#Local_News
Published 16 October 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင်  သီတင်းကျွတ်ဈေးပွဲတော်ကိုယနေ့ စတင်၍ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိမနက် ၉ နာရီ မှ ည ၉ နာရီအထိ  ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ၀န်ကြီးများရုံး  Heritage Market Indoor & Outdoor  တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

▪️ ပွဲ‌တော်၌ လူသုံးကုန်ပစ္စည်း များ ၊Fashion များ၊ တားရော့ဆိုင်များ၊ အစားအသောက်များ၊ ရိုးရာ handmade များ၊ လက်၀တ်ရတနာများ၊ ၀န်ဆောင်မှုများ၊ ကလေးပစ္စည်းဆိုင်များနှင့် အခြားသောထုတ်ကုန်များစွာ ပါ၀င်ကြောင်း သိရသည်။

 

▪️ ထို့အပြင် စားသောက်တန်းများမှာလည်း စားပွဲထိုင်ခုံများနှင့် ပါ၀င်ထားသည့်အပြင်အခမဲ့ မြည်းစား၍ရတဲ့ ဆိုင်များလည်းပါရှိကြောင်း ပွဲတော်၌ စားသောက်ကုန်၊ လူသုံးကုန်နှင့် အထွေထွေကုန်ပစ္စည်းမျိုးစုံတို့ကို ဆိုင်ခန်းပေါင်း ၈၀ ခန့်ဖြင့် ပြသဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။

 

▪️ ထို့အပြင် ဖျော်ဖြေရေးများအဖြစ် လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ ညနေခင်းများတွင် အနုပညာရှင်များမှအက၊ အဆို performance များဖြင့် အခမဲ့ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည့်အပြင် စျေးပွဲလာပရိသတ်များ ပါ၀င်၍ရသည့်  ဂိမ်းပြိုင်ပွဲများကိုလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။

 

#YMG/NN #Yangon_Times