#Local_News
Published 21 October 2024


▪️ သီတဂူကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် (၁၂)ကြိမ်မြောက် မျက်စိအလင်းအလှူတော် ကိုအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ  သီတဂူကေတုမတီ အာယုဒါနဆေးရုံတော် (တောင်ငူ)တွင် ရွှေရတုတိပိဋကဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ကျောင်းအုပ်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က မျက်စိဝေဒနာရှင်များအတွက်အောက်တိုဘာ(၂၀)ရက်မှ (၂၉)ရက် အထိ ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ကုသပေးရာတွင် တစ်ရက်တာအတွက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေး လူနာစာရင်းအရေအတွက် ပြည့်သွားလျှင် စာအုပ်လုပ်ပြီး နောက်နေ့မှသာ ပြန်လည်စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး စောင်၊ ခေါင်းအုံးစသည့် အသုံးအဆောင်များကို မိမိတို့နှင့် တစ်ပါတည်းယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times