January 27, 2023 (Nay Pyi Taw)
The Chairman of Myanmar's State Administration Council, Senior General Min Aung Hlaing, stressed that the rights to self-administration and autonomy should be discussed and approved through political dialogues within the Hluttaw. He emphasized that resorting to armed methods to assert these rights is not acceptable.
Senior General Min Aung Hlaing addressed attendees at the committee meeting on Security, Peace, and Stability, as well as Rule of Law, convened in Nay Pyi Taw on January 26, 2024, as stated in an official press release.
The Senior General emphasized the ongoing challenge of pursuing rights to self-administration and autonomy for states and regions outside the established legal framework. He stressed the importance of ensuring that actions are in accordance with established laws and rules.
Senior General cautioned that the Constitution of 2008, endorsed by voters with a majority approval of 92.48 percent, is binding, and no actions can transgress its provisions.
Moreover, he added that the State Administration Council (SAC) is adhering to the principles outlined in the 2008 Constitution while governing the country.
Moreover, the Senior General provided details about the Public Security System during the meeting, underscoring its importance. He emphasized that achieving objectives related to security, stability, and rule of law relies on the unity and solidarity of all public administrations and security personnel.
He stressed the importance of identifying terrorists while ensuring informant confidentiality. He further emphasized the need for a systematic implementation of the Public Security System and the execution of the Public Defense System through it.
SAC Joint Secretary Lt. Gen. Ye Win Oo, Council members Admiral Tin Aung San, General Yar Pyae, U Wunna Maung Lwin, Daw Dwe Bu, and Mahn Nyein Maung, along with Union Ministers and other senior officials, attended and discussed on the issues.
Ymg/knl
Published_ 27 January 2024
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားဖိတ်စာကို မနက်ဖြန်ဇန်နဝါရီလ( ၂၈) ရက် ညနေ(၄)နာရီနောက်ဆုံးထားကာ လာရောက်ထုတ်ယူကြရန် အသိပေးချက်ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။
သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်းမရှိရင် ဖိတ်ကြားခံရသူအမည်စာရင်းကနေ ပယ်ဖျက်သွားမည်ဖြစ်သည်ဟုဆိုသည်။
အကြောင်းအမျိုးမျိးကြောင့် ဖိတ်ကြားခံရသူကိုယ်တိုင် လာရောက်မထုတ်ယူနိုင်ပါက ကိုယ်စားလာရောက် ထုတ်ယူမယ့်သူကို ကိုယ်စားလှယ်လွှဲစာ၊ လာရောက်ထုတ်ယူသူရဲ့မှတ်ပုံတင်မိတ္တူ၊ ဖိတ်ကြားခံရသူရဲ့ မှတ်ပုံတင် မူရင်း(ဒါမှမဟုတ်) အစည်းအရုံးဝင်ကတ်မိတ္တူတို့ကို တင်ပြပြီး ထုတ်ယူနိုင်ကြောင်းသိရသည်။
အကယ်ဒမီပေးပွဲဖိတ်ကြားခံရသူနှင့် ဖိတ်စာကို တိုက်ဆိုင်စစ်ဆေးပြီး နေပြည်တော်တွင် လုံခြုံရေး ရင်ထိုးတံဆိပ်များ၊လက်ကိုင်ဖုန်းယူခွင့်စတစ်ကာများနှင့် ယာဉ်ဝင်ခွင့်များထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဖိတ်ကြားခံရသူနှင့် တက်ရောက်မည့်သူ၏အချက် အလက်များကွာခြားနေပါက လုံခြုံရေး ရင်ထိုးတံဆိပ်များ၊လက်ကိုင်ဖုန်းယူခွင့်စတစ်ကာများကို လုံခြုံရေးအဖွဲ့ဝင်များက လုံးဝထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို လာမယ့် ဖေဖော်ဝါရီလမှာ စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Rupee/ Kyat Trade Settlement Mechanism အား ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၆ရက် ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပခဲ့ရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အဓိက တင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည်များအတွက် ပေးချေရသည့် အမေရိကန်ဒေါ်လာလိုအပ်ချက် လျော့နည်းသွားခြင်း၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်းယင်းကဆက်လက် ပြောကြားသည်။
