စက်သုံးဆီတွေ စက်သုံးဆီဆိုင်မှာ ပြတ်လတ်ရှားပါးလာတဲ့အတွက် တက်စီယာဉ်မောင်းတွေ၊ဆိုက်တွဲမောင်းသူတွေ၊ အိမ်စီးကားတွေ၊ ဖယ်ရီတွေအခက်ကြုံနေတယ်လို့ သိရပါတယ်။
#Local_News
Published 14 August 2024
#စက်သုံးဆီရှားပါး #ဖယ်ရီတွေအခက်ကြုံ
#YMG/NN #Yangon_Times
#Local_News
Published 14 August 2024
▪️ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းဘုရားများရှိ ချုံနွယ်ပိတ်ပေါင်းများကို ဧရိယာ ၁၁ ပိုင်း ပိုင်းခြား၍ ရှင်းလင်းဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ ရှင်းလင်းဆောင်ရွက်နေသည့်အခြေအနေများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ရှေးဟောင်းအဆောက်အအုံ အမှတ် (၁) ရွှေစည်းခုံဘုရားတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေသင်္ကန်းကပ်လှူမှုအခြေအနေ၊ ကျောက်သပိတ်များ သန့်စင်၍ ကြံ့ခိုင်မှုထိန်းသိမ်းခြင်း၊ ရှေးဟောင်း သဲကျောက်ကြမ်းခင်းများပေါ်လွင်စေရန် ဆောင်ရွက်ခြင်း၊ ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ ကျောက်စာတိုက်ဆေးပြန်သုတ်ခြင်း၊ ကြေးကူတိုက်လေးလုံး၏ အပြင်ပတ်လည်တွင် စကျင်ကျောက်ခင်းခြင်းစသည့် ပြုပြင်ထိန်းသိမ်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
▪️ ယင်းနောက် ရှေးဟောင်းအဆောက်အအုံ အမှတ် (၂၃၅) သိကြားပုန်းဘုရားသို့ရောက်ရှိပြီး ဘုရားလိုဏ်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဘုရားချဉ်းကပ်လမ်း (ဂျင်းရောမြေ) ဖောက်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားမှုနှင့် အိန္ဒိယနိုင်ငံအစိုးရ အကူအညီဖြင့် Archaeological Survey of INDIA (ASI) ပြုပြင်ထိန်းသိမ်းခဲ့သည့် လုပ်ငန်းများကို လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပုဂံမြို့လောကနန္ဒာစာသင်တိုက်သို့သွားရောက်ပြီး လောကနန္ဒာ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တမေဃိယအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆက်လက်၍ သဗ္ဗညုဘုရားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံ အမှတ် (၁၅၉၇) သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် တူးဖော်သုတေသနပြုခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် လောကဥသျှောင်ဘုရားတွင် သံပန်း၊ သံတံခါး၊ သံဆန်ခါ တပ်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နံရံဆေးရေး ပန်းချီများသည် တန်ဖိုးကြီးမားပြီး ရှားပါးသော ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ပါကြောင်း၊ ခို၊ လင်းနို့ငှက်များကြောင့် နံရံဆေးရေးပန်းချီများ ပျက်စီးစေ နိုင်သည့်အတွက် ဘုရားလိုဏ်အတွင်းသို့ ဝင်ရောက်ခိုလှုံ့ခြင်းမရှိရန် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းမှာကြားပြီး ဧရိယာအလိုက် သန့်ရှင်းရေးဆောင်ရွက်မှုနှင့် ကန္တာရဆူးပင်ငုတ်များ ရှင်းလင်းဖယ်ရှား ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
