#Local_News
Published 30 September 2024


▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

 

▪️ စက်တင်ဘာ ၃၀ ရက်နေ့၊ မနက် ၂နာရီ  ၂၅ မိနစ်အချိန်ခန့်က  ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆိုင်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာည်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၂နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့‌ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုများအား ဆက်လက်စုံစမ်းနေကြောင်း  သိရသည်။

 

#YMG/NN #Yangon_Times