#Local_News
Published_ 19 October 2024


▪️ အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများတွင် ကြီးမားသောပြဿနာဖြစ်လာပြီး မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နှင်းလျက်ရှိပြီး အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗီယင်နာမြို့ အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းတက်ရောက်ခဲ့ ပြောကြားခဲ့ပါတယ်။

 

▪️ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် အောက်တိုဘာ (၁၄)ရက်မှ (၁၈)ရက်အထိ ကျင်းပခဲ့တဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNTOC) အဖွဲ့ဝင်နိုင်ငံများ ၏ (၁၂)ကြိမ်မြောက်ညီလာခံ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

▪️ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ်တွင် UNTOC နှင့် လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းသွားလာ သူများအား မှောင်ခိုကူးမှုဆိုင်ရာ နောက်ဆက်တွဲစာချုပ်(Protocol)(၂)ခုသို့ ဝင်ရောက်ခဲ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ACTIP)နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား နားလည်မှုစာချွန်လွှာ (COMMIT MoU)တို့မှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နေပါတယ်။

 

▪️ လက်ရှိတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နိုင်ငံတကာအနေဖြင့် အကူအညီလိုအပ်နေသော နိုင်ငံများသို့ အဆင့်မြင့်နည်းပညာနှင့် နည်းပညာဆိုင်ရာ ကိရိယာများပံ့ပိုးပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ သတင်းအချက်အလက်မျှဝေမှုစနစ် ပိုမိုကောင်းမွန်စေခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

▪️ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းအားလုံးကို တိုက်ဖျက်သွားဖို့ ထပ်မံ အတည်ပြုပြောကြားခဲ့ပြီး UNODC၊ နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားဖို့လည်း အသင့်ရှိကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

 

#Ymg_mnn #Yangon_Media_Group