▪️ ထို့နောက် ရှေးဟောင်းအဆောက်အအုံ အမှတ် (၁၈၁၂) ထီးလိုမင်းလိုဘုရားတွင် နိုင်ငံတော်အကြီးအကဲလှူဒါန်းမှုဖြင့် ဆောင်ရွက်နေသော အာရုံခံအရပ်လေးမျက်နှာနှင့် အပေါ်ထပ်ရှိ ဆင်းတုတော်ကိုးဆူ ရွှေသင်္ကန်းပြန်လည်ကပ်လှူ ဆောင်ရွက်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရုပ်ပွားတော်မြတ်ကြီးများကို ရေရှည်တည်တံ့နိုင်ရန် လိုအပ်သည့်အကာအရံများ၊ အသိပေး ဆိုင်းဘုတ်များ၊ ငှက်တိရစ္ဆာန်များ ဝင်ရောက်မှုမရှိစေရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း ၊ထီးလိုမင်းလို ဘုရားပရဝဏ်အတွင်း ရင်ပြင်တော် အုတ်ခုံနှင့် စေတီပတ် လျှောက်လမ်းအကြား သဲကျောက်ပြား လျှောက်လမ်းခင်းခြင်းနှင့် ဘုရားချဉ်းကပ်လမ်း(ဂျင်းရောမြေ) ဖောက်လုပ်နိုင်ရေး စီစဉ်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ဘုရားဖူးအများပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး မိုးရွာသွန်းမှုမများမီ လမ်းပြုပြင်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်၊ ရေရှည်ကြံ့ခိုင်စေရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပြည်တွင်းရှိ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီစက်လုပ်ငန်းရှင် ၃၀ကျော်ကို ကျပ်သန်း ၃၅၀၀ ကျော်ထုတ်ချေးပေးထားတယ်လို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု အဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 14 August 2024
#ဆီစက်လုပ်ငန်းရှင်၃၀ကျော် #ချေးငွေစီမံခန့်ခွဲမှု
#YMG/NN #Yangon_Times
Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ (မြင်းခြံ)နဲ့ V- Power သဘာ၀ ဓာတ်ငွေ့သုံးစက်ရုံတွေကို အရေးပေါ်ရပ်တန့်ခဲ့ရတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ လျှပ်စစ်မီး သုံးစွဲဝန်အားထက် လျော့ချတာ၊ စက်မှုဇုန်တွေမှာတော့ ညပိုင်းမှာ လျှော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 14 August 2024
#စက်မှုဇုန်များနှင့် မြို့နယ်အချို့ #ဓာတ်အားဖြန့်ဖြူးလျော့ချ
#YMG/NN #Yangon_Times
ကြေးခေတ်၊ သံခေတ်က ဖန်ကွင်းနဲ့ မြေအိုးစုစုပေါင်း(၂၈)ခုကို နိုင်ငံတော်အား အပ်နှံခဲ့တဲ့အတွက် ဂုဏ်ပြုဆုတွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 14 August 2024
#ဂုဏ်ပြုဆုများချီးမြှင့် #သံခေတ်ပစ္စည်းများအပ်နှံ
#YMG/tthl #Yangon_Times
၁၄ ဩဂုတ် ၂၀၂၄
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက စက်တင်ဘာလမှာ သူဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်မယ်လို့ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးအရှုပ်တော်ပုံတွေနှင့်ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်ကာလ သုံးနှစ် အဆုံးသတ်မှာဖြစ်ပြီး ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကို ရင်ဆိုင်ဖြေရှင်းရတော့မယ့် ဝန်ကြီးချုပ်အသစ်တစ်ဦးအတွက် လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်လို့ ရိုက်တာကရေးပါတယ်။
