#Local_News
Published 22 October 2024


▪️ ရုရှားနိုင်ငံ၏ ဆောင်းရာသီကာလတွင် ရုရှားအားကစားသမားများ မြန်မာနိုင်ငံ၌ရက်ရှည်လာရောက်တည်းခိုပြီး လေ့ကျင့်ရန်ရှိကြောင်း သိရသည်။

 

▪️ အောက်တိုဘာလ(၂၁)ရက်က လာရောက်ခဲ့သည့်မြန်မာ - ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လာရောက်ခဲ့သည့် ရုရှားတာဝန်ရှိသူများက အဆိုပါရက်ရှည်လည်ပတ်ပြီး လေ့ကျင့်ရန်ရှိသည်ကို ထည့်သွင်းဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။

 

▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူနှင့် Space Travel Agency မှ တာဝန်ရှိသူများက ရုရှားနိုင်ငံ၏ ဆောင်းရာသီကာလတွင် ရုရှားအားကစားသမားများ မြန်မာနိုင်ငံ၌ ရက်ရှည်လာရောက်တည်းခိုနေထိုင်၍ လေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ၊ ရုရှားခရီးသွားဧည့်သည်များ ငွေပေးချေမှုနှင့်စပ်လျဉ်း၍ ပိုမိုလွယ်ကူအဆင်ပြေချောမွေ့ စေရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးနှင့် အသက်အာမခံထားရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

▪️ ယင်းအပြင် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးကြပြီး မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်စေရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ပြန်လည်ဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times