#Local_News
Published 12 October 2024


▪️ သာကေတမြို့နယ်၌  ဓာတ်တိုင်အသစ်များစိုက်ထူရန် ရပ်ကွက်အချို့၌ ယာယီမီးပြတ်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဌာနမှ သိရသည်။

 

▪️ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီ မှ နေ့လယ် ၂နာရီအထိ 33kV သာကေတ မြင်တော်သာဖီဒါကို ဓာတ်အားပိတ်၍(Shutdown) ဧရာဝဏ်လမ်း တလျောက်(မြင်တော်သာလမ်းမှ အဝိုင်းထိ) လမ်းတိုးချဲ့နှင့် မလွတ်ကင်းသော ဓာတ်တိုင်များအားရွေ့ရန်အတွက် ဓာတ်တိုင်အသစ်များစိုက်ထူခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ကြောင့်  ထူပါရုံ ၊ အနော်မာ၊ ၂တောင်၊ ၆ အနောက်၊ ရ အရှေ့၊ ၇အနောက်၊ ၈၊၉၊ ၁၀တောင်နှင့် ၁၀မြောက်ရပ်ကွက်များတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

#YMG/NN #Yangon_Times