ရူပီး/ကျပ် ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) များဖြစ်သည့် ယူအေဘီဘဏ်လီမိတက်နှင့် CB Bank PCL နှင့် Punjab National Bank တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာထမ်းများ၊ ရူပီး/ကျပ် ပေးချေမှုဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
မနက်ဖြန် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ (၁၁၈)နှစ်ပြည့်ပွဲတော်နောက်ဆုံးနေ့ဆက်လက်ကျင်းပမည် "မနက်ဖြန် ဇန်နဝါရီလ (၂၈)ရက်နေ့ဟာ ပွဲတော် နောက်ဆုံးနေ့ဖြစ်ပြီး ပွဲတော်ရက်အတွင်း ဖျော်ဖြေရေးအစီအစဉ်တွေအနေနဲ့ တိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးတာ၊ Magic Show နဲ့Music Band ဖျော်ဖြေတဲ့ အစီအစဉ်တွေပါဝင်ပါတယ်။" Yangon Zoo
Yangon Times/tthl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
' ရှမ်းပြည်နယ်၊ တောင်ပိုင်း ဆီဆိုင်မြို့နဲ့အနီးတဝိုက်က တိုက်ပွဲရှောင်တွေကြောင့် တောင်ကြီး အိမ်ခြံမြေဈေးကွက်ထဲမှာ အငှားအပြင် အဝယ်ပါလိုက်ပြီး ဆက်လက်လှုပ်ခတ်နေတယ်လို့ တောင်ကြီးအိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ '
Yangon Times/
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
ဘီလျံနာသူဌေးကြီး ဘားနက်ဒ်အာနော့ဟာ တက်စ်လာစီအီးအို အီလွန်မက်စ်ကို ကျော်လွန်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
နာမည်ကျော် ဇိမ်ခံအသုံးအဆောင်ပစ္စည်းကုမ္ပဏီ LVMH ရဲ့ စီအီးအို အာနော့နဲ့ မိသားစုဟာ သောကြာနေ့က ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂၃.၆ ဘီလီယံ မြင့်တက်လာကာ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး ၂၀၇.၈ ဘီလီယံရှိလာပြီး အီလွန်မက်စ်ရဲ့ ၂၀၄.၅ ဘီလီယံကို ကျော်လွန်သွားပြီဖြစ်ကြောင်း ဖောဘိစ်ရဲ့ လက်ရှိဘီလျံနာစာရင်းအရ သိရှိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့မှာ တက်စ်လာရဲ့ စတော့ဈေးကွက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ရာ အီလွန်မက်စ်အနေနဲ့ ပိုင်ဆိုင်မှုတန်ဖိုး ၁၈ ဘီလီယံ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
LVMH ကတော့ ရောင်းအားကောင်းတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာပဲ သောကြာနေ့နံနက် ၁၁ နာရီဝန်းကျင်မှာ ရှယ်ယာ ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
တက်စ်လာလျှပ်စစ်ကားထုတ်လုပ်ရေးမှာ တန်ဖိုးအနည်းငယ်ကျဆင်းနေတာကြောင့် ဈေးနှုန်းများ လျှော့ချခဲ့ပေမယ့် ရောင်းအားတိုးတက်မှု ကျသွားနိုင်တယ်လို့ အီလွန်မက်စ် သတိပေးပြီးနောက်မှာ တက်စ်လာရှယ်ယာတွေက ၁၂ ရာခိုင်နှန်းကျော် ကျဆင်းခဲ့ပါတယ်။
၂၀၂၅ ဒုတိယနှစ်ဝက်အတွင်း တက္ကဆပ်စက်ရုံမှာ ဈေးသက်သာတဲ့ မျိုးဆက်သစ် လျှပ်စစ်ကားများ ထုတ်လုပ်ရေးကို အရေးစိုက်လာတာကြောင့် ရောင်းအားတိုးတက်မှု သိသိသာသာ လျော့နည်းသွားမယ်လို့ မက်စ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မော်ဒယ်လ်အသစ် ထုတ်လုပ်ရာမှာ နောက်ဆုံးပေါ်နည်းပညာများ ပါဝင်မှာဖြစ်တဲ့အတွက် အလျင်အမြန် ထုတ်လုပ်ဖို့ရာ အခက်အခဲတွေ ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တက်စ်လာရဲ့ပြဿနာက တရုတ်ပြည်မှ BYD နဲ့ ယှဥ်ပြိုင်နေရတာကြောင့် ရောင်းအားမြှင့်တင်ဖို့ ကြိုးစားမယ်ဆိုရင် လုပ်ငန်းလည်ပတ်မှုအပိုင်းမှာ ဒီထက်ကျဆင်းဖို့ ရှိလာနိုင်ပါတယ်လို့ ဈေးကွက်ဆန်းစစ်ရေးအကြီးအကဲ မိုက်ကယ်ဟျူဆန်က ပြောပြသွားပါတယ်။
Source: WION.
