#Local_News
Published 19 October 2024

▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်၌ ဗန္ဓုလဈေး၌ နှစ်ထပ်ဈေးရုံသစ်ကို ကျပ်သန်းပေါင်း ၆၀၀ကျော် အကုန်အကျခံတည်ဆောက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

▪️ အဆိုပါ ဗန္ဓုလဈေး၌  RC နှစ်ထပ်ဈေးရုံသစ်ကို ယင်းနှစ်ထပ်ဈေးရုံသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ ငွေကျပ် ၆၈၆ ဒသမ ၆ သန်း အကုန်အကျခံ၍ တည်ဆောက်နေခြင်းဖြစ်သည်။

 

▪️ ဈေးရုံသစ်အဆောက်အအုံသည် အလျား ၂၇၉ ပေ၊ အနံ ၂၄ ပေရှိကာ အောက်ထပ်တွင် အလျား ၁၂ ပေ၊ အနံ ၁၀ ပေစီရှိသော ရှေ့ဘက်မျက်နှာလှည့် ဆိုင်ခန်း ၂၂ ခန်းနှင့် ဘေးဘက်မျက်နှာလှည့် ဆိုင်ခန်း ၂၂ ခန်း၊ စုစုပေါင်းဆိုင်ခန်း ၄၄ ခန်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် အပေါ်ထပ်တွင် Hall Type ပြုလုပ်ကာ မင်္ဂလာပွဲများ၊ အလှူပွဲများနှင့် အခမ်းအနားများ ကျင်းပနိုင်မည့် ခန်းမတစ်ခု ပါဝင်မှာဖြစ်ပြီး ကျန်အပိုင်းကို Super Market များ၊ Shopping Mall များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများသည်လတ်တလောတွင် ၅၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ယခုနှစ်အတွင်းအပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times