“ ပြည်သူ့ယုံကြည်မှုမရှိဘဲ နိုင်ငံရေးဟာ အလုပ်မဖြစ်ဘူး” လို့ ယနေ့ ဩဂုတ် ၁၄ရက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက ပြောကြားပါတယ်။ သူ့အနေနှင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အဖြစ် ပြန်ရွေးဖို့ မလုပ်တော့ဘူးလို့ သူက ကြေညာပါတယ်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အငြင်းပွားစရာဖြစ်နေတဲ့ ယူနီဖီကေးရှင်းဘုရားကျောင်း အဆက်အသွယ်ရှိ နေတာတွေနှင့် ရန်ပုံငွေပွဲတွေတုန်းကရရှိတဲ့ ပါတီအတွက် နိုင်ငံရေးအလှူငွေတွေကို စာရင်းမှတ်တမ်း မထားရှိတာတွေကြောင့် သူ့အပေါ်လူထူယုံကြည်ထောက်ခံမှုကျဆင်းနေတာဖြစ်ပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဂျပန်နိုင်ငံအတွက် ကာကွယ်ရေးအသုံးစရိတ်နှစ်ဆသုံးခဲ့ပြိး စစ်တပ်ကို အကြီးကျယ် ဆုံးတည်ဆောက်နေပါတယ်။
သူဟာ အမေရိကန်က တို့ပေးဆွပေးတဲ့အတွက် ဆက်ဆံရေးကျဲနေတဲ့ တောင်ကိုရီးယားနှင့်လည်း ပြန်လည်သင့်မြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီနှစ်နိုင်ငံဟာ မဟာမိတ်အမေရိကန်နှင့်အတူ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ပူးပေါင်းခဲ့ကြပါတယ်။
“ ဝန်ကြီးချုပ် ကီရှီဒါရဲ့ တည်ကြည်ခိုင်မြဲတဲ့ ဦးဆောင်မှုအောက်မှာ ဂျပန်နှင့်အမေရိကန်နိုင်ငံတွေဟာ မဟာမိတ်ဆက်ဆံရေး ခေတ်သစ်တစ်ခု ရောက်ရှိခဲ့ပါတယ်” လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရမ်အီမန်နျူယယ်က တွစ်တာ(အိတ်စ်ခ)မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
Ref : Reuters
#World_News
Published 14 August 2024
▪️ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ဩဂုတ် ၅ ရက်နေ့က ရာထူးမှနုတ်ထွက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ပြန်ပြောဆိုလိုက်ကာ အဓိကရုဏ်းတွေမှာ ပါဝင်ခဲ့သူတွေကို အပြစ်ပေးစေလိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
▪️ သူမရဲ့သားဖြစ်သူ ဆာဂျိဘ်ဝါဇက်ဒ်ကနေတဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးခြင်းနေ့ကို ဂုဏ်သိက္ခာရှိရှိ တလေးတစား ဂုဏ်ပြုပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။
▪️ ဝိဉာဉ်တွေ ကောင်းရာရောက်အောင် ဘန်ဂါဘန်ဒူဘာဘန်ဗိမာန်မှာ ပန်းကုံးတွေနဲ့ ပူဇော်ပသကြဖို့ တောင်းဆိုလိုက်ပါတယ်။
▪️ ဇူလိုင်လကတည်းက ကြမ်းရမ်းသောင်းကျန်းမှုတွေကြောင့် အသက်များစွာ ဆုံးရှုံးရကြောင်း၊ ကျောင်းသားတွေ ဆရာတွေ ရဲအမှုထမ်းတွေ ဂျာနယ်လစ်တွေ အလုပ်သမားတွေ ဝန်ထမ်းတွေ နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ သေဆုံးကြရကြောင်း၊ သူတို့ဝိဉာဉ်တွေအတွက် ဆုတောင်းပေးနေကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောပြပါတယ်။
▪️ ကြားဖြတ်အစိုးရက ဩဂုတ် ၁၅ ရက်နေ့ တစ်နိုင်ငံလုံး ပူဆွေးဝမ်းနည်းခြင်းနေ့ကို အများပြည်သူ အားလပ်ရက်အဖြစ်မှ ပယ်ဖျက်ပြီးနောက် အခုလို ဟာဆီနာက ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
▪️ အကြံပေးဦးစီးချုပ် ဒေါက်တာ မူဟာမက်ယူနက်စ်က အင်္ဂါနေ့မှာ အကြံပေးပုဂ္ဂိုလ်များ ကောင်စီအစည်းအဝေး ပြုလုပ်ပြီးနောက် အခုလိုပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဟာဆီနာကတော့ ဘင်္ဂလားဒေ့ရှ်ဖခင် ရှိတ်ခ်မူဂျီဘာရာမန်ရဲ့ ပြတိုက် ဖျက်ဆီးခံရတာကို ပူဆွေးမိတယ်လို့လည်း ဖော်ပြထားပါတယ်။