#World_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
လာအိုနိုင်ငံသို့ မြန်မာလုပ်သားများသွားရောက်လုပ်ကိုင်သူများပြားလာပြီးစက်ရုံလုပ်ကိုင်ရန်ဟု ခေါ်ဆိုသူများလည်းရှိလာကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေသူများထံမှ သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ပွဲစားများနှင့်ချိတ်ဆက်၍ အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်သွားရောက်လျက်ရှိရာ လာအိုနိုင်ငံသို့လည်း ယခုနှစ်ပိုင်းအတွင်းပိုမိုသွားရောက်လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း
သိရသည်။
'ကျွန်မတို့ကို all supervisor ကခေါ်တာပါ၊သူကအရင်က ကျမတို့ စက်ရုံကမဟုတ်ဘူး၊သူ့သူဌေးကလာအိုမှာစက်ရုံရှိတယ်၊ ဒီမှာကုန်ကြမ်းမရတော့သူ့စက်ရုံကလိုင်းသုံးလိုင်းကျွန်မတို့ရုံကိုရောက်လာတာ၊ သူ့နဲ့အတူပါလာတဲ့စက်တန်းတွေကတော့မပါဘူး၊လူရွေးခေါ်တာ၊ အခုကျွန်မတို့ဆီကပဲ သူငယ်ချင်း၁၃ယောက်ကိုခေါ်တယ် ၊ အခုအမေဆီလှမ်းခွင့်တောင်းပြီးပြီဆိုတော့ နက်ဖန်လိုက်မယ်ဆိုတဲ့အကြောင်းပြောမှာပါ'ဟု ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ် စက်ရုံလုပ်ကိုင်သူမဝေဝေကပြောသည်။
အဆိုပါ လာအိုနိုင်ငံ၌ အထည်ချုပ်စက်ရုံလုပ်ကိုင်ရန် လေကြောင်းလိုင်းဖြင့်တရားဝင်သွားရောက်မည်ဟုပြောဆိုထားပြီး ဆေးစစ်ခြင်း၊ ပတ်စပို့ပြုလုပ်ခြင်းများပြုလုပ်ပြီးပါက သွားရောက်နိုင်ပြီဖြစ်ကြောင်း၄ကဆက်လက်ပြောသည်။
' အားလုံးပြီးရင်တော့ မတ်လလောက်သွားရမယ်လို့ပြောတယ်၊လစာကတစ်လကိုးသိန်းရမယ်လို့ပြောပါတယ်၊ဒီမှာလည်းဒီလပိုင်းတွေ အချိန်ပိုဆင်းရတာတွေမရှိတော့လစာအရင်လိုမရဘူးလေ၊သွားရင် အကျီလည်းမလိုဘူးနှစ်စုံပဲပါရင်ရတယ်ပြောတယ် ၊' ဟု မဝေဝေကဆိုသည်။
အလုပ်အကိုင် ရှားပါးခြင်းကြောင့် လာအိုနိုင်ငံသို့ ပွဲစားများနှင့် ချိတ်ဆက်၍ သွားရောက်သူများတွင် အမှန်တကယ် အလုပ်အကိုင် မရရှိသူများလည်း ရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက် သူများကဆိုသည်။
မြန်မာနိုင်ငံသည်လာအိုနိုင်ငံနှင့် နှစ်နိုင်ငံ အလုပ်သမားစေလွှတ်ခွင့်ကို တရားဝင်ဆောင်ရွက်ထားခြင်းမရှိသော်လည်း ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ပွဲစားများနှင့်ချိတ်ဆက်၍ တရားမဝင်သွားရောက်လျက်ရှိပြီး ကာစီနိုဝိုင်းများ၌ ဝင်ရောက်လုပ်ကိုင်နေသူများလည်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများကိုသာ တရားဝင်လုပ်သားစေလွှတ်နေပြီးလာအိုနိုင်ငံ၌ မြန်မာလုပ်သား ၃,၀၀၀ ကျော်ရောက်ရှိ အလုပ်လုပ်ကိုင်လျှက်ရှိကာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
