#World_Health
Published 22 October 2024


▪️ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေခြင်းက ထိုင်နေတာထက်စာရင် နှလုံးသွေးကြော ကျန်းမာရေးကို မကောင်းမွန်စေသလို သွေးကြောထုံးခြင်း၊ သွေးခဲပိတ်ခြင်းစတဲ့ သွေးလည်ပတ်မှု အပိုင်းတွေမှာ အန္တရာယ်ပိုများစေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

 

▪️ ဩစတြေးလျ ဆစ်ဒနီတက္ကသိုလ်မှ ဦးဆောင်သုတေသီ မက်သရူးအာမက်ဒီနဲ့ အဖွဲ့ဟာ စမ်းသပ်ချက်စတင်ချိန်မှာ နှလုံးရောဂါမရှိတဲ့သူ ၈၃၀၀၀ ကို ၇ နှစ်- ၈ နှစ်လောက် စောင့်ကြည့်ခဲ့ကြပါတယ်။

 

▪️ စမ်းသပ်ခံတွေရဲ့ လက်ကောက်ဝတ်မှာ စမတ်နာရီလိုမျိုး စက်ပစ္စည်းတွေ တပ်ဆင်စေပြီး သွေးလည်ပတ်မှု အချက်အလက်များကို စောင့်ကြည့်ခဲ့ပါတယ်။
စမ်းသပ်ချက်ဟာ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းရဲ့ သက်ရောက်မှုတွေကို အဓိကဦးတည်ခဲ့ပါတယ်။

 

▪️ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူး မရှိတဲ့အပြင် တစ်နေ့ကို ၁၀ ကျော်လောက် ထိုင်နေတာကလည်း နှလုံးသွေးကြောရောဂါများ၊ သွေးပေါင်ကျခြင်းစတဲ့ ပြဿနာများ ဖြစ်နိုင်ခြေ များစေပါတယ်။

 

▪️ ဒီလိုလူတွေမှာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

 

▪️ တစ်နေ့ကို ပြင်းထန်တဲ့ လေ့ကျင့်ခန်း ၆ မိနစ်ခန့် ဒါမှမဟုတ် သာမန်လေ့ကျင့်ခန်း နာရီဝက်မျှ ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

 

▪️ ပုံမှန်အနားယူမယ်၊ လမ်းလျှောက်မယ်၊ လှေကားတက်မယ်၊ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်မယ် စတာတွေ ပြုလုပ်သင့်တယ်လို့ ဆစ်ဒနီတက္ကသိုလ်မှ ပရော်ဖက်ဆာ အီမန်နျူယယ်စတာမာတာကစ်က ပြောပါတယ်။

 

▪️ အရွယ်ရောက်ပြီးသူများအနေဖြင့် တစ်ပတ်ကို ၁၅၀ မိနစ်ခန့် လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကြွက်သားလေ့ကျင့်ခန်း ၂ ရက်ပြုလုပ်ခြင်းတို့ ဦးတည်လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။



#Source: New York Post