#Local_News
Published_30 Sept 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်အတွင်း ရေဘေးလှူမည့်အထုပ်အတွင်းမှ ဗုံးပေါက်ကွဲ၍ ၁၁ ဦး ဒဏ်ရာရမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

 

▪️ ယနေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဒဏ်ရာရရှိသူများအား အမှတ် (၂)တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)သို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

▪️ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှာ အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့်စက်ဆန်းရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတို့တွင်ဖြစ်ကြောင်း၊ အလတ်ချောင်းအုပ်ချုပ်ရေးမှူးရုံး၌ စမတ်ကတ်ပြုလုပ်ရန်ရောက်ရှိနေကြသော အရပ်သား ၇ ဦးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးရှိ အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

 

▪️ လက်ရှိတွင်သက်ဆိုင်ရာက အခင်းဖြစ်ရာနေရာကို စစ်ဆေးမှုများပြုလုပ်နေကာ ကျူးလွန်သူများကို ဖော်ထုတ်ရန် စုံစမ်းနေကြကြောင်း သိရသည်။

 

#Yangon_Times/PP