၁၇ အောက်တိုဘာ ၂၀၂၄

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနှင့်စစ်ပွဲတွေမှာ ဗြိတိန်နိုင်ငံဟာ မျိုးစေ့ချခဲ့တယ်လို့ ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ တရုတ်သံတမန်က ပြောဆိုခဲ့တဲ့အကြောင်း CCTV သတင်းတစ်ရပ်အရ သိရပါတယ်။

 ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင် တတိယကော်မတီ ဆွေးနွေးပွဲမှာ တရုတ်သံတမန်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် တိုင်းပင်း Dai Bing က တရုတ်နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်ကို ပြန်လည်  တုန့်ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။

"အမေရိကန် နှင့် ဗြိတိန် တို့တွင် လူ့အခွင့်အရေးအခြေအနေများသည် နိုင်ငံတကာလူ့အသိုက်အဝန်း၏ အာရုံစိုက်  စရာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဂါဇာတွင် အရပ်သားပြည်သူ ၄၀,၀၀၀ ကျော်သေဆုံးခြင်းကို မျက်ကွယ် ပြုမမြင်ချင်ယောင်ဆောင်ခဲ့ကာ ပြည်တွင်း၌ ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ဖိနှိပ်ခဲ့  ပါတယ်၊ ပြည်ပသို့လည်း လက်နက်များပေးပို့ကာ ပဋိပက္ခများ ပိုမိုဆိုးရွားအောင်   လုပ်ခဲ့ပါ   တယ်။အရှေ့အလယ် ပိုင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးဆိုးကြီးအတွက်လည်း အမေရိကန်နိုင်ငံတွင်  အသေအချာတာဝန်  ရှိနေပါတယ်။ဗြိတိန်ဟာ နှစ်ပေါင်းရာကျော် ကိုလိုနီပြုအုပ်စိုးခဲ့စဉ်အတွင်း ကမ္ဘာတစ်လွှားမှာ အားလုံးသော ရာဇဝတ်မှုအမျိုးမျိုးကိုကျူးလွန်ခဲ့တယ်။  ပါလက်စတိုင်းနှင့်အစ္စရေးတွေအကြား၊ပြီးတော့ ဆူဒန်နှင့်မြန်မာနိုင်ငံ တွေ အပါအဝင် စစ်ပွဲတွေနှင့် ပဋိပက္ခတွေအများစုကို ဗြိတိန်က မျိုးစေ့ချခဲ့တာဖြစ်တယ်။ ဒီကနေ့မှာလည်း အဲဒီမီးတောက်ကိုထပ်ပြီးမီးလောင်ရာလေပင့်နေတယ်။ဒီပြဿနာတွေအားလုံးအတွက်အပြည့်အဝတာဝန်ရှိတယ်။ အမေရိကန်၊ဗြိတိန်နှင့် အနောက်နိုင်ငံအချို့ဟာ  အစ္စလမ်ကြောက်ရောဂါနှင့်   အာရှမုန်းတီးရေးတွေကိုပျံ့နှံ့သွား အောင်လုပ်နေတယ်။ လူနည်းစုတိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ ကန့်သတ်တာတွေဆက်လုပ်နေတယ်။  သူတို့ကိုယ်သူတို့ လူ့အခွင့်အရေးချန်ပီယံလို့ပြောနေတာတွေဟာ တကယ့်ကို ကြောင်သူတော်တွေပဲဖြစ်တယ်"လို့ သူကပြောခဲ့ပါတယ်။