▪️ လွတ်လပ်တဲ့တိုင်းပြည်ဖြစ်အောင် ထူထောင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးကို ဆိုးဆိုးရွားရွား စော်ကားရာကျသဖြင့် တရားမျှတမှု လိုချင်တယ်လို့ ပြောသွားပါတယ်။
▪️ ဟာဆီနာက ၁၅ နှစ်တာ အုပ်စိုးပြီးနောက် ပြီးခဲ့တဲ့လအတွင်း ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ကာ ရာထူးမှနုတ်ထွက်ရသည်အထိ ဖြစ်ခဲ့ပြီးနောက် ဩဂုတ် ၅ ရက်နေ့မှာ အိန္ဒိယသို့ ထွက်ပြေးခဲ့ပါတယ်။
#Source: WION
#Local_News
Published 14 August 2024
▪️ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ အာဏာသိမ်းလိုက်ပြီဟု ထွက်ပေါ်နေသော လူမှုကွန်ယက်သတင်းများအပေါ် ကိုးကား၍ ပြည်တွင်းမီဒီယာများ၏မေးမြန်းချက်အပေါ် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။
▪️ အဆိုပါသတင်းမှာ ယမန်နေ့ ဩဂုတ်လ ၁၃ ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
▪️ "တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ပါသည်။
▪️ လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ Captain Seagull facebook အကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီကနေတစ်ဆင့် ပြည်တွင်း၊ ပြည်ပလောက်ကောင်များရဲ့ facebook အကောင့်အတု တွေအပြင် ပြည်ဖျက်မီဒီယာအချို့ကနေ ပြည်သူလူထုစိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်"ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
#Yangon _Times /PP
#World_Health
Published 14 August 2024
▪️ နောက်ထပ်ကပ်ရောဂါဘေး ဖြစ်လာနိုင်မယ့် ရောဂါပိုးအရေအတွက်ဟာ ၃၀ အထိ မြင့်တက်လာပါတယ်။
▪️ ထိုထဲမှာမှ တုပ်ကွေး-အေဗိုင်းရပ်စ်၊ သွေးလွန်တုပ်ကွေး၊ ဗိုင်းရပ်စ်၊ မျောက်ကျောက်ဗိုင်းရပ်စ်တို့က အဓိကရောဂါပိုးတွေအဖြစ် WHO ကသတ်မှတ်ထားပါတယ်။
▪️ ဒီလိုစာရင်းထုတ်ပြန်ရခြင်းဟာ ကုသမှုတွေ၊ ကာကွယ်ဆေးတွေ၊ ရောဂါရှာဖွေရေးတွေ ထုတ်ဖော်ရာမှာ ပိုပြီးကြိုးပမ်းအားထုတ်ကြဖို့ ရည်ရွယ်ပါတယ်။
▪️ ဒီစာရင်းက အထောက်အထားတွေအပေါ် အခြေခံထားတာဖြစ်ပြီး ရောဂါပိုးတွေက အလွန်ကူးစက်မြန်ကာ ထိရောက်တဲ့ ကုသမှု မရရှိသေးပါဘူး။
▪️ အရေးကြီးတာတွေကို အစဉ်လိုက်သိရှိခြင်းဖြင့် ပြဿနာဖြေရှင်းဖို့ လိုအပ်တဲ့ ဟာကွက်တွေကို သိရှိစေမှာဖြစ်တယ်လို့ အန်နာမာရီယာဟဲနိုရီစထရက်ပိုက ပြောသွားပါတယ်။
▪️ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သိပ္ပံပညာရှင် ၂၀၀ ကျော်ဟာ ရောဂါပိုးမျိုးစိတ်ပေါင်း ၁၆၅၂ မျိုးကျော်ကို လေ့လာခဲ့ပါတယ်။
▪️ ဒီနောက် အဓိကအရေးကြီးတဲ့ ရောဂါပိုး ၃၀ ကို ဖော်ထုတ်ခဲ့ကြကာ SARS-CoV-2 နဲ့ မာဘီကိုဗိုင်းရပ်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။
▪️ ၂၀၂၂ ခုနှစ်ကပျံ့ပွားခဲ့တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်နဲ့ ၁၉၈၀ လောက်က ပပျောက်ခဲ့ပြီဖြစ်တဲ့ ရေကျောက်ဗိုင်းရပ်စ်တို့လည်း ပါဝင်နေပါတယ်။
▪️ ဒါ့အပြင် ဒီဗိုင်းရပ်စ်တွေကို ဇီဝလက်နက်အဖြစ် အကြမ်းဖက်သမားတွေ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့လည်း သတိပေးထားပါတယ်။
