#Local_News
Published 22 October 2024


▪️ ရွှေသယ်ဆောင်လာသည့် ရွှေသေတ္တာများကို လုယက်သွားသည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီးနောက် ရွှေပိုင်ရှင်များကိုလုံခြုံရေးသတိထားရန်၊ CCTVတွေတပ်ဆင်ထားရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

 

▪️ အောက်တိုဘာလ(၂၁)ရက်က ကမာရွတ်မြို့နယ်ထဲမှာဖွင့်လှစ်ထားတဲ့ ရွှေယုံရွှေဆိုင်မှ ရွှေသေတ္တာသုံးလုံးနဲ့ ထည့်ထားတဲ့ရွှေငါးပိဿာကိုပိုင်ရှင်ကနေအိမ်(လှိုင်မြို့နယ်၊(၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂))ရှေ့ သို့ကားဖြင့် ပြန်ပို့ခိုင်းရာမှ အဆိုပါလှိုင်မြို့နယ်နေအိမ်အနီးတွင်‌ေ-သနတ်ဖြင့်ပစ်ခတ်လုယက်သွားသည်ဟု ဖော်ပြထားသည်။

 

▪️ သို့ဖြစ်၍ ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTVများတပ်ဆင်ထားသည့် အတိုင်း မိမိတို့ နေထိုင်သည့် အိမ်နေရာပတ်ဝန်းကျင်နှင့်ကားပါကင်နေရာများတွင် CCTV Camera များ တပ်ဆင်ခြင်း၊ အ‌ရေးပေါ် Alarm Bellများတပ်ဆင်ခြင်း၊မိမိတို့ရွှေ၊ငွေသယ်ဆောင်သည့် ကားများတွင် Cameraများတပ်ဆင်ခြင်း၊ GPS စနစ်များထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒုစရိုက်လုယက်မှုများမဖြစ်ပေါ်အောင် ကာကွယ်နိုင်ရန်အသိပေးပန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times