၂၁ အောက်တိုဘာ ၂၀၂၄

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဖောက်ခွဲတိုက်ခိုက်မှုခံရသည့်အတွက် အဆိုပါတိုက်ခိုက်မှု လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချတယ်လို့ တရုတ်အစိုးရကပြောပါတယ်။

အောက်တိုဘာ ၂၁ ရက် ယနေ့တွင် ဘေဂျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ သတင်းထောက်တစ်ဦး၏အမေးအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစ္စတာလင်းကျန့်က ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

“မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၈ ရက်နေ့ ၅ နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ တရုတ်ကောင် စစ်  ဝန်ချုပ်ရုံး၏ လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခုသည် ဖောက်ခွဲရေးတိုက်ခိုက်မှုခံခဲ့ရပြီး လူထိခိုက်   သေဆုံးမှုမရှိခဲ့သော်လည်း ရုံးဆောင်အချို့တဝက်ပျက်စီးမှုဖြစ်ပွားခဲ့သည်။ တရုတ်ဘက်က အဆိုပါတိုက် ခိုက်မှုလုပ်ရပ်ကို အလွန်တုန်လှုပ်မိ၍ ပြင်းထန်စွာရှုတ်ချပါတယ်” လို့ မစ္စတာလင်ကျန့်က ပြောဆိုခဲ့ တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေး    ပေါ်တုံ့ပြန်မှုယန္တရားကိုလျင်မြန်စွာစတင်တုန့်ပြန်လုပ်ဆောင်ခဲ့တယ်လို့လည်းသူကပြောပါတယ်။ယင်းအပြင် တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူကို အစွမ်းကုန်   ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် မြန်မာနိုင်ငံဘက်သို့ တရုတ်နိုင်ငံဘက်က လေးနက်   စွာ အရေးဆို တိုက်တွန်းထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာဘက်ကလည်း အဆိုပါကိစ္စရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းဖြစ်ရပြီး လိုအပ်သောအစီအမံများ    ကို လုပ်ဆောင်ပြီးဖြစ်ကာ နိုင်ငံတကာဥပဒေအရ ကတိကဝတ်နှင့် တာဝန်ဝတ္တရားများကို ဆောင်        ရွက်မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်များ၏ လုံခြုံရေး ပဓာန တာဝန်ကို လက်   တွေ့ကျကျတာဝန်ယူသွားမည်ဖြစ်တယ်လို့ပြောဆိုထားကြောင်း မစ္စတာ လင်ကျန့်က သတင်းထောက်   တွေကိုပြောပါတယ်။

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကလည်း မကြာသေးမီက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ ပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဒေသအတွင်းလုံခြုံ  ရေး    အခြေအနေကို ဆက်လက်ဂရုပြုကြ၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံ  ရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားတယ်လို့လည်း တရုတ်        နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

#ymg/knl