ပြည်ပနိုင်ငံပေါင်း ၉၄ နိုင်ငံတွင် မြန်မာနိုင်ငံမှ လုပ်သား ၁၇ သိန်းကျော် သွားရောက်လုပ်ကိုင်နေကြာင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ လုပ်ကိုင်ရာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း ၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့် လည်းကောင်းစေလွှတ်ပေးထားကြောင်းသိရသည်။
ယင်းသို့စေလွတ်ရာတွင် ထိုင်းနိုင်ငံသို့ ၁,၁၃၂,၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၅,၂၅၅ ဦး၊ မလေးရှားနိုင်ငံသို့ ၃၉၀,၇၇၇ ဦး၊ကိုရီးယားနိုင်ငံသို့ ၆၆,၃၈၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆,၄၇၂၀ ဦး အပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု စေလွှတ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ တဆင့်ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွတ်မှုတွင် ထိုင်းနိုင်ငံသို့ အများဆုံးစေလွတ်ထားပြီး မလေးရှားနိုင်ငံသို့ဒုတိယအများဆုံးစေလွတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနသည် လတ်တလောတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ လစာ ဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမှုများ ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 27 January 2024
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS)အဖွဲ့အတွက် Logo Design ပြိုင်ပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ အသက်(၁၅) နှစ်နှင့်အထက် မြန်မာနိုင်ငံသားများ တစ်ဦးချင်း သို့မဟုတ်အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟုဆိုသည်။
ဆုကြေးအနေဖြင့် ပထမဆု အမေရိကန်ဒေါ်လာ ၁,၀၀၀/-၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- ချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ Logo Design ၏ Theme မှာ “ACMECS as an adaptive and forward -looking sub-regional cooperation framework and connector with other sub-regional and regional frameworks towards a prosperous and sustainable Mekong sub-region” ဖြစ် သည်။ ပြိုင်ပွဲလျှောက်လွှာများကို ACMECS Interim Secretariat ၏ အီးမေးလ် acmecs. sec@ gmail.com သို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပေးပို့လျှောက် ထားနိုင်ကြောင်းသိရသည်။
