#Local_News
Published 22 October 2024

 

▪️ ငမိုးရိပ်နှင့်မဟူရာတမံရေပြည့်မှတ်ထက်ကျော်လွန်နေကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

▪️ အောက်တိုဘာ ၂၂ရက် မနက် ၆နာရီအချိန်ထုတ်ပြန်ချက်အရ ငမိုးရိပ်တမံ​သည် ရေပြည့်မှတ်အထက် ၁ဒသမ ၇၅  ပေပိုနေပြီး မဟူရာတမံ​ သည် ရေပြည့်မှတ်အထက်  ၁ဒသမ၁၀ ပေပိုနေကြောင်း သိရသည်။

 

▪️ "မိုးက​တော့ ပညာရှင်​တွေကြိုတင်ခန်းမှန်းချက်​တွေအတိုင်း ​တော်​တော်ကိုများပါတယ်၊​ ရေပိုလွှဲများ​ရေမ​ကျော်​သေးပါဘူးခင်ဗျာ၊​ ရေစီး​ရေလာမ​ကောင်းတဲ့  မြို့ရွာရပ်ကွက်​တွေမှာ​တော့ မ​နေ့ကလိုဘဲ​ရေ​တွေများနိုင်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦး ကပြောသည်။

 

▪️ ထို့အပြင် ပေါင်းလင်းတမံ​သည် ရေပြည့်ရန်   ၅ဒသမ ၈၀ ​ပေလိုနေပြီး လဂွမ်းပြင်တမံ​သည် ရေပြည့်ရန် သုညဒသမ ၆၀  ​ပေလိုနေပြီး ကလီ​ထော်တမံ​သည် ရေပြည့်ရန် သုညဒသ၉၀ ပေလိုကြောင်း သိရသည်။

 

▪️ ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး ကျေးရွာအနီး (၂)မိုင်ခန့် အကွာတွင် တည်ရှိပြီး မဟူရာ(ငမိုးရိပ်)ရေကူရေလှောင်တမံသည်လှည်းကူးမြို့နယ်၊ ဘွက်ကြီး ကျေးရွာအထက်ဘက်(၂)မိုင် ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times