#World_News
Published 21 October 2024


▪️ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးရေလျှံမှုများကြောင့် ဆန်တန်ချိန် ၁.၁ သန်းခန့် ပျက်စီးခဲ့ရတယ်လို့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကာ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေတဲ့ ကာလအတွင်းမှာပဲ အဓိကစားစရာဖြစ်တဲ့ ဆန်တွေကို တိုးမြှင့်တင်သွင်းဖို့ ဖြစ်လာပါတယ်။

 

▪️ မုတ်သုံမိုးများ အကြီးအကျယ် ရွာသွန်းရာကနေ ရေကြီးရေလျှံလာခဲ့ပြီး ဩဂုတ်လနဲ့ အောက်တိုဘာလတို့မှာ ကုန်းမြင့်နေရာကနေ အဓိကလှိုင်းကြီး ၂ ခု လျှံကျလာခဲ့ရာ အနည်းဆုံး လူ ၇၅ ဦးသေဆုံးခဲ့ပြီး အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ စိုက်ပျိုးသီးနှံများ အထိခိုက်ဆုံးဖြစ်ခဲ့ကာ လူသန်းပေါင်းစွာရဲ့ စည်းစိမ်အိုးအိမ်များ ထိခိုက်ကြရပါတယ်။

 

▪️ ယခုနှစ် ရေလျှံမှုကြောင့် ဆန်စပါးထုတ်လုပ်ရေးမှာ များစွာဆုံးရှုံးမှု ဖြစ်ပေါ်ရတယ်လို့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

▪️ ဒီအတွက် အစိုးရက ဆန်တန်ချိန် ၅ သိန်း တင်သွင်းရန် အလျင်အမြန် လှုပ်ရှားနေပြီး မကြာခင်မှာ ပုဂ္ဂလိကလုပ်ငန်းတွေကနေ တင်သွင်းခွင့်ပြုသွားဖို့ မျှော်မှန်းထားကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောပါတယ်။

 

▪️ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ထွက်ပြေးသွားပြီးနောက် ဩဂုတ်လမှာ အာဏာရလာတဲ့ ကြားဖြတ်အစိုးရက စားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းဖို့ကို ရုန်းကနေရပြီး ပြီးခဲ့တဲ့လများအတွင်း ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။

 

▪️ ဘင်္ဂလားဒေ့ရှ်မှ ပိုမိုတင်သွင်းလာရမှာကြောင့် အိမ်နီးချင်းအိန္ဒိယမှ ပိုမိုတင်သွင်းလာရဖွယ်ရှိနေပါတယ်။

 

▪️ ရေကြီးမှုတွေကြောင့် ဟင်းသီးဟင်းရွက် တန်ချိန် ၂ သိန်းကျော် အပါအဝင် အခြားစိုက်ပျိုးကုန်များလည်း ဆိုးဆိုးရွားရွား ထိခိုက်ထားပါတယ်။

 

▪️ ရေကြီးမှုကြောင့် နိုင်ငံတဝှမ်း စိုက်ပျိုးရေးကဏ္ဍ ဆုံးရှုံးမှုပေါင်း ဒေါ်လာသန်း ၃၈၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

 

▪️ ယခုနှစ် ရေကြီးမှုပြဿနာတွေက ရာသီဥတု ဖောက်ပြန်မှုကြောင့် အဓိကဖြစ်လာရပြီး ၂၀၁၅ ကမ္ဘာ့ဘဏ်အဖွဲ့အစည်း ဆန်းစစ်ချက်အရ ဘင်္ဂလားဒေ့ရှ်မှ လူ ၃.၅ သန်းလောက်ဟာ နှစ်စဉ်မြစ်ရေကြီးမှုအန္တရာယ် ကြုံရနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။

 

▪️ စားနပ်ရိက္ခာ ဖူလုံရေးပြဿနာ ဖြေရှင်းဖို့အတွက် ရေကြီးမှုဒဏ်ခံနိုင်တဲ့ စိုက်ပျိုးသီးနှံအမျိုးအစားများ၊ ခဏတွင်းကောက်သိမ်းနိုင်တဲ့ အမျိုးအစားများ ပိုမိုစိုက်ပျိုးဖို့ လိုအပ်လာကြောင်း ဘင်္ဂလားဒေ့ရှ် ဆန်စပါးသုတေသန အဖွဲ့အစည်းမှ သိပ္ပံနည်းကျ အရာရှိချုပ်က ပြောသွားပါတယ်။

 

#Source: Reuters