အက်ခ်မက် Logo Design ပြိုင်ပွဲဝင်သူများ သိရှိလိုက်နာရန်နှင့် နည်းပညာဆိုင်ရာ အဓိကအချက်အလက်များကိုသတ်မှတ်ထားပြီး ယင်းအချက်များကိုလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
ပိုင်ရှင်လူသားတွေနဲ့ အတူတူအိပ်၊ ပွေ့ဖက်၊ တစ်နေရာတည်းစားကြတဲ့ အိမ်မွေးတိရိစ္ဆာန်တွေဟာ လူသားတွေထံမှ ရောဂါများ ကူးနိုင်ခြေများပါတယ်။
Zoonoses မှာဖော်ပြထားတဲ့ လေ့လာချက်အရ အိမ်မွေးတိရိစ္ဆာန်တွေဟာ သူတို့ရဲ့ပိုင်ရှင်လူသားတွေထံကနေ ဝက်တုပ်ကွေး၊ လူသားနိုရိုဗိုင်းရပ်စ်၊ ကိုဗစ်၁၉၊ တီဘီ၊ သွေးလွန်တုပ်ကွေး၊ မှိုရောဂါများ၊ ကပ်ပါးကောင်များ စတဲ့ ရောဂါအများအပြား ကူးစက်နိုင်ပြီး အထူးသဖြင့် ခွေးနဲ့ကြောင်တွေက အကူးစက်ဆုံးဖြစ်ပါတယ်။
လူသားတွေနဲ့ သတ္တဝါများကြား ကူးစက်ရောဂါများ ပျံ့ပွားနိုင်သလို လူသားကနေ တိရိစ္ဆာန်များဆီသို့လည်း ရောဂါကူးစက်နိုင်ပါတယ်။
ကိုဗစ်၁၉နဲ့ တုပ်ကွေးတို့ဟာ အခြားသတ္တဝါတွေဆီကို ထိုးဖောက်ဝင်ရောက်ရန် ဆင့်ကဲပြောင်းလဲလာကြကြောင်း ဖလော်ရီဒါ ကောလိပ်တက္ကသိုလ်မှ စာတမ်းပြုစုသူ ဘင်ဂျမင်အန်ဒါဆန်က ဆိုပါတယ်။
ဒီလိုကူးစက်ရောဂါတွေက နီးစပ်တဲ့ သတ္တဝါမျိုးစိတ်များကြား ကူးစက်တတ်တာဖြစ်ပေမယ့် ရောဂါပိုးတွေက ဆင့်ကဲပြောင်းလဲကာ နို့တိုက်သတ္တဝါ၊ ငှက်၊ တွားသွားသတ္တဝါများကြားမှာပါ ကူးစက်လာပါတယ်။
ထိုကနေ လူသားတုပ်ကွေးနဲ့ ငှက်တုပ်ကွေးတို့ ရောစပ်ပြီး ဗိုင်းရပ်စ်အသစ်များ ပေါ်ပေါက်လာနိုင်ခြေလည်း ရှိနေပါတယ်။
လူသားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်များကြား အနီးကပ်ထိတွေ့ခြင်းကနေ ရောဂါပိုးတွေ အပြန်အလှန် ဖလှယ်သလိုဖြစ်နေပြီး ဆင့်ကဲပြောင်းလဲနိုင်ခြေ များလာကြောင်း အန်ဒါဆန်က ပြောပြသွားပါတယ်။
တိရိစ္ဆာန်တွေက လူသားရောဂါများ ကူးစက်ပြီဆိုရင် ရောဂါရှာဖွေရခက်ခဲပါတယ်။
ဒါကြောင့် ပိုင်ရှင်တွေအနေနဲ့ တိရိစ္ဆာန်တွေနဲ့ အနီးကပ်နေထိုင်ခြင်းမပြုရန် သုတေသီများက တိုက်တွန်းလိုက်ပါတယ်။
အိမ်မှာမွေးထားလို့ ဝေးဝေးမနေနိုင်ဘူးဆိုရင်တော့ လူတွေရဲ့ နှာချေလိုက်တဲ့အမှုန်တွေ၊ ထွက်လာတဲ့အရည်တွေကို တိရိစ္ဆာန်တွေနဲ့ မထိတွေ့အောင် ဂရုစိုက်သင့်ပါတယ်။
Source: WION.
