#Local_News
Published 22 October 2024


▪️ မရမ်းကုန်းမြို့နယ် ၌ စက္ကူစက်လုပ်ငန်းလုပ်ကိုင်သည့်နေအိမ်တစ်လုံးမီးလောင်မှုတစ်ခု   ယနေ့မနက်အစောပိုင်း၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အောက်တိုဘာ၂၂ ရက်နေ့၊ မနက်၆နာရီ ၃မိနစ် အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ "မီတာဘောက်က စလောင်တာ၊မီးများတယ်၊ စက္ကူစက်လည်းလုပ်တော့ ခဏလေးနဲ့ ကုန်တာပဲ ၊ ၈ ရပ်ကွက် ၊Gandamar hotel နောက်ကပ်လျက်အိမ်ပါ ၊လူအသေအပျောက်မရှိပါဘူး " ဟု ယင်း လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် သမိုင်းနယ်မြေမီးသတ်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊  ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြိမ်းသတ်ခဲ့ ကြောင်း၊ မနက်၆ နာရီ ၁၂မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စုနှင့် မနက်၆နာရီ၁၇မိနစ် အချိန်တွင် Level 2 ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ရာ
၆နာရီ ၂၇ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆နာရီ  ၃၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times