ချင်းမတူတာကြောင့် တရေးမအိပ်ခင် ကော်ဖီသောက်တာက အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားပါက တရေးအိပ်ခြင်းက အကျိုးရှိစေပါတယ်။
Source: New York Post
၁၄ ဧပြီ ၂၀၂၄
မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဏပ်အနီးတွင် ဗုံးဖောက်ခွဲခဲ့သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာအရေး ယူမယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။ မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ ဖြစ်ခဲ့တဲ့ အဆိုပါ ဗုံးဖောက်ခွဲမှုအပေါ်ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန် သတိပေးလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကို ယခုထက်ပိုမိုစောင့်ကြည့်ပြီး ပိုမိုနှိမ်နှင်းသွားမယ်လို့ သူက ဆက်လက်ပြောဆိုလိုက်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူတွေကိုလည်း အထူးဝမ်းနည်း ကြေကွဲရတယ်လို့ပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားချက် အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
Published_14 April 2024
မန္တလေး ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်စဉ် ၂ ခုတွင် ကလေး(၅)ဦးနှင့်လူကြီး(၇)ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
ယနေ့ သင်္ကြန်အကျနေ့တွင် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊မန်းစည်ပင်ရုံးအနီး ၇၁ လမ်းနှင့်၂၇လမ်း ထောင့်၊၇၁လမ်း(၂၇×၂၈)လမ်းကြားတို့တွင် ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားခဲ့၍ ကလေး(၅)ဦးနှင့်လူကြီး(၇)ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က ချမ်း အေးသာစံမြို့နယ်၊မန်းစည်ပင်ရုံး အနီး၇၁လမ်း နှင့်၂၇လမ်းထောင့် ရှိ ဆိုင်ကယ်အပ်နှံရာ နေရာတွင် ရပ်နားထားရှိသော (အမျိုးအစား/နံပါတ်) စိစစ်ဆဲ ဆိုင်ကယ်အတွင်းမှ ပေါက် ကွဲမှု ဖြစ် ပွားခဲ့သောကြောင့် အမျိုးသား ၆ ဦးနှင့်အမျိုးသမီး၂ ဦး၊ စုစု ပေါင်း ၈ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အလူးတူ နံနက် ၁၀နာရီ ခွဲခန့်ကလည်း ၇၁လမ်း(၂၇×၂၈) လမ်းကြားရှိ ဆိုင်ကယ်အပ် နှံရာနေရာတွင် ဆိုင်ကယ်အတွင်းမှ ထပ်မံ၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနီးရှိ စိစစ်ဆဲ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦး စုစု ပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအနက် အမျိုးသား(၂)ဦး စိုးရိမ်ရကြောင်းလည်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ လည်ပင်း၊ယာပါး၊ နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်မိုင်းထိဒဏ်ရာ ၊ လက်ဝဲ နား နှင့် လက် ပေါက်ပြဲဒဏ်ရာ၊လက်ယာဘက်ရင်အုံ ပေါက်ပြဲ ဒဏ်ရာ ၊မျက်နှာ ပေါက်ပြဲဒဏ်ရာ၊ခြေထောက် ပေါက်ပြဲ ဒဏ်ရာ၊ လက်ဝဲ လက်ညှိူး၊ လက်ယာ လက်ဖမိုး ပေါက်ပြဲဒဏ်ရာ၊ လက်ယာယာပါး ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်၊ပုခုံး၊လက် စသည်တို့တွင် ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
Yangon_Times /PP
Page 694 of 1924