#World_Health
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
ဒက်ဘီအက်ဒ်မိုနီလို့ခေါ်တဲ့ အမျိုးသမီးဟာ အသက် ၁၉ နှစ်အရွယ်မှာ ကျောရိုးမနဲ့ ဦးနှောက်တို့ရှိ အာရုံကြောဆဲလ်များ ဆုတ်ယုတ်ကာ ခြေတွေလက်တွေ လှုပ်ရှားလို့မရတော့တဲ့ ALS လေဖြတ်ရောဂါတစ်မျိုး ခံစားခဲ့ရပါတယ်။
ဒါပေမဲ့ သူမဟာ အိမ်ထောင်ပြုလိုက်သလို ဟင်းချက်နည်းစာအုပ်ထုတ်ခြင်း၊ ဆယ်ကျော်သက်များအတွက် ထောက်ပံ့ရေး အဖွဲ့အစည်း တည်ဆောက်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
လေဖြတ်ဝေဒနာ ပိုမိုဆိုးရွားလာတဲ့အခါမှာတော့ စကားပြောဆိုဖို့ပါ ခက်ခဲလာပါတယ်။
ကွန်ပျူတာတစ်ခုရဲ့ အကူအညီဖြင့် ဒက်ဘီက မျက်လုံးကြွက်သားလှုပ်ရှားမှုကို အသုံးပြုကာ သူမရဲ့အတွေးတွေကို ဖြည်းဖြည်းချင်း ရေးသားလာနိုင်ပါတယ်။
D-ID မှထုတ်လုပ်တဲ့ အဆင့်မြင့် AI နည်းပညာဖြင့် ဒက်ဘီရဲ့ရုပ်ပုံစကင်ကို အသုံးပြုကာ မျက်နှာ နှုတ်ခမ်းလှုပ်ရှားပုံများကို ကိုက်ညီအောင်ပြုလုပ်ပြီး စကားပြောဆိုတဲ့ ပုံရိပ်ရရှိလာပါတယ်။
ဒီနောက် ဒက်ဘီရဲ့မူလအသံနဲ့ ဆင်တူတဲ့အသံမျိုးကို ရွေးချယ်ပြီး ပုံရိပ်တုကို အသက်သွင်းခဲ့ပါတယ်။
ထိုပုံရိပ်တုဖြင့် ဒက်ဘီဟာ ALS ရောဂါကို အံတုနေထိုင်နေတဲ့သူတစ်ဦးအဖြစ် နေ့စဥ်အခက်အခဲတွေကို မျှဝေလာပါတယ်။
ဒက်ဘီဟာ စကားပြောဆိုခြင်း၊ အသက်ရှူခြင်း၊ ခြေလက်လှုပ်ရှားခြင်း၊ စားသောက်ခြင်းတို့ကို သူမဘာသာ မလုပ်နိုင်ဘဲ မျှော်လင့်ချက်ကို ဖြန့်ကျက်ခွင့်ရတဲ့အတွက် အလွန်ကျေးဇူးတင်ကြောင်း ပထမဆုံးဗီဒီယိုမှာ ပြောကြားလာပါတယ်။
ဒီဗီဒီယိုဟာ အစ္စရေးလ် ALS အဖွဲ့အစည်းအတွက်လည်း လာမယ့်ရန်ပုံငွေ ကောက်ခံမှုများအတွက် တွန်းအားဖြစ်လာနိုင်ပါတယ်။
ဒက်ဘီရဲ့ ပုံရိပ်ကို အသက်သွင်းခဲ့သူက D-ID တည်ထောင်သူ ရှီရန်အမ်လမ်ဒေါ့ဗ်စကီဆိုမက် ဖြစ်ပါတယ်။
ဒီနည်းပညာက အလွန်စိတ်လှုပ်ရှားစရာ ကောင်းရုံတင်မကဘဲ လူနာတွေနဲ့ မိသားစုဝင်တွေအတွက် ပျော်ရွှင်မှုပြန်ရစေမှာ ဖြစ်တယ်လို့ အစ္စရေးလ် ALS မှ စီအီးအို အက်ဖရက်ကာမီက ပြောပြသွားပါတယ်။
Source: The Jerusalem Post.
#World_Technology
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 27 January 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ep နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဇန်နဝါရီ ၂၂ ရက် တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်း၊ နားကော်(၃)ရွာအနီး မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
TOYOTA HILUX REVO မော်တော်ယာဉ် ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၀၀ ၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အိုက်စ် (မက်သ် အဖက်တမင်း) ၁,၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည် အတောင့် ၃၀၊ M 22 သေနတ် ၁လက်၊ ၎င်းကျည် အတောင့် ၃၀ တို့ကိုသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် သယ်ဆောင်လာသည့် အားစော နှင့် အားကော် ဆိုသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကား၍ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Yangon_Times/PP
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 692 of 1817