#Local_News
Published_ 12 October 2024


▪️ မြန်မာ့မီးရထားမှ သီတင်းကျွတ်ကာလအတွင်း ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်- ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများဖြင့် အောက်တိုဘာ ၁၅ ရက်နှင့် ၂၀ ရက်တို့တွင် တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

▪️ သီတင်းကျွတ်ရုံးပိတ်ရက်ကာလ နယ်သို့ပြန်ကြမယ့် ခရီးသွားပြည်သူများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ဖို့ မြန်မာ့မီးရထားက တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ အထူးရထားများအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှု အပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးနေတဲ့ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက် ပြေးဆွဲပေးသွားမယ်လို့လည်း သိရပါတယ်။

 

▪️ ခရီးသွားများအနေဖြင့် အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမှာဖြစ်ပြီး၊ ရထားလက်မှတ်ခနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးတဲ့ ရထားများအတိုင်း ဖြစ်ပါတယ်။

 

#Ymg_mnn #Yangon_Media_Group