#World_Science
Published 04 October 2024


▪️ ကမ္ဘာမြေကြီးမှာ နှစ်သန်းပေါင်းကျော် ကြာလာတဲ့အထိ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှု အများအပြား ဖြစ်ခဲ့ပါတယ်။

 

▪️ ရေခဲပြင်ဟာလည်း ဒီပြောင်းလဲမှုတွေမှာ အဓိကဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အချိန်တွေက ရာသီဥတုတွေကို နားလည်စေနိုင်ပါတယ်။

 

▪️ သိပ္ပံပညာရှင်တွေက ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရေခဲကို ရှာဖွေရန် ကြိုးစားနေကြပါတယ်။

 

▪️ ယခုထက်ထိ မှတ်တမ်းများအရ အန္တာတိကမှ ရေခဲဟာ နှစ်ပေါင်း ၈ သိန်းရှိပေမယ့် အခုဆိုရင် နှစ်ပေါင်း ၁ သန်းခွဲရှိတဲ့ ရေခဲကိုရှာဖွေနေပါတယ်။

 

▪️ ရေခဲပြင်တွေက နေရာရွေ့လျားနေပြီး အရည်ပျော်ခြင်းကနေ မှတ်တမ်းများ ပျောက်ကွယ်လာတာကြောင့် သက်တမ်းအရင့်ဆုံး ရေခဲရှာတွေ့နိုင်မယ့် နေရာအတိအကျကို သိရှိဖို့ ခက်ခဲနေပါတယ်။

 

▪️ ဒါပေမဲ့ သုတေသနများအရ တောင်အမေရိကအနီး U1537 နိုင်ငံတကာ သမုဒ္ဒရာရှာဖွေရေးနေရာက သက်တမ်းအရင့်ဆုံးရေခဲ ဖြစ်နိုင်မယ့်အလားအလာ ရှိနေပြီး ဒါဟာ ပင်လယ်ရေမှုန်ပါဝင်မှုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

 

▪️ ဒီအတွက် သုတေသီများက သမုဒ္ဒရာ 1090 နေရာ အတ္တလန္တိတ်သမုဒ္ဒရာ တောင်ပိုင်းမှ ပင်လယ်ရေမှုန်များကို U1537 မှ အမှုန်များနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

▪️ သက်တမ်းအရင့်ဆုံး ရေခဲမှတ်တမ်းတုများ ဖန်တီးခဲ့ကြသလို U1537 အမှုန်ပါဝင်မှု မှတ်တမ်းပုံစံများဖြင့် ယှဉ်ကြည့်ခဲ့ကြပါတယ်။

 

▪️ ထိုနေရာနှစ်ခုမှ မှတ်တမ်းယှဉ်တွဲမှုမှာ နှစ်ပေါင်း ၈ သိန်းအထိ တွေ့ရှိခဲ့ပေမယ့် နှစ်ပေါင်း ၄ သောင်းအတွင်း တောင်ပိုင်းစက်ဝန်းခြမ်းမှာ အမှုန်အပြောင်းအလဲများကြောင့် ဆက်စပ်မှုက လျော့ပါးသွားပါတယ်။

 

▪️ သက်တမ်းအရင့်ဆုံးရေခဲ ရှာဖွေရခြင်း နောက်ထပ်အကြောင်းအရင်းက ပလစ္စတိုဆင်းခေတ်ဝက်လောက်မှာ အပြောင်းအလဲ ဖြစ်ရခြင်းနဲ့ အကျိုးဆက်တွေကို သိရှိလိုတဲ့အတွက် ဖြစ်ပါတယ်။

 

#Source: WION