#Local_News
Published 19 October 2024

▪️ စပိန်ရထားတွဲများဖြင့် ပြေးဆွဲမည့်ဘူတာ လမ်းကြောင်းရှိ ဘူတာပလက်ဖောင်းများကို  ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ စပိန်နိုင်ငံထုတ် Diesel Electric Multiple   Unit(DEMU)ရထားတွဲဆိုင်းများဖြင့် ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် စမ်းသပ်ပြေးဆွဲနေရာ လိုက်ပါစီးနင်းသည့် ခရီးသွား ပြည်သူများ အဆင်ပြေစေရန်  ရထားဘူတာပလက်ဖောင်း အမြင့်ကို ထပ်မံတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

 

▪️ အဆိုပါလုပ်ငန်းများကို ယခုအောက်တိုဘာလအတွင်း ဆောင်ရွက်လျက်ရှိပြီး ရထားစီးခရီးသည်များ အခက်အခဲမရှိစေရန် မူလအမြင့် လေး ပေရှိသည့် ဘူတာပလက်ဖောင်းများအား နောက်ထပ် တစ်ပေခွဲထပ်မံမြှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် ရထားဘူတာများတွင် ပလက်ဖောင်းများမြှင့်တင်ခြင်းကို လာမည့်နိုဝင်ဘာလအတွင်း မြို့ပတ်အထူးရထား အဖြစ် ပြေးဆွဲသွားမည့်လမ်းပိုင်းရှိ ဘူတာများအတွက်ပါ အဆင်ပြေစေရန် ပြင်ဆင်မှုများဆောင်ရွက်နေကြောင်း သိရသည်။

 

#YMG/NN #Yangon_Times