#World_Health
Published 04 October 2024


▪️ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတတ်ပြီး ဒါဟာ ဇီဝအကြောင်းအရာ၊ ဟော်မုန်း၊ နေထိုင်မှုပုံစံစတဲ့ အချက်တွေ ကွာခြားတာကြောင့် ဖြစ်ပါတယ်။

 

▪️ WHO ဖော်ပြချက်အရ နှစ်စဉ်သေဆုံးသူတွေထဲက ၁၇.၉ သန်းနီးပါးဟာ နှလုံးသွေးကြောရောဂါများကြောင့် ဖြစ်ပြီး အသက်ငယ်သူတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် အဖြစ်များကြပါတယ်။

 

▪️ အမျိုးသမီးတွေ ဓမ္မတာသွေးမဆုံးခင် အများအပြား ရှိနေတဲ့ အီစထရိုဂျင်ဟော်မုန်းဟာ နှလုံးကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

 

▪️ အမျိုးသားတွေကတော့ ဒီလိုအားသာချက်မျိုး မရှိတာကြောင့် အစောပိုင်းမှာတည်းက နှလုံးပြဿနာများ ဖြစ်နိုင်ခြေ ပိုများပါတယ်။

 

▪️ အမျိုးသားတွေ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနဲ့ မညီစွာ စားသောက်ခြင်း၊ အထိုင်များတဲ့ပုံစံတွေကလည်း နှလုံးရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။

 

▪️ ဆေးလိပ်သောက်တဲ့အခါ နှလုံးသွေးကြောတွေ ကျဉ်းမြောင်းပိတ်ဆို့သွားပြီး နှလုံးသို့ သွေးရောက်ရှိမှု နည်းပါးကာ နှလုံးဖောက်နိုင်ခြေ ပိုများစေကြောင်း SHALBY Sanar အပြည်ပြည်ဆိုင်ရာဆေးရုံမှ နှလုံးအထူးပြု ဒေါက်တာ ဒီကေဂျမ့်က ပြောပါတယ်။

 

▪️ များသောအားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေထက် ဆေးလိပ်နဲ့ အရက်သုံးစွဲခြင်း ပိုများပါတယ်။

 

▪️ ဒါ့အပြင် အမျိုးသားတွေက ဖိစီးမှုပိုများတဲ့ အလုပ်အကိုင်တွေ ပိုလုပ်ရလေ့ရှိပါတယ်။

 

▪️ ဖိစီးမှုကို ကြာရှည်ခံစားလာရတဲ့အခါ သွေးဖိအားများတဲ့ ရောဂါတွေ ဝင်လာနိုင်ပြီး နှလုံးသို့ သွေးရောက်ရှိမှု နည်းစေတယ်လို့ ဒေါက်တာက ပြောပါတယ်။

 

▪️ မျိုးရိုးဗီဇအရ အမျိုးသားတွေမှာ ဝမ်းတွင်းအင်္ဂါတွေနားတဝိုက် အဆီများ ပိုမိုစုပြုံတတ်ကာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာစေနိုင်တဲ့ အခြားပြဿနာများ ဖြစ်လာစေပါတယ်။

 

▪️ လေ့လာချက်တစ်ခုအရ အမျိုးသားတွေဟာ ငယ်စဉ်မှာတည်းက နှလုံးဖောက်နိုင်ခြေ ပိုများပါတယ်။

 

▪️ အမျိုးသားတွေမှာ မကောင်းတဲ့ ကိုလက်စ်ထရောလ် ပိုမိုမြင့်မားသဖြင့် သွေးကြောပိတ်ဆို့မှုများ ပိုဖြစ်နိုင်ပါသေးတယ်။

 

#Source: India Today