#Local_News
Published 3 October 2024


▪️ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နှင့်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြားရှိ မယ်ဆိုင်ချောင်းရေမြင့်တက်၍ တာချီလိတ်မြို့တွင်  ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားနေကြောင်း ‌ဒေသခံများထံမှသိရသည်။

 

▪️ အောက်တိုဘာ ၂ရက် ယမန်နေ့ညတစ်ညလုံး မိုင်းဆတ်ခရိုင်အတွင်း မိုးရွာသွန်းမှု၏ နောက်ဆက်တွဲအနေဖြင့် တာချီလိတ်မြို့နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေမှာ အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းက စပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ "ဒီနေ့ည ၁၂နာရီကျော်ကျော်လောက်ထဲက ရေစတက်လာတာ၊ ခုချိန်ထိတက်နေတုန်းပဲလေ၊အရင်လ ရေကျတာကို မရှင်းမလုပ်နိုင်သေးဘူး၊ ခုထပ်တက်ပြန်ပြီ " ဟု ‌တာချီလိတ်မြို့ရှိဒေသခံတစ်ဦးက ပြောသည်။

 

▪️ ထို့အပြင် တာချီလိတ် - ကျိုင်းတုံသွားလမ်းပေါ် တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းရှိ မယ်ဟုတ်ချောင်းတွင်လည်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်နေရာ အနိမ့်ပိုင်းအိမ်ခြေများတွင် ရေဝင်နစ်မြုပ်နေကြောင်း သိရသည်။

 

#YMG/NN #Yangon_Times