#Local_Sports
Published_ 19 October 2024


▪️ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၇ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု( D) တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအို အသင်းများနှင့် အတူကျရောက်ခဲ့ပါတယ်။

 

▪️ ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ငါးသင်း သုံးအုပ်စုနှင့် လေးသင်း တစ်အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။

 

▪️ ခြေစစ်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ မှ ၁၉ ရက် အထိ ကျင်းပပြုလုပ်မှာပါ။ ခြေစစ်ပွဲ အုပ်စုလေးခုမှ ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီ(ရှစ်သင်း)နှင့် အုပ်စုလေးခုမှ အကောင်းဆုံးအုပ်စုတတိယရအသင်း စုစုပေါင်း ကိုးသင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

 

▪️ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ကိုးသင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် ကျင်းပသွားမှာဖြစ်ပြီး တရုတ်နိုင်ငံ၌ ၂၀၂၅ ခုနှစ် မေ ၇ ရက် မှ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် လာမည့်နိုဝင်ဘာအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် စက်တင်ဘာ ၃၀ ရက်မှစ၍ ပဏာမကစားသမား၂၆ ဦးဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိကြောင်း သိရပါတယ်။

 

▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအပြင် အာရှဖလား ခြေစစ်ပွဲအတွက်ပါ ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

 

#Ymg_mnn #Yangon_Media_Group