▪️ တုပ်ကွေး-အေဗိုင်းရပ်စ်တွေထဲက မျိုးစိတ်ဒါဇင်ဝက်လောက်လည်း စာရင်းထဲ ပါဝင်ပါတယ်။
▪️ ရာသီဥတုပြောင်းလဲမှုနဲ့ မြို့ပြလူဦးရေ ထူထပ်လာခြင်းတို့က ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ များစေတယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။
#Source: WION
#World_Health
Published 14 August 2024
▪️ ကမ္ဘာမြေကြီးဟာ နည်းလမ်းမျိုးစုံဖြင့် ညစ်ညမ်းမှုခံစားနေရပြီး အစားအစာနဲ့ ရေတို့မှာတွေ့ရတဲ့ မိုက်ခရိုပလတ်စတစ်မှုန်တွေလည်း ပါဝင်ပါတယ်။
▪️ ထိုမိုက်ခရိုပလတ်စတစ်မှုန်တွေဟာ လူ့ကျန်းမာရေးကို အလွန်အန္တရာယ်ဖြစ်စေတယ်လို့ သတ်မှတ်ပြီး နှလုံးရောဂါ၊ ဟော်မုန်းမညီမျှခြင်း၊ ကင်ဆာတို့ပင် ဆက်စပ်ဖြစ်ပေါ်စေပါတယ်။
▪️ မကြာသေးမီက လေ့လာချက်မှာလည်း ပလတ်စတစ်ဘူးထဲမှ ရေကိုသောက်ခြင်းဟာ သွေးကြောထဲသို့ မိုက်ခရိုပလတ်စတစ်များ ဝင်ရောက်ပြီး သွေးပေါင်ချိန်မြင့်နိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဩစတြီးယား ဒါနုဘယ်ပုဂ္ဂလိကတက္ကသိုလ် ဆေးပညာဌာနမှ လေ့လာမှုပြုတာဖြစ်ပြီး ပလတ်စတစ်ဗူးတွေထဲမှာ မထိန်းသိမ်းထားတဲ့ ရေတွေကို စမ်းသပ်ခံတွေ သောက်သုံးစေခဲ့ရာမှာ သွေးပေါင်ချိန် သိသိသာသာ လျော့နည်းတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒါဟာ သွေးကြောထဲမှာ ပလတ်စတစ်အမှုန်ပမာဏ နည်းပါးတာကြောင့်လို့ ဖော်ပြခဲ့ပါတယ်။
▪️ ပလတ်စတစ်ဝင်ရောက်မှု နည်းတဲ့အခါ သွေးပေါင်ချိန်လည်း ကျဆင်းသွားကာ သွေးထဲမှာ ပလတ်စတစ်မှုန်တွေက သွေးပေါင်ချိန်ကို တက်စေတယ်လို့ ယူဆထားပါတယ်။
▪️ ပလတ်စတစ်ဗူးနဲ့ ထည့်ထားတဲ့ အချိုရည်တွေကိုလည်း ရှောင်ရှားကြဖို့ အကြံပြုထားပါတယ်။
လူတွေဟာ ပလတ်စတစ်ဗူးတွေဖြင့် ရေသောက်ခြင်းကနေ တစ်ပတ်ကို မိုက်ခရိုပလတ်စတစ် ၅ ဂရမ်ခန့် ဝင်ရောက်နိုင်တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိဖူးပါတယ်။
▪️ ဒီအတွက် ရေကိုကြိုချက်ပြီး စစ်ယူသောက်သုံးခြင်းဖြင့် ပလတ်စတစ်မှုတွေကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်ပါတယ်။
#Source: India Today
ဇင်ဘာဘွေအစိုးရက နိုင်ငံအတွင်း ရောင်းဝယ်မှုများအတွက် အမေရိကန်ဒေါ်လာ အသုံးပြုနေခြင်းကို ဖြတ်တောက်ပြီး ရွှေတုံးအခြေပြု ZiG ငွေကြေးအသစ်ဖြင့် အစားထိုးဖို့လမ်းစကို မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။
#World_Currency
Published 13 August 2024
#ဇင်ဘာဘွေ #ပြည်တွင်းငွေကြေးသစ်စတင်သုံး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 August 2024
၁။ ဆီလီကွန်ပုံတူပန်းပုရုပ်တုလုပ်ငန်းအတွက် ကုန်ကြမ်းပြတ်ပြီး ဈေးနှုန်းတက်နေ
၂။ ရေလွှမ်းဒဏ်ခံရသည့် မိုးစပါးစိုက်ဧက တစ်သန်းခန့်သာရှိသည့်အပြင် လက်ကျန်နှင့်အရန်ဆန်များပါရှိသောကြောင့် ပြည်တွင်းစားသုံးမှုဖူလုံဟုဆို
၃။ မန္တလေးတိုင်းတွင်နေရာကွက်ပြီး မိုးကြီးနိုင်ပြီး ရှမ်း၊ ကရင်၊ မွန်တို့တွင်နေရာအနှံ့အပြားမိုးရွာနိုင်မည်
၄။ ဇင်ဘာဘွေတွင် ဒေါ်လာအစား ပြည်တွင်းငွေကြေးသစ်စတင်အသုံးပြုမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 693 of 2058